အားကစားရေးရာဝန်ကြီးဌာန

အားကစားသမားများ အားကစားနည်းအလိုက် လေ့ကျင့်မှုများကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့်အားကစားဆိုင်ရာ ကော်မတီမှ တာဝန်ရှိသူများနှင့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်း များက လိုက်လံကြည့်ရှုအားပေး

Loading

အားကစားသမားများ အားကစားနည်းအလိုက် လေ့ကျင့်မှုများကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့်အားကစားဆိုင်ရာ ကော်မတီမှ တာဝန်ရှိသူများနှင့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်း များက လိုက်လံကြည့်ရှုအားပေး နေပြည်တော်၊ ဇူလိုင် ၂၂ နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း(Gold Camp)တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် လက်ရွေးစင်အားကစားသမားများနှင့် လူငယ်အားကစားသမားများသည် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ အားကစားကွင်း/အားကစားရုံများ၌ အားကစားနည်းအလိုက်‌ လေ့ကျင့်နေမှုများကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ဒုတိယဝန်ကြီး၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစား ဆိုင်ရာကော်မတီမှ တာဝန်ရှိသူများနှင့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်း များက လိုက်လံကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေကျင့်ရေးခန်းမ-(၂) Training Center Hall-2 […]

နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း/အားကစားရုံများတွင် လက်ရွေးစင်အားကစားသမားများနှင့် လူငယ်အားကစားသမားများ အားကစားနည်းအလိုက် လေ့ကျင့်မှုများပြုလုပ်

Loading

နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း/အားကစားရုံများတွင် လက်ရွေးစင်အားကစားသမားများနှင့် လူငယ်အားကစားသမားများ အားကစားနည်းအလိုက် လေ့ကျင့်မှုများပြုလုပ် နေပြည်တော်၊ ဇူလိုင် ၂၁ နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း(Gold Camp)တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် လက်ရွေးစင်အားကစားသမားများနှင့် လူငယ်အားကစားသမားများသည် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ အားကစားကွင်း/အားကစားရုံများ၌ အားကစားနည်းအလိုက်‌ လေ့ကျင့်နေမှုများကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ (Gold Camp)နှင့် (Youth Camp)တို့မှ တာဝန်ရှိသူများနှင့်အတူ လိုက်လံကြည့်ရှု အားပေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေကျင့်ရေးခန်းမ-(၂) Training Center Hall-2 တွင်(Gold Camp)မှ လက်ရွေးစင်အားကစားသမားများနှင့် (Youth Camp)မှ လူငယ်အားကစားသမားများ၏ ပိုက်ကျော်ခြင်းလေ့ကျင့်ရေးရုံ၌ လေ့ကျင့်လျက်ရှိသည့် ပိုက်ကျော်ခြင်း […]

အောင်ဆန်းအားကစားကွင်းအတွင်းရှိအဆောက်အဦဟောင်းများ ‌လေလံတင်ရောင်းချရေးအတွက် အိတ်ပိတ်တင်ဒါဖွင့်ဖောက်စစ်ဆေးခြင်းနှင့် (၃၄)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် စခန်းသွင်းလေ့ကျင့်နေသော အလေးမနှင့်ဝူရှူးအားကစားအဖွဲ့များအားသွားရောက်ကြည့်ရှုစစ်ဆေး

