မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် ‘‘လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ’’ အခမ်းအနားကျင်းပ
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် ‘‘လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ’’ အခမ်းအနားကျင်းပ ရန်ကုန်၊ ဇူလိုင်လ (၂၆)ရက် ။ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် ‘‘လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ’’ အခမ်းအနားကို ယနေ့နံနက်(၀၉:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်ရှိ ပညာနေခြည်ခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်္ဃန်းကျွန်းပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာ ငြိမ်းသီတာအောင် ၊ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း ဥက္ကဌ ဦးစိုးသိန်း၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ ဧည့်သည်တော်များနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။ ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပိုက်ကျော်ခြင်း ဒိုင်လူကြီးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပိုက်ကျော်ခြင်း ဒိုင်လူကြီးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက် နေပြည်တော်၊ ဇူလိုင် ၂၅ ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ပိုက်ကျော်ခြင်းဒိုင်လူကြီးသင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက သင်တန်း အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင်ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် သက်ဆိုင်ရာအားကစားနည်းအလိုက် ဒိုင်လူကြီးတာဝန်ထမ်းဆောင်မည့် သူများ အရည်အချင်းပြည့်မီစွာ တာဝန်ထမ်းဆောင်နိုင်စေရေးအတွက် ရည်ရွယ်၍ ယခုလိုဒိုင်လူကြီး သင်တန်းများအား ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ အားကစားပြိုင်ပွဲများတွင် ဒိုင်လူကြီးများ၏ သမာသမတ်ရှိရှိ၊ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြား
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြား ရန်ကုန်၊ ဇူလိုင်လ ၂၅ ရက်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) သင်တန်းသား/ သင်တန်းသူများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားသည့်အခမ်းအနားကို ယနေ့နံနက် (၈:၃၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းအားကစားနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားနှင့်ပညာရေး ပေါင်းစပ်သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ နည်းပြဆရာ/ဆရာမ များ၊ သင်တန်းသား/ သင်တန်းသူများတက်ရောက်ခဲ့ကြပါသည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေးသင်တန်းတွင် တက်ရောက်နေသည့် သင်တန်းသား/ […]
အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းက ဘရူနိုင်းကလပ် ကာဆူကာအသင်းကို အနိုင်ရရှိ
အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းက ဘရူနိုင်းကလပ် ကာဆူကာအသင်းကို အနိုင်ရရှိ ရန်ကုန် ၊ ဇူလိုင် ၂၄ ရက်။ ၂၀၂၄ – ၂၀၂၅ ခုနှစ် ၊ ရာသီ အာဆီယံကလပ် ချန်ပီယံရှစ် (ASEAN CLUB CHAMPIONSHIP – Shopee Cup) ပြိုင်ပွဲခြေစစ်ပွဲ Play -Off ဒုတိယအကျော့ ပြိုင်ပွဲကို ယနေ့ ည ၆ နာရီအချိန်က ရန်ကုန်မြို့ ၊ သင်္ဃန်းကျွန်းမြို့နယ် ၊ သုဝဏ္ဏ ၊ လူငယ်လေ့ကျင့်ရေးစခန်း(YTC) ကွင်းတွင်ကျင်းပရာ၊ အားကစားနှင့်လူငယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌဦးဇော်ဇော်နှင့် မြန်မာနိုင်ငံဘောလုံးပွဲအချုပ်မှတာဝန်ရှိပုဂ္ဂိုလ်များ ၊ အားကစားနဲ့ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး နှင့် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ တတိယအကြိမ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ တတိယအကြိမ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇူလိုင် ၂၄ ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်ဇနီး ဒေါ်မေသန်းကြိုင် တို့အား အမှူးထား၍ ဝန်ထမ်းမိသားစုများ၏ တတိယအကြိမ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ(မြေညီထပ်)၌ ကျင်းပခဲ့သည်။ ဦးစွာ ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဥယျာဉ်စုသိမ်ကျောင်းတိုက် ပဓါနနာယက ဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသ မဟာထေရ်မြတ်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူသော ပရိတ်တရားတော်များကို နာယူခြင်း၊ ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်း နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော်ကြီးထံမှ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေခြင်းနှင့် ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်ခြင်းများ ပြုလုပ်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။ အဆိုပါအခမ်းအနားသို့ […]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး နေပြည်တော် ဇူလိုင် ၂၃ ။ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။ အားသွန်ခွန်စိုက်ကြိုးပမ်းယှဉ်ပြိုင် အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး […]
အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ
အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ နေပြည်တော်၊ ဇူလိုင် ၂၃ ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း ကျင်းပသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေနွေးခြင်း အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာ စကားပြောကြားရာတွင် အဂတိဆိုသည်မှာ မလိုက်သင့်သည့်လမ်းကြောင်းဖြစ်ပြီး တနည်းအားဖြင့် ဓမ္မလမ်းကြောင်းမှ သွေဖယ်ဆောင်ရွက်ခြင်းကိုခေါ်ဆိုခြင်းဖြစ်ကြောင်း၊ ကိုယ့်အကျိုးစီးပွားအတွက် အများပြည်သူဆိုင်ရာလုပ်ငန်းဌာနများကို အသုံးချခြင်း၊ ယုံကြည်စွာအပ်နှံထားသည့် လုပ်ပိုင်ခွင့်အာဏာများကို အလွဲသုံးစားပြုခြင်း၊ ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ဥပဒေနှင့်အညီ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်စေခြင်း၊ တံစိုးလက်ဆောင်များကို တစ်ဦးတစ်ယောက်အားပေးခြင်း၊ ပေးရန် အားထုတ်ခြင်း၊ လက်ခံခြင်း၊ ရယူခြင်းနှင့် ရယူရန်အားထုတ်ခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်နည်းနည်းဖြင့် ပြုလုပ်ခြင်းသည် […]
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဇူလိုင် ၂၂ ။ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၊ အစည်းအဝေးခန်းမ(အပေါ်ထပ်)၌ ကျင်းပခဲ့သည်။ ဦးစွာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ထည့်သွင်းကျင်းပမည့် အားကစားနည်းအလိုက် အမှတ်ပေးစနစ်၊ ပြိုင်ပွဲကျင်းပမည့်ပုံစံများ၊ ပြိုင်ပွဲရလဒ်များ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရေး၊ Website တင်နိုင်ရေးနှင့် Android Software ရေးဆွဲနိုင်ရေးတို့ အတွက် ယခုအစည်းအဝေးအား ခေါ်ယူရခြင်းဖြစ်ပါကြောင်း၊ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း အားကစားသမားများ၏ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း အားကစားသမားများ၏ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇူလိုင် ၁၈ ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးခန်း (Gold Camp) နှင့် Youth Camp တို့တွင် စခန်းသွင်း လေ့ကျင့် လျက်ရှိသည့် အားကစားသမားများ၏ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။ ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ် (၁) ၌ ပြေးခုန်ပစ်အားကစားနည်းမှ အပစ်အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ အပြေးအားကစားသမားများနှင့် အခုန်အားကစားသမားများ၏ လေ့ကျင့်နေမှုအားလည်းကောင်း၊ အလေးမအားကစားသမားများနှင့် လက်ဝှေ့အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ မြားပစ်အားကစားသမားများ၏ မြားပစ်လေ့ကျင့်နေမှုများအားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် နည်းပြ/အုပ်ချုပ်သူများနှင့် […]
၂၀၂၄ ခုနှစ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငါးမျိုးစိုက်ထည့်ပွဲ နှင့်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ
၂၀၂၄ ခုနှစ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငါးမျိုးစိုက်ထည့်ပွဲနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇူလိုင် ၁၁ ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်၊ ငါးမျိုးစိုက်ထည့်ပွဲနှင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းပရိဝုဏ်အတွင်း၌ ကျင်းပခဲ့သည်။ ဦးစွာ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ကန်အမှတ်(၁)၌ ငါးမြစ်ချင်းသားပေါက်ကောင်ရေ ၇၅၀၀ နှင့် ထိုင်းငါးခုံးမသားပေါက်ကောင်ရေ ၇၅၀၀ စုစုပေါင်းငါးသားပေါက်ကောင်ရေ ၁၅၀၀၀ ခန့် စိုက်ထည့်ခြင်း အခမ်းအနားကို ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်ဇနီး၊ ဒုတိယဝန်ကြီးများနှင့်ဇနီးများက ငါးသားပေါက်များစိုက်ထည့်ခဲ့ပြီးနောက် ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများမှ ငါးသားပေါက်များ ဆက်လက်စိုက်ထည့်ခဲ့ကြသည်။ ထို့နောက် ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (A) (B) (C) ရှေ့၌ ရတနာတန်းဝင်အပင်များဖြစ်သည့် […]