နေပြည်တော်ရှိ အရာထမ်း/အမှုထမ်းများအား ရုံးစာရေးသားခြင်းဆိုင်ရာကိစ္စရပ်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရှင်းလင်းပြောကြား
နေပြည်တော်၊ မေ(၉)။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်လူငယ်ရေးရာဦးစီးဌာနရှိ အရာထမ်း/အမှုထမ်းများအား ရုံးစာရေးသားခြင်းဆိုင်ရာ ကိစ္စရပ်များအား မှန်ကန်တိကျစွာ ရေးသားဖော်ပြတတ်စေရန် ရှင်းလင်းပြောကြားခြင်းကို ယနေ့မွန်းလွဲ(၁)နာရီတွင် ရုံးအမှတ်(၃၁)ရှိ အစည်းအဝေးခန်းမ(အပေါ်ထပ်)၌ ကျင်းပခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်း/အမှုထမ်းများ ရုံးစာရေးသားရာတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ပြန်ထားသည့် ရုံးလုပ်ငန်းလက်စွဲပါ သတ်မှတ်စည်းမျဉ်း/စည်းကမ်းများနှင့်အညီရေးသားနိုင်ရန်အတွက် မြန်မာစာ စာလုံးပေါင်း သတ်ပုံအရေးအသားနှင့် ရုံးစာရေးသားနည်း အကြောင်း အရာများအား ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဦးစီးဌာနများမှ အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ကြောင်းသိရသည်။


