![]()
မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ အတွေ့အကြုံလူငယ်စကားဝိုင်းနှင့် ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်သည့် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ အတွေ့အကြုံလူငယ်စကားဝိုင်းနှင့် ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အခမ်းအနားသို့တက်ရောက်လာသူကြသူများက အလေးပြုကြပြီးနောက် ကျောင်းသား/သူများက “လူငယ့်စွမ်းရည်”သီချင်းဖြင့် ဂုဏ်ပြုဖျော်ဖြေပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်ဆီသို့” မှတ်တမ်းဗီဒီယို ပြသမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယခုဖိုရမ်တွင် တက္ကသိုလ် / ကောလိပ်များက ကျောင်းသား၊ ကျောင်းသူများ၊ ဌာနလုပ်ငန်းခွင် ဝင်ရောက်နေကြသည့် လူငယ်များကို ဖိတ်ကြားတက်ရောက်စေပြီး ၎င်းတို့ကတစ်ဆင့် လူငယ်များအကြားတွင် ပြောင်းလဲနေသည့်ကမ္ဘာနှင့် မြန်မာ့အခြေအနေများကို ပထဝီ နိုင်ငံရေးရှုထောင့်၊ ပထဝီစီးပွားရေးရှုထောင့်ကနေ ရှုမြင်တတ်စေရန်၊ လူငယ်များကြား ခေါင်းဆောင်မှု၊ စူးစမ်းစဉ်းစားနိုင်မှုနှင့် လူမှုဆက်ဆံရေးကျွမ်းကျင်မှု အရည်အချင်းတွေမြင့်မား လာစေရန်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်လမ်းကြောင်းများ ရှုမြင်အဆိုပြုနိုင်စေရန်၊ အမျိုးသားအဆင့်နှင့် ဒေသဆိုင်ရာအဆင့် အစီအစဉ်များတွင် တက်ကြွသည့်ဖိုရမ်ဆင်းလူငယ်ကွန်ရက် ဖန်တီးနိုင်ရန်စည့် ရည်ရွယ်ချက်များဖြင့်ကျင်းပခြင်းဖြစ်ပါကြောင်း၊ လူငယ်များသည် အနာဂတ်နိုင်ငံတော်ကို ဖန်တီး တည်ဆောက်ကြမည့် နိုင်ငံ၏လူသားအရင်းအမြစ်များဖြစ်ပြီး နိုင်ငံ၏အနာဂတ် ခေါင်းဆောင်များလည်း ဖြစ်ကြပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်စွမ်းအားစုတစ်ရပ်လုံးဟာ နိုင်ငံတော်၏ အနာဂတ်များဖြစ်သည်ဟု ယုံကြည်တန်ဖိုးထားသည့်အတွက် လူငယ်ရေးရာမူဝါဒများ၊ လူငယ်ဖွံ့ဖြိုးရေးအစီအမံများကို ခေတ်နှင့်အညီ ချမှတ်ဖော်ဆောင် ပေးလျက်ရှိပါကြောင်း၊ လူငယ်အင်အားစုများသည် စိတ်ဓာတ်နှင့် အတွေးအခေါ်မြင့်မားသူများ၊ စွမ်းရည်ထက်မြက်သူများ၊ ရိုးသားဖြောင့်မတ်မှန်ကန်သူများဖြစ်ကြမှသာ နိုင်ငံကို တိုးတက်ကောင်းမွန်အောင် တည်ဆောက်သွားနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင်အဓိကကျသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်၏ ဦးစားပေး လုပ်ငန်းစဉ်တစ်ခုအဖြစ် သတ်မှတ်ပြီး နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါကြောင်း၊ လူငယ်များအချင်းချင်းအပြန်အလှန် နှီးနှောဖလှယ်နိုင်မည့်စကားဝိုင်းများကို ထည့်သွင်းဆောင်ရွက်မည်ဖြစ်သည့်အတွက် စနစ်တကျ ပါဝင်ဆောင်ရွက်ရန်လည်း တိုက်တွန်းပြောကြားလိုပါကြာင်း၊ လူငယ်များကို နိုင်ငံ့တာဝန် ကျေပွန်စေမည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများ ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးကြရန်၊ လူငယ်တွေအနေနဲ့လည်း အမြဲမပြတ်လေ့လာ သင်ယူမှု များနဲ့ အတတ်ပညာ၊ အသိပညာများနဲ့ ဗလငါးတန် ပြည့်စုံအောင် ကြိုးစားဆောင်ရွက်ပြီး