ဒုတိယဝန်ကြီး ဦးထိန်လင်း ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone အတွင်းရှိ ဌာနခွဲရုံးများနှင့် မြန်မာ့အားကစားလှုပ်ရှား မှုများပြခန်းအား ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ မတ်(၁၃)။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ယနေ့နံနက်(၁၀)နာရီ အချိန်တွင် ဌာနခွဲညွှန်ကြားရေးမှူးများလိုက်ပါ၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone အတွင်းရှိ ဌာနခွဲရုံးများနှင့် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် Social Zone အတွင်းရှိ အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ၊ စီမံကိန်းနှင့်သုတေသနဌာနခွဲနှင့် လူထုအားကစားနှင့်ပညာပေးဌာနခွဲ ရုံးခန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အမှုထမ်းအရာထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ဌာနခွဲ တာဝန်ခံညွှန်ကြားရေးမှူးများအား လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအား လေ့လာကြည့်ရှုစစ်ဆေးခဲ့ရာ ပြခန်းတာဝန်ခံ လူထုအားကစားနှင့်ပညာပေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ရှင်းလင်းတင်ပြပြီးနောက် ဒုတိယဝန်ကြီးကလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


