နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ၂၀၂၃ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်ပွဲ အခမ်းအနားတက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ၂၀၂၃ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်ပွဲ အခမ်းအနားတက်ရောက် နေပြည်တော်၊ မေ (၅)။ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ၂၀၂၃ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး ဒေါ်မေမြင့်မောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီအဖွဲဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က နွေရာသီအားလပ်ရက်တွင် လူငယ်များ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်ပြီး အားကစားနည်းအလိုက် နည်းစနစ်များ မှန်ကန်စွာ သိရှိတတ်ကျွမ်းနားလည်လာစေရန်၊ ထူးချွန်သော မျိုးဆက်သစ် အားကစားသမားများ၊ နိုင်ငံ့လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် အထောက် အကူပြုစေရန်၊ အရည်အချင်းမှီ ကစားသမားများရှာဖွေပြီး နိုင်ငံတော်မှ အားထားရသည့် ရွက်ပုန်းသီး မျိုးဆက်သစ် […]
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာအားကစားအဖွဲ့များအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြား

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာအားကစားအဖွဲ့များအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြား ကမ္ဘောဒီးယား၊ မေ(၅)။ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်အတူ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များ အောင်မြင်မှု ဆုတံဆိပ်များ ရရှိစေရန်နှင့် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုကိစ္စရပ်များနှင့် ကျန်းမာရေးကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် ယနေ့နံနက် ဒေသစံတော်ချိန် (၉)နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Hotel Cambodiana ၌ တည်းခိုနေထိုင်လျက်ရှိသည့် မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့၊ Anik Palace Hotel ၌ တည်းခိုနေထိုင်လျက်ရှိသည့် မြန်မာပီတန်း အားကစားအဖွဲ့၊ Citadines hotel ၌ တည်းခိုနေထိုင်လျက်ရှိသည့် မြန်မာဘော်လီဘော(အမျိုးသား)အားကစားအဖွဲ့တို့မှ […]
ဗိုဗီနမ် (ခွန်ဘိုကာတာ) အားကစားနည်းမှ မြန်မာနိုင်ငံအတွက် ပထမဦးဆုံးငွေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုများ ဆွတ်ခူးရရှိ

ဗိုဗီနမ် (ခွန်ဘိုကာတာ) အားကစားနည်းမှ မြန်မာနိုင်ငံအတွက် ပထမဦးဆုံးငွေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုများ ဆွတ်ခူးရရှိ ကမ္ဘောဒီးယား၊ မေ(၄)။ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံရှိ မြို့ကြီး(၅)မြို့တို့တွင် ကျင်းပလျက်ရှိရာ ဖနောင်ပင်မြို့ရှိ Chroy Changvar Convention Centre, Hall (C)၌ ကျင်းပသည့် ဗိုဗီနမ်(ခွန်ဘိုကာတာ) အားကစားနည်း (အမျိုးသား/အမျိုးသမီး) အခြေခံပြကွက်(လက်)ပြိုင်ပွဲ၊ ဝါးညှပ်အကပြိုင်ပွဲ၊ လက်သိုင်းအပြပြိုင်ပွဲတို့တွင် မြန်မာအားကစားအဖွဲ့မှ အားကစားသမားများ အသီးသီး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာ (အမျိုးသမီး)အခြေခံပြကွက်(လက်)ပြိုင်ပွဲတွင် မနီလာစိုးဦးက မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ငွေတံဆိပ်ဆုအားလည်းကောင်း၊ မောင်လှိုင်ချစ်ဦးက (အမျိုးသား) အခြေခံ ပြကွက် (လက်) ပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဆုံး ကြေးတံဆိပ်ဆုအားလည်းကောင်း၊ မမြတ်နိုးဝေက (အမျိုးသမီး) ဝါးညှပ်အက ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုအားလည်းကောင်း၊ မောင်ခန့်လွန်းဇော် က (အမျိုးသား)လက်သိုင်းအကပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုအားလည်းကောင်း […]
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌအားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ SEAGF Council Meeting နှင့် SEAGF Executive Committee Meeting သို့တက်ရောက်

