အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ(၂၄)။

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဘိလိယက်နှင့်စနူကာအားကစားပြိုင်ပွဲရုံ၌ ကျင်းပခဲ့သည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် Billiards Single ပြိုင်ပွဲ၊ Pool(Men/Women) ပြိုင်ပွဲ၊ 6 Red Snooker Single ပြိုင်ပွဲ ပွဲစဉ်များကို အသီးသီး ယှဉ်ပြိုင်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ(၂၅)ရက်နေ့ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ပွဲစဉ်များအဖြစ် 6 Red Snooker ပြိုင်ပွဲ၊ 9 Ball Pool 9 Men 9 ပြိုင်ပွဲ၊ Billiards Single ပြိုင်ပွဲ၊ 9 Ball Women S ပြိုင်ပွဲ၊ 9 Ball Pool S M ပြိုင်ပွဲ ပွဲစဉ် များကို ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။