အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

စစ်ကိုင်းတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အမျိုးသားဆံသသင်တန်းနှင့် အမျိုးသမီးပွဲထိုင်မိတ်ကပ်နှင့် ဆံထုံးသင်တန်းဖွင့်ပွဲကျင်းပ

စစ်ကိုင်း၊ မတ်လ(၁၁)ရက်။

၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီနှင့်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အမျိုးသားဆံသသင်တန်းနှင့် အမျိုးသမီးပွဲထိုင်မိတ်ကပ်နှင့် ဆံထုံးသင်တန်းကို ယနေ့(၁၁.၃.၂၀၂၄)ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် တိုင်းဒေသကြီး အားကစားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနဲ့ သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

သင်တန်းကို (၁၁.၃.၂၀၂၄)ရက်နေ့မှ (၂၂.၃. ၂၀၂၄) ရက်နေ့ထိဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ်များမှသင်တန်း သား/သူများ စုစုပေါင်း ၆၄ ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းနည်းပြ ဆရာ/မ များအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၁၇)သိန်း၊ သင်တန်းသားများအတွက် စားစရိတ်ထောက်ပံ့ငွေ (၂၆)သိန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှလည်းကောင်း၊ အမျိုးသားသင်တန်းသားများအတွက် ကျပ်(၈၀၀၀၀)ဝန်းကျင်ခန့်နှင့် အမျိုးသမီးသင်တန်းသူများအတွက် ကျပ်(၁၅၀၀၀၀)ဝန်းကျင်ခန့်ရှိ သင်ထောက်ကူပစ္စည်းများကို တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ချုပ်မှ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။