၂၀၂၃ခုနှစ်၊ Fitness Dance ရက်တို ဆင့်ပွားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
နေပြည်တော်၊ နိုဝင်ဘာ (၂)။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်စေရန်အတွက် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရေးနှင့် ဒီဇင်ဘာလူထုစုပေါင်းလမ်းလျှောက်ပွဲများတွင် စနစ်တကျ သရုပ်ပြသနိုင်ရေးတို့ကို ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီခွဲတွင် အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ၌ ၂၀၂၃ခုနှစ်၊ Fitness Dance ရက်တို ဆင့်ပွားသင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ ညွှန်ကြားရေးမှူး ဦးထွန်းသန့်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် သင်တန်းသား/ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး အတွဲ(၁/၂/၃)နှင့် Fitness Dance သီချင်းများ ကို သင်ကြားပို့ချခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနအောက်ရှိ ဌာနခွဲအသီးသီးမှ သင်တန်းသား/ သင်တန်းသူ(၁၄)ဦး တက်ရောက်ခဲ့သည်။ Fitness Dance ရက်တိုဆင့်ပွားသင်တန်းအား အားကစားနှင့် ပညာရေးပေါင်းစပ်ဌာနခွဲ၌ အောက်တိုဘာလ(၂၅)ရက်နေ့မှ နိုဝင်ဘာလ(၂)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ကြောင်းသိရသည်။


