အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ (၅၁)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး စက်ဘီး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ(၁၁)။

စက်ဘီးအားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်စက်ဘီး အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံစက်ဘီးအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ၂၀၂၄ ခုနှစ်၊ (၅၁)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး စက်ဘီး (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ပတ်လမ်းတွင် ကျင်းပသည်။

စက်ဘီး အမျိုးသမီး(၉)ကီလိုမီတာ အသင်းလိုက်ပြိုင်ပွဲနှင့် အမျိုးသား (၁၅)ကီလိုမီတာ အသင်း လိုက်ပြိုင်ပွဲများအား ယှဉ်ပြိုင်ကစားခဲ့ကြပြီး အမျိုးသမီး(၉)ကီလိုမီတာ အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆု ကို ခင်နှင်းဝေ(မကွေး)က စံချိန်(၁၃:၄၀.၈၀)စက္ကန့်ဖြင့်လည်းကောင်း၊ ဒုတိယဆုကို သက်မေမိုးဦး (မန္တလေး)က စံချိန်(၁၃:၄၂.၆၅)စက္ကန့်ဖြင့်လည်းကောင်း၊ တတိယဆုကို အိအိဖြိုး(ရန်ကုန်)က စံချိန် (၁၃:၄၆.၃၀)စက္ကန့်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

