အားကစားရေးရာဝန်ကြီးဌာန

Loading

မလေးရှားနိုင်ငံ၊ ဆူဘန်ဂျာရာမြို့တွင် (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဒုတိယအကြိမ်အဖွဲ့ချုပ်ကောင်စီအစည်းအဝေးသို့ တက်ရောက်ပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးဦးရဲမြင့်ထွန်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ

ရန်ကုန်၊ ဇူလိုင် ၁၈

၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ မလေးရှားနိုင်ငံ ၊ ဆူဘန်ဂျာရာမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၄)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဒုတိယအကြိမ် အဖွဲ့ချုပ်ကောင်စီ အစည်းအဝေးသို့ တက်ရောက်ပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ဦးဆောင်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး ၊ မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲမြင့် ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားရေးရာဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးဇော်စိုး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြား‌ရေးမှူး ဦးခွန်ဂျာအောင် ၊ ညွှန်ကြား‌ရေးမှူး ဒေါက်တာစိုးမင်းဦး၊ ညွှန်ကြားရေးမှူးဒေါ်စိုးစိုးမြာ၊ ဒုတိယညွှန်ကြား‌ရေးမှူး ဒေါက်တာထက်ဝေ တို့ပါဝင်သောအဖွဲ့သည် ယနေ့ နေ့လည်၁၃: ၂၀ နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လေယာဥ်အမှတ်(8M-502)ဖြင့် ပြန်လည်ရောက်ရှိရာ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြကြောင်း သိရသည်။