နိုင်ငံ၏ အနာဂတ် အတွက် အားကိုးအားထားပြုနိုင်မယ့်သူတွေ ဖြစ်အောင်ကြိုးစားသွားကြရန်၊ ပြောင်းလဲနေတဲ့ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းများကို အမြဲ မပြတ် လေ့လာဆောင်ရွက်ရင်း မိမိနိုင်ငံတော်ရဲ့ ပထဝီနိုင်ငံရေး ခလုတ်ကန်သင်းများကို ဖယ်ရှား ရှင်းလင်းပြီး စည်းလုံးညီညွတ်သော၊ ငြိမ်းချမ်းသော၊ ဖွံ့ဖြိုးတိုးတက်သော လူ့ဘောင် အဖွဲ့အစည်းများ ဖြစ်အောင် ကြံစည်ကြိုးပမ်း အားထုတ်ပေးကြရန်၊ နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ကဏ္ဍစုံ၊ ဘက်ပေါင်းစုံမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ပြီး ပြည်ထောင်စုမပြိုကွဲရေး ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို အစဉ်အမြဲ ဦးထိပ်ထား ဆောင်ရွက် ပေးကြရန်၊ မိမိအကျိုး၊ တိုင်းပြည်အကျိုး သယ်ပိုးဆောင်ရွက် နိုင်သူများဖြစ်အောင် ကြိုးပမ်းပေးကြရန်” တိုက်တွန်းအမှာစကားပြောကြားပြီး လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ အတွေ့အကြုံလူငယ်စကားဝိုင်းနှင့် ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲအတွက် ချီးမြှင့်ငွေများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီးထံပေးအပ်ခဲ့ပြီးနောက် ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီးက လူငယ်ဖိုရမ် အထိမ်းအမှတ်တံဆိပ်အပ်နှံခဲ့သည်။
ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီး အားကစား ပစ္စည်းများ လှူဒါန်းပေးအပ်ရာ ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီးက လက်ခံရယူခဲ့သည်။ ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီးက လက်ခံရယူခဲ့သည်။ ယင်းနောက် မြန်မာ့အနာဂတ်မျက်နှာစာ တက်ရောက်ခဲ့သည့် အတွေ့အကြုံအား လူငယ်ဖိုရမ်ကိုယ်စားလှယ်က ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ အတွေ့အကြုံလူငယ်စကားဝိုင်းနှင့် ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲအထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများအား ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ပြုလုပ်ရာ မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ် – ၂၀၂၅၏ခေါင်းစဉ် များဖြစ်သော အနာဂတ်ပညာရေးနှင့်ကျွမ်းကျင်မှု ခေါင်းစဉ်၊စီးပွားရေးအခွင့်အလမ်းများနှင့် လူငယ်စွန့်ဦးတီထွင်မှု လုပ်ငန်းများ ခေါင်းစဉ်၊ နိုင်ငံသားပူးပေါင်းပါဝင်မှုနှင့် လူငယ်ခေါင်းဆောင်မှု ခေါင်းစဉ်၊ ရေရှည်တည်တံ့မှုနှင့် ရာသီဥတုဆိုင်ရာ အရေးယူဆောင်ရွက်မှု ခေါင်းစဉ်၊ ကမ္ဘာလုံးဆိုင်ရာချိတ်ဆက်မှုနှင့် ယဉ်ကျေးမှုတိုးမြှင့်ခြင်းခေါင်းစဉ်များဖြင့် ဖိုရမ်ကိုယ်စားလှယ်များက လူငယ်စကားဝိုင်းဆွေးနွေးခဲ့ကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသူများက မေးခွန်းများမေးမြန်းကြရာ လူငယ်ကိုယ်စားလှယ်များကပြန်လည်ဖြေကြားခဲ့ကာ လူငယ်စကားဝိုင်းဆွေးနွေးမှုအပေါ် အနှစ်ချုပ်သုံးသပ်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။





