အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားတက်ရောက်

နေပြည်တော်၊ ဇန်နဝါရီ(၁၅)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်၊ ဇေယျာသီရိ မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစီအစဉ်အရ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်စေရေး၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန် လူငယ်ကဏ္ဍကိုမြှင့်တင် ဆောင်ရွက်ရေးဦးတည်ချက်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းလူငယ်များအတွက် အခွင့်အရေးကာကွယ်ရေး၊ ဘဝမြှင့်တင်ဖွံ့ဖြိုးတိုးတက်နိုင်စေရေးနှင့် မသန်စွမ်းသူများ ပါဝင်မှုအပေါ်ပိုမိုလေးနက်စွာနားလည်ပြီး အသိအမှတ်ပြုနိုင်ရေးအတွက် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ လူငယ်ရေးရာဦးစီးဌာန၊ မသန်စွမ်းလူငယ်ရေးရာဌာနခွဲအနေဖြင့်လည်း မသန်စွမ်းသူလူငယ်များအတွက် အသက်မွေးဝမ်းကြောင်း ပညာရပ်များကို ဖွင့်လှစ်သင်ကြားပေးနိုင်ရေးနှင့် လုပ်ငန်းခွင်သို့ဝင်ရောက်နိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မသန်စွမ်းလူငယ်များနှင့်ပတ်သက်ပြီး လူသုံးကုန်ထုတ်လုပ်မှု သင်တန်းများအပြင် အခြားလက်မှုအတတ်ပညာများနှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ ပေးသင်တန်းများကိုလည်း ထပ်မံဖွင့်လှစ်ပေးနိုင်ရေးစီစဉ်ဆောက်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းမှ သင်ကြားပို့ချပေးသည့်ပညာရပ်များဖြင့် မသန်စွမ်းလူငယ်များ အမှန်တကယ်လက်တွေ့ အသုံးချနိုင်စေရန်နှင့် လိုအပ်သည့်ပံ့ပိုးကူညီမှုများကို ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ သင်တန်း သား/သင်တန်းသူများအနေဖြင့် ယခုသင်တန်းမှရရှိသည့် အသိပညာအတတ်ပညာများကို ကြိုးစား သင်ယူပြီး တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများကို ကိုယ်တိုင်ကိုယ်ကျ ထုတ်လုပ်ရောင်းချနိုင်မည် ဖြစ်ပြီး မိသားစုဝင်ငွေကိုလည်း တစ်ဖက်တစ်လမ်းက ပံ့ပိုးကူညီနိုင်မည်ကြောင်း ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ ဇေယျာသီရိခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နေပြည်တော် မသန်စွမ်းသူများအသင်း ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။     

လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄)ကို ဇန်နဝါရီ(၁၅)ရက်မှ (၁၉)ရက်အထိ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဓမ္မာရုံ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြဆရာမ(၂)ဦးတို့က သင်တန်းသား/သင်တန်းသူ(၃၀)ဦးအား စာတွေ့/လက်တွေ့ သင်ခန်းစာများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။