အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန (ရုံးသစ်) ဖွင့်ပွဲအခမ်းအနားနှင့် စခန်းသွင်း အားကစားသမားများ လေ့ကျင့်နေမှုအားကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန (ရုံးသစ်) ဖွင့်ပွဲအခမ်းအနားတက်ရောက်ခြင်းနှင့် စခန်းသွင်း အားကစားသမားများ လေ့ကျင့်နေမှုအားကြည့်ရှုအားပေး ရန်ကုန် ၊ မေလ(၇)ရက်။ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန(ရုံးသစ်) ဖွင့်ပွဲ အခမ်းအနားကိုယနေ့နံနက်(၈)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာအထောက် အကူပြုကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ Bo Min Bo Co,ltdမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက် ခဲ့ကြပါသည်။ အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ငလျင်ဒဏ်သင့် ဝန်ထမ်းများအား ယာယီနေရာချထားရန်ကိစ္စများ၊ အထောက်အပံ့ပစ္စည်းများရရှိမှုနှင့် ဖြန့်ဝေသုံးစွဲမှု၊ ပျက်စီးဆုံးရှုံးမှုအပေါ် ရှင်းလင်းဖယ်ရှားမှုနှင့် ယာယီဘာရှာအဆောက်အဦများ ဆောက်လုပ်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးခြင်းအစည်းအဝေးကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ငလျင်ဒဏ်သင့် ဝန်ထမ်းများအား ယာယီနေရာချထားရန်ကိစ္စများ၊ အထောက်အပံ့ပစ္စည်းများရရှိမှုနှင့် ဖြန့်ဝေသုံးစွဲမှု၊ ပျက်စီးဆုံးရှုံးမှုအပေါ် ရှင်းလင်းဖယ်ရှားမှုနှင့် ယာယီဘာရှာအဆောက်အဦများ ဆောက်လုပ်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးခြင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ မေ ၅ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ငလျင်ဒဏ်သင့် ဝန်ထမ်းများအား ယာယီ နေရာချထားရန်ကိစ္စများ၊ လှူဒါန်းငွေများ၊ အထောက်အပံ့ပစ္စည်းများရရှိမှုနှင့် ဖြန့်ဝေသုံးစွဲမှု၊ ရုံး အဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများ ပျက်စီးဆုံးရှုံးမှုအပေါ် ရှင်းလင်းဖယ်ရှားမှုနှင့် ယာယီ ဘာရှာအဆောက်အဦများ ဆောက်လုပ်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးခြင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိ စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကားပြောကြားရာတွင် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ဝန်ထမ်းများ၊ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)အတွင်း ရှိ ဝန်ကြီးဌာနများမှ တိုက်တာဝန်ခံများနှင့်တွေ့ဆုံပြီး အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်သည့် အစည်းအဝေးကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)အတွင်း ရှိ ဝန်ကြီးဌာနများမှ တိုက်တာဝန်ခံများနှင့်တွေ့ဆုံပြီး အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်သည့် အစည်းအဝေးကျင်းပ နေပြည်တော်၊ မေ ၃ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)အတွင်း Cluster အသီးသီးရှိ အဆောင်များတွင် နေထိုင် ကြသည့် ဝန်ကြီးဌာနများမှ တိုက်တာဝန်ခံ/ ဒု-တိုက်တာဝန်ခံ အရာထမ်း/အမှုထမ်းများနှင့်တွေ့ဆုံပြီး အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်သည့်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ပြင်းထန်ငလျင်ဘေးဒဏ်ကြောင့် ဝန်ထမ်းအိမ်ရာများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)တွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီး ဌာနပေါင်းစုံမှ အရာထမ်း/အမှုထမ်းများနှင့် အားကစားသမားများ […]

PENANE INVITATIONAL JICA JUDO CHAMPIONSHIP 2025 ပြိုင်ပွဲတွင် အောင်မြင်မှုဆုတံဆိပ်များရရှိခဲ့သည့် မြန်မာဂျူဒို အားကစားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Loading

PENANE INVITATIONAL JICA JUDO CHAMPIONSHIP 2025 ပြိုင်ပွဲတွင် အောင်မြင်မှုဆုတံဆိပ်များရရှိခဲ့သည့် မြန်မာဂျူဒို အားကစားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ မေ ၃ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ မလေးရှားနိုင်ငံ၊ ပီနန်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် PENANE INVITATIONAL JICA JUDO CHAMPIONSHIP 2025 ပြိုင်ပွဲ တွင် အောင်မြင်မှုဆုတံဆိပ်များရရှိခဲ့သည့် မြန်မာဂျူဒိုအားကစားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဂျူဒိုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် […]

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပြင်းထန်ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းများနေထိုင်ရန်အတွက် တည်ဆောက်လျက်ရှိသည့် ဘာရှာများအားလိုက်လံကြည့်ရှုစစ်ဆေး

