၂၀၂၃ ခုနှစ် ၊ မြို့နယ်အလိုက် အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲ လူရွေးချယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ် ၊ မြို့နယ်အလိုက် အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲ လူရွေးချယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ တောင်ကြီး၊ စက်တင်ဘာ ၁၂။ မြန်မာ့လက်ဝှေ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများပေါ်ထွက်လာစေရေးတို့ကိုရည်ရွယ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲကို (၂၆.၉.၂၀၂၃)ရက်နေ့မှ (၃.၁၀.၂၀၂၃)ရက်နေ့ထိ နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲသို့ ရှမ်းပြည်နယ်ကိုယ်စားပြုအသင်းမှ ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုရရှိနိုင်ရေးတို့အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ မြို့နယ်အလိုက် အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲ လူရွေးချယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ၁၂.၉.၂၀၂၃ ရက်နေ့ ညနေ(၁၄း၃၀) နာရီအချိန်တွင် ပြည်နယ်လက်ဝှေ့အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ တောင်ကြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ ကျင်းပ

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ ကျင်းပ နေပြည်တော်၊ စက်တင်ဘာလ(၁၂)ရက်။ အလေးမအားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ စတင်ကျင်းပခဲ့သည်။ ယနေ့ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ ပထမနေ့ ပြိုင်ပွဲပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး ဝိတ်တန်းအလိုက်ပြိုင်ပွဲများအား ယှဉ်ပြိုင်ကစားခဲ့ကြရာ အမျိုးသမီး(၄၅)ကီလိုတန်းပြိုင်ပွဲတွင် မယဉ်ယဉ်ထွေး(ပဲခူး)က ပထမ၊ မချိုဇင်မြင့်(မကွေး)က ဒုတိယ၊ မခိုင်သဇင်အောင်(ဧရာဝတီ)က တတိယနှင့် အမျိုးသား(၅၅)ကီလိုပြိုင်ပွဲတွင် မောင်ထက်အာကာဖြိုး (မကွေး)က ပထမ၊ မောင်ပြည့်စုံဦး(ဧရာဝတီ)က ဒုတိယနှင့် မောင်မျိုးမင်းထက်(ဧရာဝတီ)က တတိယ အသီးသီးရရှိခဲ့ကြပြီး မောင်ထက်အာကာဖြိုး(မကွေး)သည် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲသတ်မှတ်စံချိန် (၉၅)ကီလိုကို (၉၆)ကီလိုဖြင့် အမြန်မစံချိန်သစ် တင်နိုင်ခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး […]
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ ပဲခူးတက္ကသိုလ်၊ စုဝေးခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ ပဲခူးတက္ကသိုလ်၊ စုဝေးခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ် ပဲခူး၊ စက်တင်ဘာလ(၁၁)ရက်။ ပဲခူးတက္ကသိုလ်၊ စုဝေးခန်းမ၌ စက်တင်ဘာလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော လူငယ်စကားဝိုင်း ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံ၏ အနာဂတ်ကို ဆက်လက်တာဝန်ယူသွားမည့် လူငယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးစေရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး လူငယ်များကလည်း အသိပညာဗဟုသုတပြည့်စုံစေရန်၊ အမှား/အမှန် ကောင်းကျိုးဆိုးပြစ်များကို ဝေဖန်ပိုင်းခြားနိုင်ရန်နှင့် နောင်တစ်ချိန် နိုင်ငံ့တာဝန်များကို ထမ်းဆောင်သည့်အခါ ရဲရင့်ယုံကြည်စွာဖြင့် အများအကျိုးသယ်ပိုးထမ်းဆောင်နိုင်သော တိုင်းပြည်ကအားထားရသော သားကောင်းသမီးမွန်များဖြစ်စေရန် ကြိုးစားကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။ ၎င်းနောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က “တိုင်းပြည်အနာဂတ်အတွက် လူငယ်များ၏ အရေးပါမှုအခန်းကဏ္ဍ”နှင့်ပတ်သက်၍ ဆွေးနွေးဟောပြောခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးမည့် […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ စက်တင်ဘာ(၁၁)။ အလေးမအားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ (Gold Medal Hall)၌ ကျင်းပသည်။ အစည်းအဝေး၌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ အလေးမအားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ ယခုပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတကာအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ထူးချွန်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ပြည်နယ်နှင့်တိုင်း ဒေသကြီးအားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ ယခုနှစ်ပြိုင်ပွဲတွင် ကယားပြည်နယ်အသင်းနှင့် ချင်းပြည်နယ်အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိပါကြောင်း၊ အလေးမအားကစားနည်းသည် ရွှေတံဆိပ်ဆုရရှိသည့် အားကစားနည်းတစ်ခုဖြစ်ပြီး အိုလံပစ်အားကစားနည်းတွင်ပါဝင်သည့် အားကစားနည်းတစ်ခုလည်းဖြစ်ပါကြောင်း၊ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာ့လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင် အားကစားအဖွဲ့များအား တွေ့ဆုံအမှာစကားပြောကြား

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာ့လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင် အားကစားအဖွဲ့များအား တွေ့ဆုံအမှာစကားပြောကြား နေပြည်တော်၊ စက်တင်ဘာ(၈)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင်အားကစားအဖွဲ့များအား တွေ့ဆုံအမှာစကားပြောကြားသည့် အခမ်းအနားအား ယနေ့ နံနက် (၉)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အားကစားအဖွဲ့များအား တွေ့ဆုံအမှာစကားပြောကြားရာတွင် 32nd SEA Games ပြိုင်ပွဲအပြီး 33rd SEA Games ပြိုင်ပွဲကျင်းပရန် လိုနေသေးသည့် အချိန်ကာလတွင် အားကစားနည်းအလိုက် အသင်းအုပ်ချုပ်သူများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်မှု အနည်းငယ် လျော့နည်းလာသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အားကစားနည်း အောင်မြင်မှုရရှိစေရေးအတွက် အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ အချင်းချင်းပူးပေါင်း ဆောင်ရွက်သွားရန်လိုကြောင်း၊ အားကစားဖြင့် […]
(၅၅)ကြိမ်မြောက်အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင်အောင်ပွဲရ မြန်မာ့ကာယဗလအားကစားအဖွဲ့အား ရန်ကုန်လေဆိပ်၌ ပြည်သူများသောင်းသောင်းဖျဖျကြိုဆို

(၅၅)ကြိမ်မြောက်အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင်အောင်ပွဲရ မြန်မာ့ကာယဗလအားကစားအဖွဲ့အား ရန်ကုန်လေဆိပ်၌ ပြည်သူများသောင်းသောင်းဖျဖျကြိုဆို ရန်ကုန်၊ စက်တင်ဘာလ (၈) ရက်။ နီပေါနိုင်ငံ ခတ္တမန္ဒူ မြို့၌ စက်တင်ဘာ(၁)ရက်နေ့မှ (၇) ရက်နေ့အထိကျင်းပပြီးစီးခဲ့သည့် (၅၅)ကြိမ်မြောက် အာရှကာယဗလ နှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော မြန်မာနိုင်ငံ ကာယဗလနှင့်ကာယကြံခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဌ (ဒုတိယမြို့တော်ဝန်)ဦးညီညီ ဦးဆောင်၍ အုပ်ချုပ်သူတစ်ဦး ဒိုင်နှစ်ဦး နည်းပြနှစ်ဦးနှင့်အားကစားသမား(၁၀)ဦး ပါဝင်သော အောင်ပွဲရ မြန်မာ့ကာယဗလအားကစားအဖွဲ့သည် ယနေ့နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင် ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှုး ဦးညွန့်ဖေနှင့်ကော်မတီဝင် များ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးညွှန်ကြားရေးမှု ဦးအောင်နိုင်ဆွေနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံခိုင်မှု အားကစားအဖွဲ့ချုပ်မှတာဝန်ရှိသူများ အား/ကာသိပ္ပံ(ရန်ကုန်) ကျောင်းမှကျောင်းသား/ကျောင်းသူများ မိဘဆွေမျိုးမိတ်သဂ်ဟများပြည်သူများက အိုးစည်ဒိုးပတ်အကများဖြင့် သောင်းသောင်းဖျဖျကြိုဆိုကြသည်။ အဆိုပါ အောင်ပွဲရမြန်မာ့ကာယဗလအားကစားအဖွဲ့တွင် Men’s […]
အာဆီယံစေတနာ့ဝန်ထမ်းများအစီအစဉ်တွင် ပါဝင်ဆောင်ရွက်ကြမည့် လူငယ်ကိုယ်စားလှယ်များအား အစီအစဉ်နှင့် ပတ်သက်၍ အကြိုရှင်းလင်းခြင်း အခမ်းအနားကျင်းပ