Loading

အောင်ဆန်းအားကစားကွင်းအတွင်းရှိအဆောက်အဦဟောင်းများ ‌လေလံတင်ရောင်းချရေးအတွက် အိတ်ပိတ်တင်ဒါဖွင့်ဖောက်စစ်ဆေးခြင်းနှင့် (၃၄)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် စခန်းသွင်းလေ့ကျင့်နေသော အလေးမနှင့်ဝူရှူးအားကစားအဖွဲ့များအားသွားရောက်ကြည့်ရှုစစ်ဆေး ရန်ကုန် ၊ ဇူလိုင် ၂၀ အောင်ဆန်းအားကစားကွင်းအတွင်းရှိ အဆောက်အဦဟောင်းများ ‌လေလံတင်ရောင်းချရေး အတွက် အိတ်ပိတ်တင်ဒါဖွင့်ဖောက်စစ်ဆေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပခဲ့ သည်။ ဦးစွာ လေလံတင်ရောင်းချရေးအဖွဲ့ ဥက္ကဋ္ဌ၊အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက အဖွင့်အမှာစကားပြောကြားရာတွင် လုပ်ငန်းဆောင်ရွက်ရန် လာရောက်ယှဉ်ပြိုင်သည့် ကုမ္ပဏီများမှ Lot အလိုက် အိတ်ပိတ်တင်ဒါတင်သွင်းလာသည့် တင်ဒါလျှောက်လွှာများအား စည်းမျဉ်း/ စည်းကမ်းများအတိုင်း စနစ်တကျဖွင့်ဖောက်စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ အောင်ဆန်းအားကစားကွင်း ပတ်လည်ရှိဆိုင်ခန်းများကိုတစ်လအတွင်းဖျက်သိမ်းသွားရန် ဆိုင်ပိုင်ရှင်များကိုကြိုတင် အကြောင်းကြား ထားပြီးဖြစ်ပါကြောင်း၊ သတ်မှတ်ကာလကျော်လွန်ပြီးဖျက်သိမ်းရန်ကျန်ရှိနေသော ဆိုင်ခန်းများအား Lot အလိုက် တင်ဒါအောင်မြင်သူများက ပိုင်ဆိုင်ခွင့်ရရှိသွားမည်ဖြစ်ပါကြောင်း၊ တင်ဒါအောင်မြင်ပြီး ပါက လုပ်ငန်းဆောင်ရွက်ရာတွင် […]

မလေးရှားနိုင်ငံ၊ ဆူဘန်ဂျာရာမြို့တွင် (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဒုတိယအကြိမ်အဖွဲ့ချုပ်ကောင်စီအစည်းအဝေးသို့ တက်ရောက်ပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးဦးရဲမြင့်ထွန်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ

Loading

မလေးရှားနိုင်ငံ၊ ဆူဘန်ဂျာရာမြို့တွင် (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဒုတိယအကြိမ်အဖွဲ့ချုပ်ကောင်စီအစည်းအဝေးသို့ တက်ရောက်ပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးဦးရဲမြင့်ထွန်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ ရန်ကုန်၊ ဇူလိုင် ၁၈ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ မလေးရှားနိုင်ငံ ၊ ဆူဘန်ဂျာရာမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၄)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဒုတိယအကြိမ် အဖွဲ့ချုပ်ကောင်စီ အစည်းအဝေးသို့ တက်ရောက်ပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ဦးဆောင်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး ၊ မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲမြင့် ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားရေးရာဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးဇော်စိုး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြား‌ရေးမှူး ဦးခွန်ဂျာအောင် ၊ ညွှန်ကြား‌ရေးမှူး ဒေါက်တာစိုးမင်းဦး၊ ညွှန်ကြားရေးမှူးဒေါ်စိုးစိုးမြာ၊ […]

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့ ၁၆-၇-၂၀၂၆ ရက်နေ့တွင် ကချင်ပြည်နယ်၊ မချမ်းဘောမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးငွါးရဲ့ဆဲ၏ ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားချက်

Loading

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့ ၁၆-၇-၂၀၂၆ ရက်နေ့တွင် ကချင်ပြည်နယ်၊ မချမ်းဘောမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးငွါးရဲ့ဆဲ၏ ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားချက် ဦးငွါးရဲ့ဆဲ (မချမ်းဘော မဲဆန္ဒနယ်)ကိုယ်စား ဦးဆင်ဆုန်း(ခေါင်လင်ဖူးမဲဆန္ဒနယ်)က မချမ်းဘော မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးနှင့် အားကစားကွင်းများ တည်ဆောက် ပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်ကြယ်ပွင့်ပြမေးခွန်း မချမ်းဘောမြို့နယ်သည် မလိခမြစ်ကမ်းပေါ်တွင် တည်ရှိပြီး အထင်ကရ ဂိုဘားရိပ်သာနှင့် အလွန်ထူးဆန်းသော ကျောက်နဂါးတည်ရှိရာမြို့ဖြစ်ပါကြောင်း၊ အဓိကအားဖြင့် လိုအောင်၊ လီဆူ၊ ဂျိမ်းဖော၊ ခန္တီး၊ ဆန်းလစ်၊ ဗမာလူမျိုးများ စုပေါင်းနေထိုင်ကြသော  မြို့နယ်ဖြစ်ပါကြောင်း၊ မချမ်းဘော မြို့နယ်တွင် ၁၉၉၆ ခုနှစ်ဝန်းကျင်မှစတင်ကာ အားကစားနှင့်ကာယပညာဦးစီးဌာနကို ဖွဲ့စည်းခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုနှင့်အတူ ဝန်ထမ်းများသည် […]

