အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အရှေ့တောင်အာရှ သက်ငယ်တန်း ကြက်တောင်ချန်ပီယံရှစ် ပြိုင်ပွဲတွင် ရွှေ(၁၁)ခု၊‌ငွေ(၄)ခု၊‌ကြေး(၂)ခုဆွတ်ခူးရရှိ

Loading

အရှေ့တောင်အာရှ သက်ငယ်တန်း ကြက်တောင်ချန်ပီယံရှစ် ပြိုင်ပွဲတွင် ရွှေ(၁၁)ခု၊‌ငွေ(၄)ခု၊‌ကြေး(၂)ခုဆွတ်ခူးရရှိ ရန်ကုန်၊ နိုဝင်ဘာ (၄ )။ ကမ္ဘောဒီးယားနိုင်ငံကအောက်တိုဘာ၃၀ ရက်မှ နိုဝင်ဘာ ၃ ရက်နေ့အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် Badminton Asia Junior Under 15 -17 (Southeast Asia) Regional Championships 2023 (Team Event) ပြိုင်ပွဲတွင်မြန်မာနိုင်ငံကြက်တောင်အသင်းသည် ကမ္ဘောဒီးယား၊ လာအို၊ ဘရူနိုင်းနှင့် အရှေ့တီမောနိုင်ငံတို့ကို ဖြတ်ကျော်၍အနိုင်ယူကာ ရွှေ(၁၁)ခု၊‌ငွေ(၄)ခု၊‌ကြေး(၂)ခုဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။ အဆိုပါပြိုင်ပွဲ၌အမျိုးသားအသက်၁၅နှစ်တစ်ဦးချင်းပြိုင်ပွဲတွင်ပထမ(ရွှေ)ညီ‌ဇေယျ၊တတိယ(ကြေး)ရဲလင်းထက်၊အမျိုးသားနှစ်‌ယောက်တွဲတွင်ပထမ(ရွှေ)ညီ‌ဇေယျ+ရဲလင်းထက်၊အမျိုးသမီးတစ်ဦးချင်းတွင်ပထမ(ရွှေ)လင်းလင်းထက်၊ဒုတိယ(ငွေ)သဒ္ဒါထက်‌ကျော်၊အမျိုးသမီးနှစ်‌ယောက်တွဲတွင်ပထမ(ရွှေ)လင်းလင်းထက်+သဒ္ဒါထက်‌ကျော်၊အမျိုးသား+အမျိုးသမီးတွင်ပထမ(ရွှေ)ညီဇေယျ+လင်းလင်းထက်၊ဒုတိယ(ငွေ)ရဲလင်းထက်+သဒ္ဒါထက်ကျော်၊တို့ရရှိခဲ့ကြသည်။ထို့ပြင်အသက်၁၇နှစ် အမျိုးသားတစ်ဦးချင်းတွင်ပထမ(ရွှေ)ဉာဏ်ရှိန်လင်း၊ဒုတိယ(ငွေ)ဘုန်းထက်‌ကျော်၊အမျိူသားနှစ်‌ယောက်တွဲတွင်ပထမ(ရွှေ)ဉာဏ်ရှိန်လင်း+ဘုန်းထက်‌ေကျာ်၊အမျိုးသမီးတစ်ဦးချင်းတွင်ပထမ(ရွှေ)အိမ့်ချစ်ဖူး၊ဒုတိယ(ငွေ)ယွန်းလဲ့အိမ်၊နှစ်ယောက်တွဲတွင်တတိယ(ကြေး)အိမ့်ချစ်ဖူး+ယွန်းလဲ့အိမ်၊အမျိုးသား+အမျိုးသမီးပြိုင်ပွဲတွင်ပထမ(ရွှေ)ဘုန်းထက်ဇော်+အိမ့်ချစ်ဖူး၊အသင်းလိုက်ပြိုင်ပွဲအသက်၁၅နှစ်တွင်ပထမ(ရွှေ)၊အသင်းလိုက်အသက်၁၇နှစ်တွင်ပထမ(‌ရွှေ)အသီးသီးဆွတ်ခူးရရှိခဲ့ကြ‌ကြောင်းသိရသည်။ အဆိုပါမြန်မာကြက်တောင်အားကစားအဖွဲ့တွင်အဖွဲ့‌ခေါင်းဆောင်မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်အမှု‌ဆောင်ဦးရဲမြင့်၊အုပ်ချုပ်၊နည်းပြ၊အားကစားသများသည်ယ‌နေ့ညပိုင်းကရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာရာမြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ဥက္ကဌဦးအောင်ပိုင်နှင့်အမှုဆောင်များ၊အားကစားသမားများ၏မိဘ၊ဆွေမျိုးများကြိုဆိုခဲ့ကြကြောင်းသိရသည်။

