အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်၊ အောက်တိုဘာ(၅)။

လက်ဝှေ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် လက်ဝှေ့အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ (၄၉)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး)လက်ဝှေ့ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လက်ဝှေ့ရုံ၌ ဆက်လက်ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝိတ်တန်းအလိုက် အမျိုးသမီး(၄၆၊ ၅၀၊ ၅၂၊ ၅၄) ကီလိုတန်းပြိုင်ပွဲ ပွဲစဉ်(၄)ပွဲနှင့် အမျိုးသား(၄၈၊ ၅၇၊ ၆၃.၅၊ ၇၁၊ ၇၅)ကီလိုတန်းပြိုင်ပွဲ ပွဲစဉ်(၅)ပွဲတို့အား ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး အမျိုးသမီး(၄၆)ကီလိုတန်းပြိုင်ပွဲတွင် ဌေးဌေးဇော်(မန္တလေး)နှင့် အေးအေးမူ (တနင်္သာရီ)တို့ ယှဉ်ပြိုင်ကစားခဲ့ရာ အေးအေးမူ (တနင်္သာရီ)ကလည်းကောင်း၊ နော်ရီတာမိုးဆွေ(ကရင်)နှင့် ပြည့်စုံဝင်း(ကချင်)တို့ယှဉ်ပြိုင်ကစားခဲ့ရာ ပြည့်စုံဝင်း(ကချင်)ကလည်းကောင်း၊ သက်ထားစံ(ရန်ကုန်)နှင့် ရွှေရည်ဝင်း(မကွေး)တို့ယှဉ်ပြိုင်ကစားခဲ့ရာ သက်ထားစံ(ရန်ကုန်)ကလည်းကောင်း၊ အမျိုးသမီး(၅၀)ကီလိုတန်းပြိုင်ပွဲတွင် အိသဇင်ဖြိုး(မွန်)နှင့် ပပဝင်း(ကရင်)တို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပပဝင်း(ကရင်)ကလည်းကောင်း၊ အမျိုးသမီး(၅၂)ကီလိုတန်းပြိုင်ပွဲတွင် ဝင်းဝင်းလတ်(ရန်ကုန်)နှင့် ရီရီစိုး(မွန်)တို့ယှဉ်ပြိုင်ကစားခဲ့ရာ ဝင်းဝင်းလတ်(ရန်ကုန်)ကလည်းကောင်း၊ အမျိုးသမီး(၅၄)ကီလိုတန်းပြိုင်ပွဲတွင် ထက်အိန္ဒြေဝေ(ရန်ကုန်)နှင့် နော်ထူးလွဲဖော(ကရင်)တို့ယှဉ်ပြိုင်ကစားခဲ့ရာ နော်ထူးလွဲဖော(ကရင်)ကလည်းကောင်း၊ ဝင်းဝင်းထက်(ကယား)နှင့် မြကြေးမုံ(မကွေး)တို့ယှဉ်ပြိုင်ကစားခဲ့ရာ မြကြေးမုံ(မကွေး)ကလည်းကောင်း၊ ထက်ထက်ဝင်း(တနင်္သာရီ)နှင့် နော်ထူးလောအယ်(ဧရာဝတီ)တို့ယှဉ်ပြိုင်ကစားခဲ့ရာ ထက်ထက်ဝင်း(တနင်္သာရီ)ကလည်းကောင်း၊ အမျိုးသား(၄၈)ကီလိုတန်းပြိုင်ပွဲတွင် အောင်အောင်ထွန်း(မွန်)နှင့် ကျော်ထက်ဟန်(မန္တလေး)တို့ယှဉ်ပြိုကစားခဲ့ရာ အောင်အောင်ထွန်း(မွန်)ကလည်းကောင်း၊ အမျိုးသား(၅၇)ကီလိုတန်းပြိုင်ပွဲတွင် စောနက္ခအောင်(ကရင်)နှင့် ရာဇာမိုး(မကွေး)တို့ယှဉ်ပြိုင်ကစားခဲ့ရာ စောနက္ခအောင်(ကရင်)ကလည်းကောင်း၊ စိုင်းဇင်ကိုကိုအောင်(ပဲခူး)နှင့် ရှိုင်းငယ်(ရှမ်း)တို့ယှဉ်ပြိုင်ကစားခဲ့ရာ ရှိုင်းငယ်(ရှမ်း)ကလည်းကောင်း၊ ကျော်လင်းဦး(မွန်)နှင့် မျိုးနိုင်ဝင်း(ဧရာဝတီ)တို့ယှဉ်ပြိုင်ကစားခဲ့ရာ ကျော်လင်းဦး(မွန်)ကလည်းကောင်း၊ မင်းဆက်သာဦး(စစ်ကိုင်း)နှင့် ဇော်ဇော်နိုင်(မန္တလေး)တို့ယှဉ်ပြိုင်ကစားခဲ့ရာ မင်းဆက်သာဦး(စစ်ကိုင်း)ကလည်းကောင်း၊ အမျိုးသား(၆၃.၅)ကီလိုတန်းပြိုင်ပွဲတွင် စောအောင်ဟိန်း(ကရင်)နှင့် နုတ်မာရ်(ကချင်)တို့ယှဉ်ပြိုင်ကစားခဲ့ရာ နုတ်မာရ်(ကချင်)ကလည်းကောင်း၊ ထွန်းထွန်းဝင်း(မန္တလေး)နှင့် လဝန်းအောင်(မကွေး)တို့ယှဉ်ပြိုင်ကစားခဲ့ရာ ထွန်းထွန်းဝင်း(မန္တလေး)ကလည်းကောင်း၊ ညီဇေယျာမင်း(ရှမ်း)နှင့် သက်ပိုင်(ပဲခူး)တို့ယှဉ်ပြိုင်ကစားခဲ့ရာ ညီဇေယျာမင်း(ရှမ်း)ကလည်းကောင်း၊ မျိုးသူအောင်(မွန်)နှင့် စိုင်းနော်ခန့်(စစ်ကိုင်း)တို့ယှဉ်ပြိုင်ကစားခဲ့ရာ မျိုးသူအောင်(မွန်)ကလည်းကောင်း၊ အမျိုးသား(၇၁)ကီလိုတန်းပြိုင်ပွဲတွင် စည်သူထက်(ရန်ကုန်)နှင့် သက်ဝေ(ကရင်)တို့ယှဉ်ပြိုင်ကစားခဲ့ရာ စည်သူထက်(ရန်ကုန်)ကလည်းကောင်း၊ သုတဇော်(ရခိုင်)နှင့် ရှိုင်းထက်ကိုကို(ကချင်)တို့ယှဉ်ပြိုင်ကစားခဲ့ရာ ရှိုင်းထက်ကိုကို(ကချင်)ကလည်းကောင်း၊ အမျိုးသား(၇၅)ကီလိုတန်းပြိုင်ပွဲတွင် အာကာချမ်းမြေ့ဦး(ရန်ကုန်)နှင့် စောထလယ်ထွဋ်(ကရင်)တို့ယှဉ်ပြိုင်ကစားခဲ့ရာ စောထလယ်ထွဋ်(ကရင်)ကလည်းကောင်း၊ အောင်ဇင်ထိုက်(စစ်ကိုင်း)နှင့် လင်းထက်ကျော်(ရခိုင်)တို့ယှဉ်ပြိုင်ကစားခဲ့ရာ အောင်ဇင်ထိုက်(စစ်ကိုင်း)ကလည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။

အောက်တိုဘာ(၆)ရက်နေ့ မွန်းလွဲ(၂)နာရီတွင် အမျိုးသား/အမျိုးသမီး ဝိတ်တန်းအလိုက် ကီလိုတန်း ပြိုင်ပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး လက်ဝှေ့အားကစားကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသိရသည်။