အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

(၁၂) ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာမသန်စွမ်းအားကစားအဖွဲ့ထွက်ခွာ

Loading

(၁၂) ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာမသန်စွမ်းအားကစားအဖွဲ့ထွက်ခွာ ရန်ကုန်၊ မေလ (၃၁)ရက် ။ ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တွင် ဇွန်( ၃ )ရက်မှ ( ၉ )ရက်ထိ ကျင်းပမည့် (၁၂)ကြိမ်မြောက်အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ၀င်‌ရောက်ယှဉ်ပြိုင်ရန် မြန်မာမသန်စွမ်းအားကစားအဖွဲ့သည် ယ‌နေ့မွန်းလွဲ (၁၂)နာရီ (၄၀)မိနစ်က ရန်ကုန်မြို့မှ မြန်မာအမျိုးသားလေကြောင်းလိုင်း (စင်းလုံးငှား)လေယာဉ်အမှတ် UB-7011 ဖြင့် ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာသွားရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိပုဂ္ဂိုလ်တို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ‌ […]

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ မေလ (၂၉)ရက် ။ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့တင်းနစ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွှယ်၍ “ ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ’’ ကို ယမန်နေ့ ညနေ(၄)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူတင်းနစ်ကွင်း၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ် ဥက္ကဌ ဦးမျိုးသူရနှင့် တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒိုင်လူကြီးများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမား များတက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးမျိုးသိန်းထွေး မှ […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) ကြောင့် ရခိုင်ပြည်နယ်အတွင်း အားကစားကွင်း/အားကစားရုံ ပျက်စီးမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများသို့ ဆန်၊ ဆီနှင့် ထောက်ပံ့ငွေပေးအပ်

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) ကြောင့် ရခိုင်ပြည်နယ်အတွင်း အားကစားကွင်း/အားကစားရုံ ပျက်စီးမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများသို့ ဆန်၊ ဆီနှင့် ထောက်ပံ့ငွေပေးအပ် စစ်တွေ၊ မေ(၂၇)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိသူများနှင့်အတူ မေလ(၂၆)ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ရောက်ရှိပြီး ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)ကြောင့် စစ်တွေမြို့ရှိ အားကစားကွင်း၊ အားကစားရုံများ ပျက်စီးဆုံးရှုံးမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ (စစ်တွေ)သို့ရောက်ရှိပြီး နှစ်ထပ်ကျောင်းအုပ်ချုပ်မှုရုံး၊ နှစ်ထပ်စာသင်ဆောင်၊ သုံးထပ်သင်တန်းသား/ သင်တန်းသူအိပ်ဆောင်များ၊ ထမင်းစားဆောင်၊ အားကစားလေ့ကျင့်ရေးရုံများ၊ ဝန်ထမ်းအိမ်ရာများ ပျက်စီးမှုများကိုလိုက်လံကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ထမင်းစားဆောင်တွင် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးများကို ပြင်ဆင်နိုင်ရန်နှင့် ဝန်ထမ်းများကို အားပေးနိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ပြင်ဆင်မှုများကို မိုးမကျမီ ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေအရ […]

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ ဆက်လက်ကျင်းပ

Loading

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ ဆက်လက်ကျင်းပ ရန်ကုန်၊ မေလ (၂၅)ရက် ။ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ သိမ်ဖြူတင်းနစ်ကွင်း၌ ဆက်လက်ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဒိုင်လူကြီးများ၊ တင်းနစ် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးကြသည်။ ယနေ့နံနက်(၈)နာရီမှစ၍ အမျိုးသားအသင်းလိုက် ပြိုင်ပွဲများတွင် ရန်ကုန်တိုင်းဒေသကြီး အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ( ၂ : ၀ ) ဖြင့်လည်းကောင်း ၊ ဧရာဝတီတိုင်းဒေသကြီးအသင်း က တနင်္သာရီ တိုင်းဒေသကြီး အသင်းကို ( ၂:၁ ) ဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အသင်းက ချင်းပြည်နယ် အသင်းကို […]

အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)မှ အုပ်ချုပ်/နည်းပြများ တွေ့ဆုံညှိနှိုင်း အစည်းအဝေးကျင်းပ

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)မှ အုပ်ချုပ်/နည်းပြများ တွေ့ဆုံညှိနှိုင်း အစည်းအဝေးကျင်းပ နေပြည်တော်၊ မေ(၂၄)။ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်လူငယ်အားကစား လေ့ကျင့်ရေးစခန်း(Youth Camp)မှ အုပ်ချုပ်/နည်းပြများ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အုပ်ချုပ်/နည်းပြများအနေဖြင့် နေထိုင်၊ သွားလာ၊ စားသောက်၊ လေ့ကျင့်မှုကိစ္စရပ်များနှင့် ပတ်သက်၍ အခက်အခဲများနှင့်လိုအပ်ချက်များရှိပါက တာဝန်ခံ ညွှန်ကြားရေးမှူးမှတဆင့် တင်ပြနိုင်ကြောင်း၊ အားကစားနည်းအလိုက် တိုးတက်ပြောင်းလဲ နေသည့် နည်းစနစ်များ၊ နည်းဥပဒေနှင့် စည်းမျဉ်း/စည်းကမ်းများကို အမြဲတမ်းသိရှိအောင် လေ့လာ ဆည်းပူးမှတ်သားနေရန်လိုကြောင်း၊ မိမိအားကစားသမားများကို ပြန်လည်သင်ကြားပို့ချ လေ့ကျင့် ပေးသွားရန်လိုကြောင်း၊ နည်းပြများအနေဖြင့် မိမိတို့၏ […]

၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ ဆက်လက်ကျင်းပ ရန်ကုန်၊ မေလ (၂၄)ရက်။ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲကို ယနေ့ နံနက်(၈)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ သိမ်ဖြူတင်းနစ်ကွင်း၌ ဆက်လက်ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဒိုင်လူကြီးများ၊ တင်းနစ်အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးကြသည်။ ယနေ့ နံနက်(၈)နာရီမှစ၍ အမျိုးသားအသင်းလိုက်ပြိုင်ပွဲများတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ( ၃ : ၀ )ဖြင့်လည်းကောင်း ၊ နေပြည်တော်အသင်းက မွန်ပြည်နယ်အသင်းကို (၂:၁)ဖြင့်လည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီးက ကရင်ပြည်နယ်အသင်းကို(၂ : ၁)ဖြင့်လည်းကောင်း ၊ ပဲခူးတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ( ၃: ၀)ဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို […]

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ ဆက်လက်ကျင်းပ ရန်ကုန်၊ မေလ (၂၃)ရက် ။ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့တင်းနစ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွှယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲကို ယနေ့ နံနက်(၈)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ သိမ်ဖြူတင်းနစ်ကွင်း၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဒိုင်လူကြီးများ၊ တင်းနစ်အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးကြသည်။ ယနေ့နံနက်(၈)နာရီမှစ၍ အမျိုးသားအသင်းလိုက် ပြိုင်ပွဲများတွင် ကချင်ပြည်နယ် အသင်း (၃:၀) ရှမ်းပြည်နယ်အသင်း ၊ ရန်ကုန်တိုင်းဒေသကြီး အသင်း(၃:၀) တနင်္သာရီ တိုင်းဒေသကြီး အသင်း ၊ မွန်ပြည်နယ် အသင်း(၀:၃) ပဲခူးတိုင်းဒေသကြီးအသင်း၊ ကရင်ပြည်နယ်အသင်း(၃:၀) ကယားပြည်နယ်အသင်း […]

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ မေလ (၂၂)ရက် ။ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရန်နှင့် မြန်မာ့တင်းနစ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ “၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား’’ကို ယနေ့ နံနက်(၉)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူတင်းနစ်ကွင်း၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒိုင်လူကြီးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ တင်းနစ်အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေပြီး တင်းနစ်အားကစားနည်းကို နိုင်ငံအနှံ့ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားကစားကြစေခြင်းဖြင့် တင်းနစ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ […]

၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်အလိုက် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်အလိုက် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ တောင်ကြီး၊ မေလ(၁၈)ရက်။ ၂၀၂၃ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်အလိုက်အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို မေ(၁၈)ညနေ(၃)နာရီခွဲက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ကျင်းပသည်။ ဆုချီးမြှင့်ပွဲတွင် နောက်ဆုံးဗိုလ်လုပွဲအဖြစ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအသင်းတို့ယှဉ်ပြိုင်ကစားနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းမှ အနိုင်ရရှိကြောင်းသိရသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာပူးတွဲတတိယဆုရရှိသော တောင်ကြီးခရိုင်အသင်းနှင့် တာချီလိတ်အသင်းတို့ကို တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကျပ်(၅)သိန်းကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့ကဆုများချီးမြှင့်ပေး၍လည်းကောင်း၊ ဒုတိယဆုရရှိသောဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းအားတစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကျပ်(၈)သိန်းတို့ကို ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်သယံဇတရေးရာဝန်ကြီးတို့က ဆုချီးမြှင့်ပေးကြကြောင်းသိရသည်။ ထို့နောက် အကောင်းဆုံးဆုရအားကစားသမားများအား ဆုချီးမြှင့်ရာအကောင်းဆုံးဂိုးသမားဆု၊ နောက်တန်းအကောင်းဆုံးဆု၊အလယ်တန်းအကောင်းဆုံးဆု၊ရှေ့တန်းအကောင်းဆုံးဆု၊ အကောင်းဆုံးအားကစားသမားဆုရရှိသူများအား ဆုတံဆိပ်နှင့်ငွေသားကျပ်တစ်သိန်းစီကို ပြည်နယ်လုံခြုံရေးရာနှင့် […]

မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်အတူ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အားကစားသမားများ ပြန်လည်ရောက်ရှိကြိုဆို

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်အတူ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အားကစားသမားများ ပြန်လည်ရောက်ရှိကြိုဆို ရန်ကုန်၊ မေလ(၁၈)ရက်။ ၂၀၂၃ ခုနှစ်၊ မေလ (၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားအဖွဲ့သည် ယနေ့ညနေ(၅)နာရီခွဲ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေယာဉ်အမှတ် UB-7024 မြန်မာအမျိုးသား လေကြောင်းလိုင်း စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် များမှ ဥက္ကဌများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၏ မိဘဆွေမျိုးများ၊ မိဘပြည်သူများက အိုးစည်၊ ဒိုးပတ်များ၊ ပန်းစည်းများဖြင့် သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့ပါသည်။ အဆိုပါ ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့တွင် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်ခဲ့သည့် […]