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌအားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ SEAGF Council Meeting နှင့် SEAGF Executive Committee Meeting သို့တက်ရောက် ကမ္ဘောဒီးယား၊ မေ (၅)။ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံ၊ မြန်မာအားကစားအသင်းခေါင်းဆောင် Chief DE Mission(CDM) အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦး၊ ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမြာ တို့သည် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Garden City Hotel ၌ ဒေသစံတော်ချိန် နံနက်(၉)နာရီမှ (၁၂)နာရီအထိ ကျင်းပပြုလုပ် သည့် SEAGF Medical and […]
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာအားကစားအဖွဲ့မှ အုပ်ချုပ်မှုအဖွဲ့ဝင်များအားတွေ့ဆုံလမ်းညွှန်အမှာစကားပြောကြား

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာအားကစားအဖွဲ့မှ အုပ်ချုပ်မှုအဖွဲ့ဝင်များအားတွေ့ဆုံလမ်းညွှန်အမှာစကားပြောကြား ကမ္ဘောဒီးယား၊ မေလ(၄)ရက်။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များ အောင်မြင်မှု ဆုတံဆိပ်များရရှိစေရန်နှင့် လိုအပ် သည့် အုပ်ချုပ်မှု ထောက်ပံ့မှုကိစ္စရပ်များနှင့် ကျန်းမာရေးကိစ္စရပ်များ အဆင်ပြေ ချောမွေ့စေရေးအတွက် ယနေ့နံနက် မြန်မာစံတော်ချိန် (၈)နာရီအချိန်တွင် ပြိုင်ပွဲဝင် အားကစားသမားများ တည်းခိုနေထိုင်လျက်ရှိသည့် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Sports Village ၌ မြန်မာအားကစားအဖွဲ့မှ အုပ်ချုပ်မှုအဖွဲ့များနှင့် တာဝန်ရှိသူများကို မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နှင့်အတူ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးတို့က တွေ့ဆုံလမ်းညွှန်အမှာစကား ပြောကြားခဲ့ပြီး နောက် မြန်မာအားကစားအဖွဲ့၏ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် ဗိုဗီနမ်(ခွန်ဘိုကာတာ) ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် ဗိုဗီနမ်(ခွန်ဘိုကာတာ) ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေး နေပြည်တော်၊ မေလ(၄)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ ဗိုဗီနမ် (ခွန်ဘိုကာတာ) ယှဉ်ပြိုင်ကစားနေမှုများအား ယနေ့မွန်းလွဲ (၄)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစား ကွင်း Social Zone အတွင်းရှိ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီရုံး၌ Virtual Online စနစ်ဖြင့် ကြည့်ရှုအားပေးခဲ့ပါသည်။ အဆိုပါ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အမျိုးသားတစ်ဦးချင်း (အခြေခံပြကွက်-လက်)ပြိုင်ပွဲ၌ မောင်လှိုင်ချစ်ဦး၊ အမျိုးသားတစ်ဦးချင်း (လက်သိုင်းအပြ) ပြိုင်ပွဲတွင် မောင်ခန့်လွန်းဇော်တို့မှ ကြေးတံဆိပ် ဆုစီရရှိပြီး အမျိုးသမီးတစ်ဦးချင်း (အခြေခံပြကွက်-လက်)ပြိုင်ပွဲ၌ မနီလာစိုးဦးမှ ငွေတံဆိပ်ဆု၊ အမျိုးသမီး တစ်ဦးချင်း (ဝါးညှပ်အက)ပြိုင်ပွဲတွင် မမြတ်နိုးဝေမှ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ အရာထမ်း/အမှုထမ်းများအားတွေ့ဆုံ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ အရာထမ်း/အမှုထမ်းများအားတွေ့ဆုံ တောင်ကြီး၊ မေ(၄)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နေ့လယ်(၁)နာရီအချိန် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ အရာထမ်း/အမှုထမ်းများအား တွေ့ဆုံ၍ အုပ်ချုပ်ရေး၊ လေ့ကျင့်ရေး၊ ပညာရေးဆိုင်ရာများ လမ်းညွှန်မှာကြားခဲ့သည်။ ရှေးဦးစွာ ကျောင်းအုပ်ချုပ်မှု ရုံးအစည်းအဝေးခန်းမ၌ အားကစားနည်းအလိုက် တာဝန်ပေးအပ်ထားသည့် တာဝန်ခံအရာထမ်းများနှင့်တွေ့ဆုံရာ ကျောင်းအုပ်ကြီးက အုပ်ချုပ်ရေး၊ လေ့ကျင့်ရေး၊ ပညာရေးဆိုင်ရာဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ နိုင်ငံတကာအားကစားပြိုင်ပွဲ များတွင် ဆုတံဆိပ်အများဆုံးချီးမြှင့်သည့် ပြေးခုန်ပစ်အားကစားနည်း ပိုမိုတိုးတက်အောင် တာဝန်ခံ နည်းပြများက ကြိုးစားဆောင်ရွက်ရန်နှင့် ပညာသင်နှစ်အလိုက် အောင်ချက်မြင့်မားရေး ကြပ်မတ် ဆောင်ရွက်ရေး ဒုတိယဝန်ကြီးက လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ဘက်စုံသုံးခန်းမ၌ အရာထမ်း၊ အမှုထမ်းများအားတွေ့ဆုံ၍ လမ်းညွှန်အမှာစကား ပြောကြားရာတွင် တိုင်းပြည်အနာဂတ်ဟာ လူငယ်များလက်ထဲတွင်ရှိသဖြင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရန်အရေးကြီးပါကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံနှင့် မြန်မာနိုင်ငံ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် ဘော်လီဘော(အမျိုးသား)အသင်းလိုက် ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် ဘော်လီဘော(အမျိုးသား)အသင်းလိုက် ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေး နေပြည်တော်၊ မေ (၄)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ ဘော်လီဘော (အမျိုးသား) အသင်းလိုက်ပြိုင်ပွဲ၌ မြန်မာအသင်းနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ယနေ့နံနက် (၁၁)နာရီခွဲအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone အတွင်းရှိ မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံး၌ Virtual Online စနစ်ဖြင့် ကြည့်ရှုအားပေးခဲ့ပါသည်။
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာအားကစားအဖွဲ့များ ဘောလုံး(အမျိုးးသမီး)ပြိုင်ပွဲတက်ရောက်ကြည့်ရှုအားပေး