အာဆီယံစေတနာ့ဝန်ထမ်းများအစီအစဉ်တွင် ပါဝင်ဆောင်ရွက်ကြမည့် လူငယ်ကိုယ်စားလှယ်များအား အစီအစဉ်နှင့် ပတ်သက်၍ အကြိုရှင်းလင်းခြင်းအခမ်းအနားကျင်းပ နေပြည်တော်၊ စက်တင်ဘာ(၈)။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့တွင် အာဆီယံစေတနာ့ဝန်ထမ်းများ အစီအစဉ်တွင် ပါဝင်ဆောင်ရွက်မည့် လူငယ်ကိုယ်စားလှယ်များအား အစီအစဉ်နှင့်ပတ်သက်၍ အကြိုရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) အချိန်တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းနှင့် တာဝန်ရှိသူများ၊ အာဆီယံစေတနာ့ဝန်ထမ်းများ အစီအစဉ်တွင် ပါဝင်ဆောင်ရွက်ကြမည့် လူငယ်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ ဦးစွာ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့ဦးစီးဌာနအနေဖြင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံ/နိုင်ငံတကာ လူငယ်အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ မြန်မာလူငယ်များကို အာဆီယံ/နိုင်ငံတကာ အသိုက်အဝန်းအတွင်း ပူးပေါင်းပါဝင်ခွင့်တွေရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ “အာဆီယံ စေတနာ့ဝန်ထမ်းများ အစီအစဉ်”သည် အာဆီယံဒေသအတွင်းမှာရှိတဲ့ လူငယ်များရဲ့ […]
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ ရန်ကုန်၊ စက်တင်ဘာ ၈။ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို (၈.၉.၂၀၂၃)ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ရှိ ISH အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အမှာစကားပြောကြားပြီးနောက် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းမှ ဘော်လီဘောလက်ရွေးစင်ဟောင်း ဦးစိုးသိန်းက အားကစားနှင့်လူငယ်ဘဝမြှင့်တင် ခေါင်းစဥ်ဖြင့် ဟောပြောခဲ့ရာ ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းရီက ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြရာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းရီနှင့် ဒေါက်တာချောချောစိန်တို့က လက်ခံရယူခဲ့ကြပြီးဒုတိယ ပါမောက္ခချုပ် ဒေါက်တာမင်းမင်းရီမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာ့သိုင်းအားကစားအဖွဲ့၊ တိုက်ကွမ်ဒိုအားကစားအဖွဲ့နှင့် […]
ရန်ကုန်တက္ကသိုလ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တက္ကသိုလ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ ရန်ကုန်၊ စက်တင်ဘာ ၇။ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ်ရှိ အပန်းဖြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အမှာစကားပြောကြားပြီးနောက် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းမှ ဘောလုံးလက်ရွေးစင်ဟောင်း ဦးတင်အောင်(ဂိုး)က အားကစားနှင့်လူငယ်ဘဝမြှင့်တင် ခေါင်းစဥ်ဖြင့် ဟောပြောခဲ့ကြသည်။ ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြရာ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်တို့က လက်ခံရယူခဲ့ကြပြီး ပါမောက္ခချုပ်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာ့သိုင်းအားကစားအဖွဲ့၊ ကရာတေးဒိုအားကစားအဖွဲ့နှင့်အေရိုးဗစ်အားကစားအဖွဲ့တို့မှ အားကစားသရုပ်ပြသခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌနှင့် ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်တို့မှ သရုပ်ပြအားကစားအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ တောင်ကြီး၊ စက်တင်ဘာ(၇)ရက်။ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို စက်တင်ဘာ(၇)ရက် မွန်းလွဲ(၂)နာရီခွဲက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲတွင် ဒေသခံအဆိုတော်များ၊ နည်းပညာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများမှ ဗမာတိုင်းရင်းသားအကဖြင့် ဖျော်ဖြေခြင်း၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများမှ တိုင်းရင်းသားရိုးရာအကဖြင့် ဖျော်ဖြေကြပြီး နောက်ဆုံးဗိုလ်လုပွဲအဖြစ် ကရင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ သူနာပြု သင်တန်းကျောင်းမှ ဆရာမများ၊ ပညာရေးကောလိပ်မှ ကျောင်းသား၊ကျောင်းသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ ကျောင်းသား၊ ကျောင်းသူများ၊ […]