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပြင်းထန်ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းများနေထိုင်ရန်အတွက် တည်ဆောက်လျက်ရှိသည့် ဘာရှာများအားလိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ မေ ၂ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မှ ပြင်းထန်ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းများနေထိုင်ရန်အတွက် တည်ဆောက်လျက်ရှိသည့် ဘာရှာများအားလိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပြင်းထန်ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အဆင်ပြေချောမွေ့စွာဖြင့် လေဝင်လေထွက်ကောင်းမွန်ပြီး ကျယ်ကျယ် ဝန်းဝန်းနှင့် နေထိုင်နိုင်ရန်အတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း မိန်းဂိတ်ဝ ဘယ်/ ညာရှိ အဆောင်(၁၊ ၂၊ ၃နှင့် ၄)တို့တွင် (၂)ခန်းတွဲ ဘာရှာများ ဖွဲ့စည်းတည်ဆောက်နေမှုအခြေအနေများအား […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေးအတွက် အောင်နိုင်ရေး၊ လေ့ကျင့်ရေးနှင့် နည်းစနစ်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေးအတွက် အောင်နိုင်ရေး၊ လေ့ကျင့်ရေးနှင့် နည်းစနစ်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဧပြီ ၃၀ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် သည် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှု ဆုတံဆိပ်များ ရရှိစေရေးအတွက် အောင်နိုင်ရေး၊ လေ့ကျင့်ရေးနှင့် နည်းစနစ်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ် (၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ လတွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ တွင် အောင်မြင်မှုဆုတံဆိပ်များ ရရှိစေရေးအတွက် အောင်နိုင်ရေးကိုရှေ့ရှုပြီး လေ့ကျင့်ရေးပိုင်း၊ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငလျင်ဒဏ်သင့် အရာထမ်း/ အမှုထမ်းများအား ထောက်ပံ့ပစ္စည်းများကို စတုတ္ထအကြိမ်ဖြန့်ခွဲပေးအပ်ပွဲ အခမ်းအနားကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငလျင်ဒဏ်သင့် အရာထမ်း/ အမှုထမ်းများအား ထောက်ပံ့ပစ္စည်းများကို စတုတ္ထအကြိမ်ဖြန့်ခွဲပေးအပ်ပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ ဧပြီ ၂၉ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ငလျင်ဒဏ်သင့် အရာထမ်း/ အမှုထမ်းများအား အလှူရှင်များမှ လှူဒါန်းထားသည့် ထောက်ပံ့ပစ္စည်းများကို စတုတ္ထအကြိမ်ဖြန့်ခွဲပေးအပ်ပွဲ အခမ်းအနားကို ယနေ့ည‌နေပိုင်းတွင် နေပြည်တော် အားကစား‌လေ့ကျင့်ရေးစခန်း (Gold Camp) ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကားပြောကြားရာတွင် မတ်လ ၂၈ ရက်နေ့၌ ၇.၇ ရစ်(ခ်)တာ စကေးနှုန်းဖြင့် လှုပ်ခတ်ခဲ့သည့် ပြင်းထန်ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ခံစားခဲ့ရသည့် မိမိတို့ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်း/ အမှုထမ်းများအား နေထိုင်စားသောက်မှုများ၊ သောက်ရေနှင့် သုံးရေများ အဆင်ပြေချောမွေ့စေရန် အားကစား လေ့ကျင့်ရေးစခန်း(Gold […]

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အားကစားလူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ပဲခူး လူငယ်စင်တာ ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်

Loading

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အားကစားလူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ပဲခူး လူငယ်စင်တာ ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ် ပဲခူး ဧပြီ ၂၈ ပဲခူးမြို့၌ လူငယ်စင်တာ ဖွင့်ပွဲအခမ်းအနားအား ရွှေမော်ဓောဘုရားလမ်းနှင့် ရှင်စောပုလမ်းထောင့်ရှိ အဆိုပါအဆောက်အုံ၌ ဧပြီလ(၂၈)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့် ဖွင့်လှစ်ပေးခဲ့ကြသည်။ ရှေးဦးစွာ လူငယ်စင်တာ ဖွင့်ပွဲအခမ်းအနားအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ လူမှုရေးဝန်ကြီး ဦးမျိုးအောင်၊ လူရည်ချွန် မခြူးတိမ်လွှာထက်နှင့် ထူးချွန်အားကစားသမား မမေဟန်နီနီအောင်လွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြ သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဇင်မင်းထက်တို့က လူငယ်စင်တာ ဆိုင်းဘုတ်အား […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ပီတန်းအားကစားနည်း ပထမအကြိမ် Single Shooting လက်ရည်ဆန်းစစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ တက်ရောက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ပီတန်းအားကစားနည်း ပထမအကြိမ် Single Shooting လက်ရည်ဆန်းစစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ တက်ရောက် နေပြည်တော်၊ ဧပြီ ၂၆ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပီတန်းအားကစားသမားများ၏ ပထမအကြိမ် Single Shooting လက်ရည်ဆန်းစစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။ ယနေ့ ပြိုင်ပွဲပွဲစဉ်များအဖြစ် ပီတန်းအားကစားနည်း Single Shooting (Men/ Women) တတိယလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် ဆုချီးမြှင့်ပွဲအား […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့၊ အလေးမနှင့် မြားပစ်အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့၊ အလေးမနှင့် မြားပစ်အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဧပြီ ၂၄ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူ များလိုက်ပါလျက် ယနေ့ညနေပိုင်းတွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားနည်းများ အနက်မှ လက်ဝှေ့၊ အလေးမ နှင့် မြားပစ်အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများနှင့် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အားကစားကွင်း/အားကစားရုံအခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပ ပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ […]