၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော် ဘောလုံး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ (၂၅)။ မြန်မာ့အားကစားလောကအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် ကျောင်းသားအားကစား ပွဲတော်မှတဆင့် နိုင်ငံ့လက်ရွေးစင်အားကစားသမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော် ဘောလုံး (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ (အကြိုဗိုလ်လုပွဲ) ပွဲစဉ်များကိုကျင်းပလျက်ရှိရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အသင်း အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးကြသည်။ ယနေ့ ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား) ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို (၃) ဂိုး၊ (၂)ဂိုးဖြင့်လည်းကောင်း၊ (အမျိုးသမီး) ပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်းက […]
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများ ဆက်လက်ကျင်းပ

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများ ဆက်လက်ကျင်းပ နေပြည်တော်၊ ဇန်နဝါရီ (၂၅)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်အတူ ယနေ့ နံနက်(၉)နာရီအချိန်မှစ၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် (အမျိုးသား) ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများအားလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ကျင်းပလျက်ရှိသည့် (အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်တွင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများအားလည်းကောင်း၊ လက်ဝှေ့အားကစားရုံ၌ ဆက်လက်ကျင်းပလျက်ရှိသည့် (အမျိုးသား) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများအားလည်းကောင်း လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဘောလုံးပြိုင်ပွဲအား ကြည့်ရှုအားပေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဘောလုံးပြိုင်ပွဲအား ကြည့်ရှုအားပေး နေပြည်တော်၊ ဇန်နဝါရီ(၂၄)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲ(၄)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစား ပွဲတော် ဘောလုံးပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ကရင်ပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်း၊ ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေး ကွင်းအမှတ်(၃)၌ ရှမ်းပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အခြေခံပညာကျောင်းသားအားကစားပွဲတော် ဘော်လီဘောပြိုင်ပွဲများ ကြည့်ရှုအားပေး

နေပြည်တော်၊ ဇန်နဝါရီ (၂၃)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်လျက်ရှိသည့် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော်၌ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ကချင်ပြည်နယ် အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှုအားပေး ခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ခန့်တည်ကြည်ကုမ္ပဏီ နှင့် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ မဏိကမ္ဘာကုမ္ပဏီတို့မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လျှာထိုး ကြမ်းခင်း အသစ်ပြန်လည်ခင်းကျင်းနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲစေရေး သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်မှီစေရန် နှင့် အချိန်မီပြီးစီးရေး စေတနာထားဆောင်ရွက်ပေးရန် ကုမ္ပဏီမှတာဝန်ရှိသူများကို မှာကြားခဲ့ပြီး နောက် အားကစားရုံအတွင်း နံရံပတ်လည်တွင် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစား သမားများ၏ ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုများနှင့် အောင်မြင်မှုဆုတံဆိပ်ရရှိခဲ့သည့် မှတ်တမ်းဓါတ်ပုံ များကို […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော်ဆက်လက်ကျင်းပနေမှုအား လိုက်လံကြည့်ရှုအားပေးသည့်သတင်း

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော်ဆက်လက်ကျင်းပနေမှုအား လိုက်လံကြည့်ရှုအားပေးသည့်သတင်း နေပြည်တော်၊ ဇန်နဝါရီ(၂၁)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်အတူ ယနေ့ နံနက်(၈)နာရီ အချိန်မှစ၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းအတွင်းရှိ ပြေးခုန်ပစ်အားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း၊ လက်ဝှေ့အားကစားရုံရှိ ပိုက်ကျော်ခြင်း အားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဘော်လီဘောအားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော် အားကစားပြိုင်ပွဲများ ကြည့်ရှုအားပေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော် အားကစားပြိုင်ပွဲများ ကြည့်ရှုအားပေး နေပြည်တော်၊ ဇန်နဝါရီ(၂၁)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်အတူ ယနေ့ နံနက်(၈)နာရီ အချိန်မှစ၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းအတွင်းရှိ ပြေးခုန်ပစ်အားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း၊ လက်ဝှေ့အားကစားရုံရှိ ပိုက်ကျော်ခြင်း အားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဘော်လီဘောအားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ခြင်းလုံးအားကစားသမားများ လေ့ကျင့်နေမှုများနှင့် ဘော်လီဘောပြိုင်ပွဲအား ကြည့်ရှုအားပေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ခြင်းလုံးအားကစားသမားများ လေ့ကျင့်နေမှုများနှင့် ဘော်လီဘောပြိုင်ပွဲအား ကြည့်ရှုအားပေး နေပြည်တော်၊ ဇန်နဝါရီ(၁၈)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်(၉)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ခြင်းလုံးအားကစားရုံတွင် ကမ္ဘောဒီးယားနိုင်ငံမှ ခြင်းလုံးအားကစားသမားများနှင့် မြန်မာ့လက်ရွေးစင်ခြင်းလုံးအားကစားများ၏ ပူးတွဲလေ့ကျင့်နေမှုများအား လိုက်လံ ကြည့်ရှုအားပေးခဲ့ပြီးနောက် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဘော်လီဘော ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၇)ရက်။ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နေ့လည် (၁)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး အ.ထ.က (၁၈) အောင်မြေသာစံ မြို့နယ်တွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ရာ လူငယ်ဘဝတွင် ရယ်မောပျော်ရွှင်စွာနေထိုင်ကြရန်၊ လူငယ်များ အားကစားလိုက်စားခြင်းဖြင့် ဉာဏ်ရည်ထက်မြက်ပြီး ပညာရေးတွင် ထူးချွန်သူများ ဖြစ်လာနိုင်ကြောင်း၊ အားကစားလုပ်လို့ ပညာရေးညံ့တယ်ဆိုတဲ့ အတွေးတွေကို ဖျောက်ဖို့လိုကြောင်း၊ အားကစားလိုက်စားသူတိုင်း ကျန်းမာကြံ့ခိုင်ကြောင်း၊ အခြေခံပညာကို တတ်ဖို့လိုကြောင်း၊ ပညာကို ဆုံးခန်းတိုင်အောင် သင်ယူလေ့လာရန်လိုကြောင်း၊ မူးယစ်ဆေးများကိုမသုံးစွဲကြရန်နှင့် မိတ်ဆွေအပေါင်းအသင်းများများထားရှိရန်လိုကြောင်း၊ ခေါင်းဆောင်မှုအရည်အသွေးတွင် အကျင့်စာရိတ္တ ကောင်းမွန်ဖို့သည် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတက်ရောက် နေပြည်တော်၊ ဇန်နဝါရီ(၁၇)။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ(၂)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ခဲ့ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခြေခံပညာကျောင်းသားအားကစားပွဲတော်တွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်အားကစားပြိုင်ပွဲများအား ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အသင်း(၁၅)သင်း၊ အင်အား(၁၆၇၄)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားများတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားများတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ နေပြည်တော်၊ ဇန်နဝါရီ(၁၃)။ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားများတွင် ကျရာအခန်း ကဏ္ဍအသီးသီးမှ စိတ်ရောကိုယ်ပါ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများအား ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် (၁၄.၁၂.၂၀၂၂) ရက်နေ့မှ (၄.၁.၂၀၂၃)ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သည့်ဝန်ထမ်းများအားလုံးကို ဝန်ကြီးဌာနအနေဖြင့် ဂုဏ်ယူအသိအမှတ်ပြုပါကြောင်း၊ အလားတူ (၂၉.၁၁.၂၀၂၂)ရက်နေ့မှစတင်လေ့ကျင့်ခဲ့ပြီး (၄.၁.၂၀၂၃)ရက်နေ့အထိ စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားတွင်ပါဝင်ခဲ့ကြသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကိုယ်စားပြု စစ်ရေးပြတပ်ခွဲ ချီတက်စစ်ကြောင်းနှင့် ထိုင်ကြည့်စစ်ကြောင်းများတွင်ပါဝင်ခဲ့ကြသည့် ဝန်ထမ်းများကိုလည်း ဂုဏ်ယူအသိအမှတ်ပြုပါကြောင်း၊ ဒါ့အပြင် (၇၅) […]