အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (၁၉.၅.၂၂) ရက်နေ့တွင် မြန်မာအားကစားအဖွဲ့များမှ ရွှေ(၁)ခု၊ ငွေ(၄)ခု၊ ကြေး(၅)ခု ထပ်မံဆွတ်ခူးရရှိ

Loading

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (၁၉.၅.၂၂) ရက်နေ့တွင် မြန်မာအားကစားအဖွဲ့များမှ ရွှေ(၁)ခု၊ ငွေ(၄)ခု၊ ကြေး(၅)ခု ထပ်မံဆွတ်ခူးရရှိ ဗီယက်နမ်၊ မေ(၁၉)။ ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံများ၌ ကျင်းပလျက် ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Hoang Mai အားကစားရုံ၌ ပိုက်ကျော်ခြင်းအားကစားနည်းမှ အမျိုးသား/အမျိုးသမီး ဗိုလ်လုပွဲ ပွဲစဉ်များ၌ အမျိုးသမီး (နှစ်ယောက်တွဲ)အသင်းလိုက်(Regu)ပြိုင်ပွဲတွင် အိမ်ရှင်ဗီယက်နမ်အသင်းကို (၂-၁)ဖြင့် အနိုင် ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် သတ္တမမြောက် ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူး ရယူပေးနိုင်ခဲ့ပါကြောင်း၊ အမျိုးသား(နှစ်ယောက်တွဲ) အသင်းလိုက်ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု ကိုလည်းကောင်း၊ ပြေးခုန်ပစ်အားကစားနည်းမှ ၂၀ ကီလိုမီတာ အမျိုးသမီး (လမ်းလျှောက်) ပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်၌ […]

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (၁၈.၅.၂၀၂၂)ရက်နေ့တွင် မြန်မာအားကစားအဖွဲ့များမှ ရွှေ (၁)ခု၊ ငွေ (၂)ခု၊ ကြေး ( ၄)ခု ထပ်မံဆွတ်ခူးရရှိ

Loading

(၃၁)ကြိမ်မြောက် အရှေ့တောအာရှအားကစားပြိုင်ပွဲ (၁၈.၅.၂၀၂၂)ရက်နေ့တွင် မြန်မာအားကစားအဖွဲ့များမှ ရွှေ (၁)ခု၊ ငွေ (၂)ခု၊ ကြေး ( ၄)ခု ထပ်မံဆွတ်ခူးရရှိ ဗီယက်နမ်၊ မေ(၁၈)။ ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Soc Son အားကစားရုံ၌ ဗိုဗီနမ်အားကစားနည်း အမျိုးသမီးနှစ်ယောက်တွဲ(သရုပ်ပြ) ပွဲစဉ်တွင် မခိုင်ဝါဖူးနှင့် မမေဟန်နီအောင်လွင်တို့မှ မြန်မာနိုင်ငံအတွက် ဆဌမမြောက် ရွှေတံဆိပ်ဆုကို ထိုက်ထိုက် တန်တန်ဆွတ်ခူးရရှိခဲ့ပြီး၊ အမျိုးသမီး (-55 kg) ကီလိုတန်းတွင် မနှင်းသက်ဝေမှ ကြေးတံဆိပ် ဆုကိုလည်းကောင်း၊ My Dinh National Stadium ၌ ပြေးခုန်ပစ်အားကစားနည်း မီတာ (၁၀၀၀၀) […]

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (၁၇.၅.၂၀၂၂) ရက်နေ့တွင် မြန်မာအားကစားအဖွဲ့များမှ ရွှေ (၁)ခု၊ ငွေ (၁)ခု၊ ကြေး (၂) ခု ထပ်မံဆွတ်ခူးရရှိ

Loading

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (၁၇.၅.၂၀၂၂) ရက်နေ့တွင် မြန်မာအားကစားအဖွဲ့များမှ ရွှေ (၁)ခု၊ ငွေ (၁)ခု၊ ကြေး (၂) ခု ထပ်မံဆွတ်ခူးရရှိ ဗီယက်နမ်၊ မေ(၁၇)။ ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်း မြန်မာစံတော်ချိန် (၉)နာရီခွဲတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ ရှိ Ha Dong အားကစားရုံ၌ ဘိလိယက်/စနူကာ အားကစားနည်းမှ English Billiards တစ်ဦးချင်း ဗိုလ်လုပွဲ ပွဲစဉ်တွင် မြန်မာအားကစားသမား ပေါက်စမှ ကမ္ဘာ့ဘိလိယက်ချန်ပီယံ ပြိုင်ပွဲတွင် ရွှေတံဆိပ် (၆)ဆုနှင့် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် (၆)ဆုရရှိထားသော စင်္ကာပူနိုင်ငံသား မစ္စတာပီတာဂေးခရစ်ကို (၃)ပွဲ […]

