အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်ကြီး၊ နိုဝင်ဘာ ၂ ရက်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၀၈း၀၀)နာရီအချိန်၌ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ပြည်နယ်ဝန်ကြီးများ၏ ဇနီးများ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ၊ ဒုတိယညွှန်ကြားရေးမှူးများ ၊ လက်ထောက်ညွှန်ကြားရေးမှူးများ ၊ မြို့နယ်အလိုက်အားကစားမှူးများနှင့် တာဝန်ခံနည်းပြ/အုပ်ချုပ်အဖွဲ့ဝင်များ ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ပိုက်ကျော်ခြင်းအားကစားဝါသနာရှင်များတက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲကို ကျင်းပပေးရခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့ ရှမ်းပြည်နယ်အတွင်း ပိုက်ကျော်ခြင်းအားကစားနည်း ပိုမိုတိုးတက်လာစေရေး ၊ ယခုအခါ ပိုက်ကျော်ခြင်းအားကစားနည်းသည် အရှေ့တောင်အာရှတွင်သာမက အာရှအဆင့်ထိတက်လှမ်းနိုင်ခဲ့ပြီး အားကစားမောင်မယ်များအနေဖြင့် အတုယူလေးစားအားကျစေပြီး အားကစားဖြင့်နိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်နိုင်စေရေးနှင့် ပြိုင်ပွဲဝင်အားကစားသမားများ ဒေသန္တရ ဗဟုသုတရရှိစေရေးနှင့် အချင်းချင်းပိုမိုချစ်ကြည်ရင်းနှီးမှုရရှိလာစေရေး၊ ယဥ်ကျေးမှုဓလေ့ထုံးစံများ အပြန်အလှန်ရရှိစေရေး ၊ အားကစားသမားများ အားကစားကိုချစ်မြတ်နိုးမှုရရှိစေရေးတို့ကို ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း အစရှိသည်တို့ကိုပြောကြားသွားကာ ပြိုင်ပွဲသို့ပါဝင်ယှဥ်ပြိုင်ကြသော အသင်းများအား လိုက်လံနှုတ်ဆက်ကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ အ.ထ.က(၁) ဘင်ခရာအဖွဲ့ကို ဂုဏ်ပြုချီးမြှင့်ငွေအား ပေးအပ်ချီးမြှင့်ခဲ့ပြီး ယှဉ်ပြိုင်ကစားနေမှုများကိုကြည့်ရှု့အားပေးခဲ့ကြောင်းသိရှိခဲ့ရကာ အဆိုပါပြိုင်ပွဲကို ၂ . ၁၁. ၂၀၂၃ ရက်နေ့မှ ၅. ၁၁. ၂၀၂၃ ရက်နေ့အထိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များမှ အမျိုးသား/အမျိုးသမီးအသင်း စုစုပေါင်း(၃၆)သင်း နှင့် ပြိုင်ပွဲဝင်အားကစားသမားစုစုပေါင်း (၂၃၂)ဦးတို့မှပါဝင် ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲသို့ ပိုက်ကျော်ခြင်းအားကစားနည်းကို စိတ်ပါဝင်စားသူ မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိခဲ့ရပါသည်။