စက်ဘီး အမျိုးသား(၁၅)ကီလိုမီတာ အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုကို ရဲမြတ်ကျော်(ရန်ကုန်)က စံချိန်(၂၂:၀၇.၇၅)စက္ကန့်ဖြင့်လည်းကောင်း၊ ဒုတိယဆုကို ဝေလျှံအောင် (ရန်ကုန်)က စံချိန်(၂၂:၀၈.၁၅) စက္ကန့်ဖြင့်လည်းကောင်း၊ တတိယဆုကို ထိန်လင်းအောင်(မန္တလေး)က စံချိန်(၂၂:၁၀:၁၅)စက္ကန့်ဖြင့် လည်းကောင်းအသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ အမျိုးသမီး မီတာ(၅၀၀) တစ်ဦးချင်းပြိုင်ပွဲတွင်  ဆုရရှိကြသည့် ပထမ ကြယ်စင်လင်းလက်(မန္တလေး)၊ ဒုတိယ မြမှူးဘို(မန္တလေး)နှင့် တတိယ ကေဇင်ဖြိုး (တနင်္သာရီ)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးကလည်းကောင်း၊ အမျိုးသား မီတာ( ၁၀၀၀) တစ်ဦးချင်းပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ပထမဆု ရှိုင်းထက်အောင်  (မန္တလေး)၊ ဒုတိယဆု မင်းလက်ျာ(မန္တလေး)နှင့် တတိယဆု ရဲမြတ်ကျော်(ရန်ကုန်)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးကလည်းကောင်း၊ အမျိုးသမီး မီတာ (၃၀၀၀) တစ်ဦးချင်းပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ပထမ ခင်နှင်းဝေ( မန္တလေး)၊ ဒုတိယ သက်မေမိုးဦး(မန္တလေး)နှင့် တတိယ စိုးမိုးကြည် (တနင်္သာရီ)တို့အား မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ ဦးမြတ်သူကလည်းကောင်း၊ အမျိုးသားမီတာ(၃၀၀၀)တစ်ဦးချင်းပြိုင်ပွဲတွင် ဆုရရှိကြသည့် ပထမရှိုင်းထက်အောင်(မန္တလေး)၊ ဒုတိယ မင်းလက်ျာ(မန္တလေး)နှင့် တတိယ ဝေလျှံအောင်(ရန်ကုန်)တို့အား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းတွင်းဝန် ဦးကျော်ဆန်းကလည်းကောင်း၊ အမျိုးသမီး(၉)ကီလိုမီတာအသင်းလိုက်ပြိုင်ပွဲတွင်ဆုရရှိကြသည့် ပထမမကွေးတိုင်းဒေသကြီးအသင်း၊ ဒုတိယတနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် တတိယ မန္တလေးတိုင်းဒေသကြီးအသင်း၊အမျိုးသား(၁၅)ကီလိုမီတာအသင်းလိုက်ပြိုင်ပွဲတွင်ဆုရရှိကြသည့် ပထမ မန္တလေးတိုင်းဒေသကြီးအသင်း၊ ဒုတိယ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် တတိယ မကွေးတိုင်းဒေသကြီးအသင်းတို့အား  အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးကလည်းကောင်း၊ အမျိုးသမီး (၉)ကီလိုမီတာ ပြိုင်ပွဲတွင် ဆုရရှိကြသည့် ပထမ ခင်နှင်းဝေ(မကွေး)၊ ဒုတိယ သက်မေမိုးဦး(မန္တလေး)နှင့် တတိယ အိအိဖြိုး(ရန်ကုန်)၊ အမျိုးသား (၁၅) ကီလိုမီတာ ပြိုင်ပွဲတွင် ဆုရရှိကြသည့် ပထမ ရဲမြတ်ကျော်(ရန်ကုန်) ၊ ဒုတိယ ဝေလျှံအောင်(ရန်ကုန်) နှင့် တတိယ ထိန်လင်းအောင် (ရန်ကုန်) ၊ အမျိုးသမီး မီတာ (၅၀၀) တစ်ဦးချင်းပြိုင်ပွဲတွင် ဆုရရှိကြသည့် စံချိန်သစ် တင်နိုင်ခဲ့သည့် ကြယ်စင်လင်းလက် စံချိန် (၄၁:၈၄) စက္ကန့် (၂၀၂၂ ခုနှစ်၊ စိုးစန္ဒာဝင်း(တနင်္သာရီ)၏ စံချိန် (၄၂:၀၉) စက္ကန့်ထက်သာလွန်)နှင့် အမျိုးသမီးအကောင်းဆုံးအားကစားသမားဆု ရရှိသည့် ခင်နှင်းဝေ (မန္တလေး)တို့အား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လည်းကောင်း၊ အမျိုးသား (၁၅) ကီလိုမီတာ ပြိုင်ပွဲတွင် ဆုရရှိကြသည့် ပထမ ရဲမြတ်ကျော် (ရန်ကုန်)၊ ဒုတိယ ဝေလျှံအောင် (ရန်ကုန်) နှင့် တတိယ ထိန်လင်းအောင်(မန္တလေး)၊ အမျိုးသား မီတာ (၁၀၀၀) တစ်ဦးချင်းပြိုင်ပွဲ စံချိန်သစ်တင်နိုင်ခဲ့သည့် ရှိုင်းထက်အောင် (မန္တလေး) ၁:၀၇:၁၇ စက္ကန့် ( ၂၀၂၂ ခုနှစ်က ၎င်းကိုယ်တိုင်တင်ခဲ့သည့် (၁:၀၇:၀၆) ထက်သာလွန်)နှင့် အမျိုးသားအကောင်းဆုံး အားကစားသမားဆုရရှိသည့် ရှိုင်းထက်အောင် (မန္တလေး)တို့အား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်ကလည်းကောင်း ဆုများအသီးသီးပေးအပ်ခဲ့ပြီး ရမှတ်(၃၀)မှတ်ဖြင့် အမျိုးသမီးတံခွန်စိုက်ဆု၊ ရမှတ် (၃၅)မှတ်ဖြင့် အမျိုးသားတံခွန်စိုက်ဆုနှင့် ရမှတ်(၆၅)မှတ်ဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလားများရရှိခဲ့သည့် မန္တလေးတိုင်းဒေသကြီးအသင်းအား အားကစားနှင့်လူငယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဆုများအသီးသီးပေးအပ်ခဲ့ ကြောင်းသိရသည်။