အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

နေပြည်တော်၊ မတ်(၁၁)ရက်။

၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များအဖြစ် အမျိုးသားအသက်(၁၂)နှစ်အထက် ဝူရှူး(ထောက်လု)နန်းချွမ်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး၊ အသက်(၂၅)နှစ်အောက် ဝူရှူး(ဆန်းဆို)ပြိုင်ပွဲနှင့် အမျိုးသမီးအသက်(၁၂)အောက် ဝူရှူး (ထောက်လု) ကျန့်စုပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီး ဦးရဲတင့်က အတွဲတိုက် အမျိုးသမီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးထင်ကျော်သူက  အတွဲတိုက်အမျိုးသားပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့်  ဂုဏ်ပြုဆုငွေများ  ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အမျိုးသားအသက်(၁၂)နှစ်အထက် ဝူရှုး(ထောက်လု)နန်းချွမ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အမျိုးသမီးအသက်(၁၂)နှစ်အောက် ဝူရှုး(ထောက်လု) ကျန့်စုပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အသက်(၂၅)နှစ်အောက် ဝူရှူး(ဆန်းဆို)အမျိုးသား ၇၀ ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က အသက် (၂၅)နှစ်အောက် ဝူရှူး(ဆန်းဆို)အမျိုးသား ၇၅ ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်က အသက်(၂၅)နှစ်အောက် ဝူရှူး (ဆန်းဆို) အမျိုးသား (၄၈)ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက အသက်(၂၅)နှစ်အောက် ဝူရှူး(ဆန်းဆို) အမျိုးသမီး (၄၅) ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က အသက် (၂၅)နှစ်အောက် ဝူရှူး(ဆန်းဆို) အမျိုးသား (၆၀)ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက အမျိုးသား/အမျိုးသမီး ဝူရှူး(ဆန်းဆို)ပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆုရရှိကြသူများကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်က အမျိုးသား/အမျိုးသမီး ဝူရှူး(ထောက်လု)ပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆုရရှိကြသူများကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့်  ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဝူရှူး(ဆန်းဆို) အမျိုးသမီးပြိုင်ပွဲတွင် ရွှေ(၂) ခု၊ ကြေး(၂)ခုဖြင့် တံခွန်စိုက်ဆုဖလားရရှိသည့် တနင်္သာရီတိုင်းဒေသကြီး အသင်းနှင့် ဝူရှူး (ဆန်းဆို) အမျိုးသားပြိုင်ပွဲတွင် ရွှေ(၃)ခု၊ ကြေး(၁)ခုဖြင့် တံခွန်စိုက်ဆုဖလားရရှိသည့်  ကရင်ပြည်နယ်အသင်းကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ပိုးရယ်အောင်သိန်းက ဝူရှူး(ထောက်လု) အမျိုးသမီးပြိုင်ပွဲတွင်  ရွှေ(၉) ခု၊  ငွေ(၁) ခု၊ ကြေး(၃) ခု ဖြင့် တံခွန်စိုက်ဆုဖလားရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ဝူရှူး (ထောက်လု)အမျိုးသားပြိုင်ပွဲတွင် ရွှေ(၇) ခု၊ ငွေ (၆) ခု၊ ကြေး (၃)ခုဖြင့်  တံခွန်စိုက်ဆုဖလားရရှိသည့်  ရန်ကုန်တိုင်းဒေသကြီးအသင်းကိုလည်းကောင်း တံခွန်စိုက်ဆုဖလားများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက ရွှေ(၁၇) ခု၊ ငွေ(၅)ခု၊ ကြေး(၁၁)ခုဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းကို တံခွန်စိုက်ဆုဖလားပေးအပ်သည်။

“၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲ”ကို မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အမျိုးသားအသင်း ၁၄ သင်းနှင့် အမျိုးသမီးအသင်း ၁၄ သင်းဖြင့် မတ် ၇  ရက် မှ ၁၁ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။