ဆီးဂိမ်းစ် ဆီမီးဖိုင်နယ်ရောက် မြန်မာ အမျိုးသမီးဘောလုံးအသင်းအား နိုင်ငံတော်မှ အမေရိကန် ဒေါ်လာ (၁)သိန်း ထပ်ဆောင်းချီးမြှင့်

Loading

ဆီးဂိမ်းစ် ဆီမီးဖိုင်နယ်ရောက် မြန်မာ အမျိုးသမီးဘောလုံးအသင်းအား နိုင်ငံတော်မှ အမေရိကန် ဒေါ်လာ (၁)သိန်း ထပ်ဆောင်းချီးမြှင့် နေပြည်တော်၊ မေ(၁၆) ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် (၃၁)ကြိမ်မြောက်အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်) အမျိုးသမီးဘောလုံး ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အုပ်စုနောက်ဆုံး ပွဲစဉ်တွင် စင်ကာပူအသင်းအား (၁)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိကာဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်သွားခဲ့သည်။ အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်းအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက အသင်းတည်းခိုရာ ဟိုတယ်သို့ လာရောက်တွေ့ဆုံအားပေးခဲ့ကာ နိုင်ငံတော်က ထပ်ဆောင်းချီးမြှင့်သည့် အမေရိကန်ဒေါ်လာ(၁)သိန်းကို မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်းအား ပေးအပ်ချီးမြင့်သည်။ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်းနှင့်အတူ ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အမျိုးသားဘောလီဘောအသင်းကိုလည်း အတူတကွ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး အသင်းများအား နိုင်ငံ့ဂုဏ်‌ဆောင်နိုင်ရေးအတွက် အစွမ်းကုန် […]

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝူရှူးအားကစားနည်းမှ ရွှေ(၁)ခု၊ ငွေ(၁)ခု၊ ကြေး(၂)ခု ထပ်မံဆွတ်ခူးရရှိ

Loading

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝူရှူးအားကစားနည်းမှ ရွှေ(၁)ခု၊ ငွေ(၁)ခု၊ ကြေး(၂)ခု ထပ်မံဆွတ်ခူးရရှိ ဗီယက်နမ်၊ မေ(၁၅)။ ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝူရှူးအားကစားနည်း Nangun(နန်းကွန့်) တုတ်ရှည်ပြိုင်ပွဲ၌ မောင်သိန်းသန်းဦးမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံအတွက် စတုတ္ထမြောက် ရွှေတံဆိပ်ဆု ကို ထိုက်ထိုက်တန်တန်ထပ်မံဆွတ်ခူးရရှိခဲ့သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ရွှေတံဆိပ်ဆုရှင် မောင်သိန်းသန်းဦးအား ဂုဏ်ပြုချီးမြှင့်ငွေ US $ 3000 ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ‌ကိုယ်စားပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်ပြီး နေ့လည်ပိုင်းပွဲစဉ်များအဖြစ် ဝူရှူး(ဆန်းဆို)ပြိုင်ပွဲများကို ဆက်လက် ကျင်းပရာ (60 kg) ပြိုင်ပွဲတွင် မစုလှိုင်ဝင်းမှ ငွေတံဆိပ် (၁) ခု၊ (52 kg) […]

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကာယဗလကာယအလှ အားကစားနည်းမှ ရွှေ(၁)ခု၊ ငွေ(၂)ခု၊ ဝူရှူး(ထောက်လု)အားကစားနည်းမှ ငွေ(၁)ခု၊ Rowing အားကစားနည်းမှ ကြေး(၂)ခုထပ်မံဆွတ်ခူးရရှိ

