အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် တက္ကသိုလ်ပေါင်းစုံ ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ကြည့်ရှုအားပေး

နေပြည်တော်၊ ဇန်နဝါရီ(၁၂)။

ပညာရေးဝန်ကြီးဌာနမှကြီးမှူး၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ ဇုန်အလိုက် ဘောလုံး(အမျိုသား)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့ညနေ(၃)နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ကျင်းပခဲ့ရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။

ယနေ့ ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်တွင် ဒဂုန်ဇုန်အသင်းနှင့် မော်လမြိုင်ဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မော်လမြိုင်ဇုန်အသင်းက ဒဂုန်ဇုန်အသင်းကို (၄)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁၃)ရက်နေ့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ ဇုန်အလိုက် ဘောလုံး(အမျိုသား) ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် နံနက်(၇)နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ပုသိမ်ဇုန်အသင်းနှင့် မန္တလေးဇုန်အသင်း၊ ညနေ (၃)နာရီခွဲတွင် လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ မြစ်ကြီးနားဇုန်အသင်းနှင့် မကွေးဇုန်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ရာ အားကစားကိုစိတ်ပါဝင်စားသည့်မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။