၂၀၂၃ခုနှစ်၊ Fitness Dance ရက်တို ဆင့်ပွားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

Loading

၂၀၂၃ခုနှစ်၊ Fitness Dance ရက်တို ဆင့်ပွားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ နိုဝင်ဘာ (၂)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်စေရန်အတွက် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရေးနှင့် ဒီဇင်ဘာလူထုစုပေါင်းလမ်းလျှောက်ပွဲများတွင် စနစ်တကျ သရုပ်ပြသနိုင်ရေးတို့ကို ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီခွဲတွင် အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ၌ ၂၀၂၃ခုနှစ်၊ Fitness Dance ရက်တို ဆင့်ပွားသင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပခဲ့သည်။ အခမ်းအနားတွင် အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ ညွှန်ကြားရေးမှူး ဦးထွန်းသန့်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် သင်တန်းသား/ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ အဆိုပါ သင်တန်းတွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး အတွဲ(၁/၂/၃)နှင့် Fitness Dance သီချင်းများ ကို သင်ကြားပို့ချခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနအောက်ရှိ ဌာနခွဲအသီးသီးမှ သင်တန်းသား/ သင်တန်းသူ(၁၄)ဦး […]

အာဆီယံ/ နိုင်ငံတကာ အစည်းအဝေးများ၊ စကားဝိုင်းများနှင့်‌ တွေ့ဆုံဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ် (၂)ဦးမှ အတွေ့အကြုံများအား ရှင်းလင်းမျှဝေခြင်း အခမ်းအနားကျင်းပ

Loading

အာဆီယံ/ နိုင်ငံတကာ အစည်းအဝေးများ၊ စကားဝိုင်းများနှင့်‌ တွေ့ဆုံဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ် (၂)ဦးမှ အတွေ့အကြုံများအား ရှင်းလင်းမျှဝေခြင်း အခမ်းအနားကျင်းပ နေပြည်တော်၊ နိုဝင်ဘာ (၂)။ အာဆီယံနှင့်နိုင်ငံတကာ အစည်းအဝေးများ၊ စကားဝိုင်းပွဲများသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်များ၏ အတွေ့အကြုံ ရှင်းလင်းမျှဝေခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ(၁၃:၀၀) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က လမ်းညွှန်အမှာစကား ပြောကြားရာတွင် မိမိတို့လူငယ်ရေးရာဦးစီးဌာနသည် ဌာနသစ်ဖြစ်ပြီး တည်ဆောက်ဆဲကာလ ဖြစ်သည့်အတွက် မျိုးဆက်သစ်လူငယ်များ၏ အခန်းကဏ္ဍသည်အလွန်အရေးကြီးပြီး အထူးကြိုးစား ကြရန်တိုက်တွန်းလိုပါကြောင်း၊ ဝန်ထမ်းလူငယ်များအနေဖြင့် မိမိတို့ရဲ့အရည် အချင်းများကို မြှင့်တင်နိုင်ရေး စဉ်ဆက်မပြတ် လေ့လာကြိုးပမ်း အားထုတ်စေလိုပါကြောင်း၊ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Nong Rong ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Nong Rong ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ ရန်ကုန်၊ နိုဝင်ဘာလ(၂)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Nong Rong ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ နေ့လယ် (၃)နာရီခွဲ အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစားပြိုင်ဝင်း အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အောင်ဆန်းအားကစားပြိုင်ဝင်း၏ လက်ရှိ အခြေအနေကို အထူးတန်း ပွဲကြည့်စင်ပေါ်မှ ရှင်းလင်းပြသခဲ့သည်။ ယင်းနောက် အစည်းအဝေးခန်းမတွင် ပြည်ထောင်စုဝန်ကြီးမှ နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီးနောက် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် […]

၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီး၊ နိုဝင်ဘာ ၂ ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၀၈း၀၀)နာရီအချိန်၌ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ပြည်နယ်ဝန်ကြီးများ၏ ဇနီးများ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ၊ ဒုတိယညွှန်ကြားရေးမှူးများ ၊ လက်ထောက်ညွှန်ကြားရေးမှူးများ ၊ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်းအတွင်းရှိ အားကစားအိပ်ဆောင်နှင့် ပွဲကြည့်စင်များတည်ဆောက်ပြီးစီးမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်းအတွင်းရှိ အားကစားအိပ်ဆောင်နှင့် ပွဲကြည့်စင်များတည်ဆောက်ပြီးစီးမှုအား သွားရောက်ကြည့်ရှုစစ်ဆေး ရန်ကုန်၊ နိုဝင်ဘာလ(၁)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နေ့လယ် (၂)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်းသို့ ရောက်ရှိလာ၍ ပဒေသာအားကစားကွင်း(၄)ထပ်အားကစားသမားအိပ်ဆောင်နှင့် အားကစားနည်းအလိုက် လေ့ကျင့်ရေးစခန်း တည်ဆောက်ထားမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး မြန်မာ့လက်ရွေးစင် ပြေးခုန်ပစ်အားကစားလေ့ကျင့်ရေးစခန်း ဖွင့်လှစ်နိုင်မည့်အခြေအနေများနှင့် အားကစားသမားများ ထားရှိမည့် အိပ်ဆောင် ၊ လေ့ကျင့်နိုင်မှုအခြေအနေ ၊ ထမင်းစားဆောင်၊ မီးဖိုဆောင်သစ် တည်ဆောက်နိုင်ရေးတို့အား ကြည့်ရှုစစ်ဆေးပြီး လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပရိသတ် (၁၂၀၀)ဆံ့ အရှေ့ဘက်ပွဲကြည့်စင် တည်ဆောက်ပြီးစီးမှုအခြေအနေနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ ပဒေသာအားကစားကွင်းအတွင်းရှိ အားကစားရုံကြမ်းခင်း […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဂျူဒို KURASH ဒိုင်သင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဂျူဒို KURASH ဒိုင်သင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၃၁)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဂျူဒို KURASH ဒိုင်သင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ Thailand KURASH Association မှ PRESIDENT Mr.PULASK နှင့် အဖွဲ့ဝင် Mr.Kriangkrai ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက မြန်မာ […]

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲများ ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲများ ဆက်လက်ကျင်းပ နေပြည်တော်၊ အောက်တိုဘာ (၃၁)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့ ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲ  ပွဲစဉ်များအဖြစ် ကချင်ပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို  ယှဉ်ပြိုင်ကစားခဲ့ကြရာ ကချင်ပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ရှမ်းပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို(၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့  ယှဉ်ပြိုင်ကစားခဲ့ကြရာ မန္တလေးတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် မွန်ပြည်နယ်အသင်းတို ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြည်ထောင်စုနယ်မြေ […]

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ ဆက်လက်ကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၃၀)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။ ယနေ့ ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မန္တလေးတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ရခိုင်ပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၃)ပွဲပြတ်ဖြင့် လည်းကောင်း၊ […]

(၄)ကြိမ်မြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲမှ မြန်မာနိုင်ငံ မသန်စွမ်းသူများအားကစားအဖွဲ့ပြန်လည်ရောက်ရှိ

Loading

(၄)ကြိမ်မြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲမှ မြန်မာနိုင်ငံ မသန်စွမ်းသူများအားကစားအဖွဲ့ပြန်လည်ရောက်ရှိ ရန်ကုန်၊ အောက်တိုဘာ(၃၀)။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၂၂)ရက်မှ (၂၈)ရက်နေ့ထိ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Hangzhou မြို့၌ ကျင်းပခဲ့သည့် (၄)ကြိမ်မြောက်အာရှ မသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ကြေးတံဆိပ်သုံးခု ဆွတ်ခူးရရှိပြီးယ‌နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့သို့ မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး၊ အတွင်း‌ရေးမှူး၊ နည်းပြ၊အုပ်ချုပ်သူနှင့် အားကစားသမားများ ပြန်လည်‌ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးလူမှုရေး၀န်ကြီး ဦးအောင်၀င်းသိန်း၊အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေ၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်မှတာ၀န်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား၊ကျောင်းသူများကြိုဆိုကြသည်။ အဆိုပါ ပြိုင်ပွဲ၌ မြန်မာကစားသမားစိုးပေသည် အမျိုးသားမီတာ(၂၀၀)အပြေးပြိုင်ပွဲ (ဆေးအဆင့်T64)နှင့် အမျိုးသားမီတာ (၁၀၀) အပြေးပြိုင်ပွဲ (ဆေးအဆင့်T64)တွင် ကြေးတံဆိပ်တစ်ခုစီ၊ အမျိုးသမီးမီတာ(၁၀၀) အပြေးပြိုင်ပွဲ (ဆေးအဆင့်T64)တွင် လော်လာဝင်း တို့က တတိယကြေးတံဆိပ်ဆွတ်ခူးရရှိခဲ့ကြ‌ကြောင်းသိရသည်။