အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပြိုင်ပွဲဝင်ကစားသမားများ တည်းခိုနေထိုင်သည့် အားကစားရွာအတွင်းသို့ လိုက်လံကြည့်ရှု

ဟန်ကျိုး၊ အောက်တိုဘာ(၃)။

မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့နံနက် ဒေသစံတော်ချိန် (၆)နာရီအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟန်ကျိုးမြို့ အားကစားရွာရှိ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် နဂါးလှေလှော်(Dragon Boat) မြန်မာအသင်းအား သွားရောက် တွေ့ဆုံအားပေးစကားပြောကြား၍ ဝမ်းကျိုးမြို့သို့ ဆက်လက်ထွက်ခွာမည့် မြန်မာလှေလှော်အသင်းအား ပို့ဆောင်နှုတ်ဆက်ခဲ့သည်။ ထို့နောက် အားကစားရွာအတွင်းရှိ နိုင်ငံတကာ အားကစားသမားများ နေထိုင်ရန်စီစဉ်ထားသည့် အဆောက်အဦးများ၊ Fitness Center များအား လိုက်လံကြည့်ရှူ၍ မြန်မာအားကစားသမားများ နေထိုင်သည့်နေရာနှင့် မြန်မာနိုင်ငံအိုလံပစ် ကော်မတီရုံးခန်းတွင်ပြင်ဆင်ဖွဲ့စည်းထားသောအခန်းများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရှိရ သည်။

(၃.၁၀.၂၀၂၃)ရက်နေ့ ပိုက်ကျော်ခြင်းအားကစားနည်း အမျိုးသား(၄)ယောက်တွဲ အကြိုဗိုလ်လုပွဲ ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် ဂျပန်အသင်းတို့ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက ဂျပန်အသင်းကို (၂)ပွဲ (၁)ပွဲဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့သည်။

(၄.၁၀.၂၀၂၃)ရက်နေ့ ပိုက်ကျော်ခြင်းအားကစားနည်း ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဒေသစံတော်ချိန် နံနက်(၉)နာရီအချိန်တွင် မြန်မာအသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။