Loading

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကာယဗလကာယအလှ အားကစားနည်းမှ ရွှေ(၁)ခု၊ ငွေ(၂)ခု၊ ဝူရှူး(ထောက်လု)အားကစားနည်းမှ ငွေ(၁)ခု၊ Rowing အားကစားနည်းမှ ကြေး(၂)ခုထပ်မံဆွတ်ခူးရရှိ ဗီယက်နမ်၊ မေ(၁၄)။ ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း (၂၀) ဖြင့် ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိရာ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဂေါက်သီး၊ ပြေးခုန်ပစ်၊ ဘိလိယက်၊ စစ်တုရင်၊ Rowing၊ ဝူရှူး၊ ကာယဗလကာယအလှနှင့် ဖူဆယ်ပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြ ပါသည်။ အဆိုပါပြိုင်ပွဲများအနက်မှ Cau Giay Gymnasium ၌ ကျင်းပလျက်ရှိသော ကာယဗလ ကာယအလှအားကစားပြိုင်ပွဲ (+70) kg တွင် မောင်ရဲထွန်းနောင်မှ ပထမဆု ရွှေတံဆိပ်ကို ထိုက်ထိုက်တန်တန်ဖြင့်ဆွတ်ခူးရရှိခဲ့ပြီး၊ (+80) kg […]

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အားကစားပြိုင်ပွဲများအား လိုက်လံကြည့်ရှုအားပေး

Loading

ဗီယက်နမ်၊ မေ(၁၃)။  ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပီတန်း(အမျိုးသား/ အမျိုးသမီး)အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ မြန်မာစံတော်ချိန် နေ့လည် (3)နာရီခွဲတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ National Sports Training Center ၌ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာအားကစားအဖွဲ့များမှ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြပါသည်။ အဆိုပါပြိုင်ပွဲတွင် ပီတန်းအားကစားသမား  မခင်ချယ်ရီသက်သည် မြန်မာနိုင်ငံအတွက် ဒုတိယမြောက် ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ပါသည်။ ပွဲဦးထွက် ပြိုင်ပွဲတွင် မခင်ချယ်ရီသက်သည် ပြိုင်ဘက်အသင်းဖြစ်သော ၅နိုင်ငံမှအသင်းများဖြင့် ယှဉ်ပြိုင်ကစားခဲ့ရာ ရမှတ်အများဆုံးဖြင့် နံပါတ်၁နေရာရရှိခဲ့ပြီး နံပါတ်၄နေရာမှ ကမ္ဘောဒီးယားနိုင်ငံဖြင့် ဆီးမီးဖိုင်နယ်ပွဲစဉ်ကို ဆက်လက် ယှဉ်ပြိုင်ကစားရာတွင် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) ဖွင့်ပွဲအခမ်းအနား တက်ရောက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) ဖွင့်ပွဲအခမ်းအနား တက်ရောက် ဗီယက်နမ်၊ မေ(၁၂)။ ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) ဖွင့်ပွဲအခမ်းအနားကို မေလ ၁၂ ရက်၊ ဒေသစံတော်ချိန် ည ၈ နာရီတွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ My Dinh National Stadium ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အုပ်ချုပ်/နည်းပြ၊ အားကစားသမားများနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ဗီယက်နမ်နိုင်ငံ သမ္မတ Nguyễn Xuân […]

Kurash အားကစားနည်းမှ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုဆွတ်ခူးရရှိ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တက်ရောက်ကြည့်ရှုအားပေး

Loading

Kurash အားကစားနည်းမှ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုဆွတ်ခူးရရှိ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တက်ရောက်ကြည့်ရှုအားပေး ဗီယက်နမ်၊ မေ(၁၁)ရက်။          ဗီယက်နမ်နိုင်ငံ၌ မေလ (၁၂) ရက်နေ့မှ (၂၃) ရက်နေ့အထိ ကျင်းပလျက်ရှိသော (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း ၂၀ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ယနေ့ မြန်မာစံတော်ချိန် နေ့လည် (၂)နာရီတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Gymnasium တွင် Kurash အားကစားနည်း +၈၇ ကီလိုတန်း ဆီးမီးဖိုင်နယ်ပွဲစဉ်နှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာအားကစားအဖွဲ့များမှ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြပါသည်။ အဆိုပါ ပြိုင်ပွဲတွင် […]

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က) ပတ်လည်ပြိုင်ပွဲသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေး

Loading

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က) ပတ်လည်ပြိုင်ပွဲသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေး ဗီယက်နမ်၊ မေ (၁၀)ရက်။ ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၃၁) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က) ပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ မြန်မာစံတော်ချိန် ညနေ ၃နာရီခွဲ အချိန်တွင် ဗီယက်နမ်နိုင်ငံ Viet Tri ဘောလုံးအားကစားကွင်း၌ မြန်မာ U23 အသင်းနှင့် ဖိလစ်ပိုင် U23 အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဗီယက်နမ်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်း၊ စစ်သံမှူး ဗိုလ်မှူးချုပ်အောင်ဇေယျနှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှတာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ပြိုင်ပွဲတွင် […]