မလေးရှားနိုင်ငံ၊ ဆူဘန်ဂျာရာမြို့တွင် ကျင်းပမည့် (၃၄)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဒုတိယအကြိမ်အဖွဲ့ချုပ်ကောင်စီအစည်းအဝေးသို့ တက်ရောက်ရန် အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးရဲမြင့်ထွန်းဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ ပြည်ပထွက်ခွာ

Loading

မလေးရှားနိုင်ငံ၊ ဆူဘန်ဂျာရာမြို့တွင် ကျင်းပမည့် (၃၄)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဒုတိယအကြိမ်အဖွဲ့ချုပ်ကောင်စီအစည်းအဝေးသို့ တက်ရောက်ရန် အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးရဲမြင့်ထွန်းဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ ပြည်ပထွက်ခွာ ရန်ကုန်၊ ဇူလိုင် ၁၅ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ မလေးရှားနိုင်ငံ ၊ ဆူဘန်ဂျာရာမြို့တွင် ကျင်းပပြုလုပ်မည့် (၃၄)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲဒုတိယအကြိမ်အဖွဲ့ချုပ်ကောင်စီအစည်းအဝေးသို့ တက်ရောက်ရန် အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ဦးဆောင်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး ၊ မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲမြင့် ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦး၊ အားကစားရေးရာဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးဇော်စိုး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြား‌ရေးမှူး ဦးခွန်ဂျာအောင် ၊ ညွှန်ကြား‌ရေးမှူး ဒေါက်တာစိုးမင်းဦး၊ ညွှန်ကြားရေးမှူးဒေါ်စိုးစိုးမြာ၊ ဒုတိယညွှန်ကြား‌ရေးမှူးဒေါက်တာထက်ဝေ တို့ပါဝင်သောအဖွဲ့သည် ယနေ့ နံနက် ၀၈: […]

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း နေပြည်တော် လူငယ်အားကစားလေ့ကျင့်ရေးစခန်းမှ ပြေးခုန်ပစ် အားကစားသမားများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေး

Loading

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း နေပြည်တော် လူငယ်အားကစားလေ့ကျင့်ရေးစခန်းမှ ပြေးခုန်ပစ် အားကစားသမားများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေး နေပြည်တော်၊ ဇူလိုင် ၁၃ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ဒုတိယဝန်ကြီး ဦးညီညီ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ မြန်မာနိုင်ငံပြေးခုန်ပစ် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်းတို့နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် လူငယ်အားကစား လေ့ကျင့်ရေးစခန်း(Youth Camp)မှ ပြေးခုန်ပစ်အားကစားသမားများ၏ (Event)အမျိုးအစားအလိုက် လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်အားပေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ လေ့ကျင့် လျက်ရှိသည့် (Youth Camp)ပြေးခုန်ပစ်အားကစားနည်းမှ(အပြေး၊ လမ်းလျှောက်နှင့် အခုန်) အားကစားသမားများ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုအတွက် အထောက်အကူပြုစေရန် လေ့ကျင့်ခန်းပြုလုပ် […]

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ ၁၀-၇-၂၀၂၆ ရက်နေ့တွင် ဒေါ်နွယ်နွယ်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပုသိမ်ခရိုင်၊ မဲဆန္ဒနယ် (၂)၊ ဧရာဝတီတိုင်းဒေသကြီး၏ ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားချက်

Loading

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ ၁၀-၇-၂၀၂၆ ရက်နေ့တွင် ဒေါ်နွယ်နွယ်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပုသိမ်ခရိုင်၊ မဲဆန္ဒနယ် (၂)၊ ဧရာဝတီတိုင်းဒေသကြီး၏ ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားချက် ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) မှ ဒေါ်နွယ်နွယ်ဦး မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေကြောင်း ဦးစွာပထမ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်မကတော့ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဒေါ်နွယ်နွယ်ဦး ဖြစ်ပါတယ်။ ဒီကနေ့ ကျင်းပပြုလုပ်တဲ့ လွှတ်တော်အစည်းအဝေးမှာ ကျွန်မရဲ့ သာပေါင်းမြို့နယ်သူ မြို့နယ်သားများ၊ အထူးသဖြင့် ဒေသတွင်းက အားကစားဝါသနာရှင် လူငယ်မောင်မယ်တွေရဲ့ ကိုယ်ကိုယ်တိုင်  ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အားကစားကဏ္ဍ မြှင့်တင်ရေး အတွက် အရေးကြီးလှတဲ့ အခြေခံအဆောက်အအုံ လိုအပ်ချက်များကို မိဘပြည်သူများကိုယ်စား လေးလေးနက်နက် […]

အားကစားရေးရာဝန်ကြီးဌာန ၂၀၂၆ ခုနှစ် မိုးရာသီ အမျိုးသားရေးလူထုလှုပ်ရှားမှု အသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစေ့စိုက်ထည့်ပွဲအခမ်းအနားကျင်းပ

Loading

အားကစားရေးရာဝန်ကြီးဌာန ၂၀၂၆ ခုနှစ် မိုးရာသီ အမျိုးသားရေးလူထုလှုပ်ရှားမှု အသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစေ့စိုက်ထည့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇူလိုင် ၇ ရာသီဥတုပြောင်းလဲဖောက်ပြန်ခြင်း၊ သဘာဝပတ်ဝန်းကျင်ယိုယွင်းပျက်စီးခြင်း၊ သစ်တောများ ပြုန်းတီးခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးခြင်း အစရှိသည့် ကြီးမားသောသဘာဝဘေးအန္တရာယ်များကို တားဆီးကာကွယ်နိုင်ရန်၊ ပြန်လည်ကုစားပေးနိုင်ရန်အတွက် အရိုးရှင်းဆုံးနည်းလမ်းဖြစ်သည့် သစ်ပင်များစိုက်ပျိုးပြီး သစ်တောများကို ထိန်းသိမ်းကာကွယ်နိုင်ရန်နှင့် ငါးမျိုးစေ့များတိုးပွားလာစေရန်၊ ငါးမျိုးစိတ်များမျိုးသုဉ်းခြင်းမှ ကာကွယ်နိုင်စေရန်တို့အတွက် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီ အမျိုးသားရေးလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးခြင်းနှင့် ငါးမျိုးစေ့ စိုက်ထည့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ပရိဝုဏ် အတွင်းရှိ ပြေးခုန်ပစ်တာဝေးအားကစားပြိုင်ကွင်းနှင့် ဝဏ္ဏသိဒ္ဓိရေကန်တို့၌ ကျင်းပခဲ့ရာ အားကစား ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ဒုတိယဝန်ကြီး ဦးညီညီ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် […]

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ ၆-၇-၂၀၂၆ ရက်နေ့တွင် ပြည်ထောင်စုနယ်မြေနေပြည်တော်၊ လယ်ဝေးမြို့နယ် မဲဆန္ဒနယ်မှ ဦးဝင်းဌေး၏ ကြယ်ပွင့်ပြမေးခွန်းနှင့် စပ်လျဉ်း၍ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက ပြန်လည်ဖြေကြားချက်

Loading

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ ၆-၇-၂၀၂၆ ရက်နေ့တွင် ပြည်ထောင်စုနယ်မြေနေပြည်တော်၊ လယ်ဝေးမြို့နယ် မဲဆန္ဒနယ်မှ ဦးဝင်းဌေး၏ ကြယ်ပွင့်ပြမေးခွန်းနှင့် စပ်လျဉ်း၍ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက ပြန်လည်ဖြေကြားချက် ပြည်ထောင်စုနယ်မြေနေပြည်တော်၊ လယ်ဝေးမြို့နယ် မဲဆန္ဒနယ်မှ ဦးဝင်းဌေး၏ ဇေယျာသီရိမြို့နယ်တွင် မြို့တော်ခန်းမတစ်ခုနှင့် ပြေးလမ်း၊ ပွဲကြည့်စင်ပါသည့် ဘောလုံးကွင်း တစ်ကွင်းအား နိုင်ငံတော်အစီအစဉ်ဖြင့် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သည့် ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်း ဇေယျာသီရိမြို့နယ်သည် နိုင်ငံတော်၏မြို့တော်တစ်ခုဖြစ်သော နေပြည်တော်၊ ပြည်ထောင်စုနယ်မြေရှိ အစိုးရ၏ ယန္တရားများနှင့် အနီးကပ်ဆုံး ဆက်စပ်တည်ရှိနေပြီး နေပြည်တော်၏ ၈ မြို့နယ်တွင် အရေးကြီးသော မြို့နယ်တစ်ခုဖြစ်ပါကြောင်း၊ ဇေယျာသီရိမြို့နယ်သည် ဧရိယာစတုရန်းမိုင်ပေါင်း ၂၃၀.၇၅ ကျယ်ဝန်းပြီး […]