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာအားကစားအဖွဲ့များ ဘောလုံး(အမျိုးးသမီး)ပြိုင်ပွဲတက်ရောက်ကြည့်ရှုအားပေး ကမ္ဘောဒီးယား၊ မေ(၃)။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်မည့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် မြန်မာအားကစားအဖွဲ့သည် ယနေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်၌ မြန်မာအမျိုးသားလေကြောင်းလိုင်း (စင်းလုံးငှားလေယာဉ်) အမှတ် UB-7017 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာလာခဲ့ရာ မြန်မာစံတော်ချိန် ညနေ(၃)နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်လေဆိပ်တို့ရောက်ရှိခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာအားကစားအဖွဲ့သည် PHNOM PENH Olympic City ရှိ ARMY STADIUM ၌ ကျင်းပလျက်ရှိသည့် ဘောလုံးအမျိုးသမီးအားကစားပြိုင်ပွဲတွင် မြန်မာအသင်းနှင့်ဖိလစ်ပိုင်အသင်းတို့ […]
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာအားကစားအဖွဲ့များ ဘောလုံး (အမျိုးသမီး) ပြိုင်ပွဲတက်ရောက်ကြည့်ရှုအားပေး

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာအားကစားအဖွဲ့များ ဘောလုံး (အမျိုးသမီး) ပြိုင်ပွဲတက်ရောက်ကြည့်ရှုအားပေး ကမ္ဘောဒီးယား၊ မေ(၃)။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံ ပုဂ္ဂိုလ်အဖြစ် တက်ရောက်မည့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် မြန်မာအားကစားအဖွဲ့သည် ယနေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်၌ မြန်မာအမျိုးသား လေကြောင်းလိုင်း (စင်းလုံးငှားလေယာဉ်) အမှတ် UB-7017 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာလာခဲ့ရာ မြန်မာစံတော်ချိန် ညနေ(၃)နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်လေဆိပ်တို့ရောက်ရှိခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာအားကစားအဖွဲ့သည် PHNOM PENH Olympic City ရှိ ARMY STADIUM […]