အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရန်ကုန်မြို့ရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး၍ ဘတ်စကက်ဘောပြိုင်ပွဲအား သွားရောက်ကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ ရန်ကုန်မြို့ရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး၍ ဘတ်စကက်ဘောပြိုင်ပွဲအား သွားရောက်ကြည့်ရှုအားပေး ရန်ကုန်၊ အောက်တိုဘာလ(၁၈)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် (၈)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားပြိုင်ဝင်းအဆင့်မြှင့်တင် တည်ဆောက်နိုင်မည့် အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဦးစွာ အစည်းအဝေးခန်းမတွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားကွင်း/အားကစားရုံဌာနခွဲ ညွှန်ကြားရေးမှူးဦးမင်းမင်းထွန်းမှ အောင်ဆန်းအားကစားပြိုင်ဝင်း၏ သမိုင်းအကျဉ်း၊ တည်နေရာ၊ လက်ရှိပွဲကြည့်စင်ပရိတ်သတ်ဝင်ဆံ့မှုအခြေအနေ၊ အဆောက်အဦးများ ပျက်စီးမှုအခြေအနေနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများအား Powerpointဖြင့် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်ချက်များအား လမ်းညွှန်မှာကြားပြီးနောက် အောင်ဆန်းအားကစားပြိုင်ဝင်းအတွင်းရှိ အရှေ့ဘက်ပွဲကြည့်စင်၊ တောင်ဘက်ပွဲကြည့်စင်၊ အနောက်ဘက်ပွဲကြည့်စင်၊ မြောက်ဘက်ပွဲကြည့်စင်များရှိ ပျက်စီးနေသောအဆောက်အဦးအနေအထားများ၊ ခြံစည်းရိုးများ၊ ဘောလုံးကွင်းနှင့် ကွင်းပတ်လည်ရှိ ရေစီးရေလာကောင်းမွန်ရန် ကိစ္စရပ်များ၊ ဘော်လီဘောလေ့ကျင့်ရုံအတွင်းရှိ လူဦးရေဝင်ဆံ့နိုင်မှု အနေအထားများ၊ ပြင်ဆင်ရန်လိုအပ်သည့် အနေအထားများအား ကြည့်ရှုစစ်ဆေးလမ်းညွှန်မှာကြားခဲ့ပါသည်။ […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်အားကစားကွင်း အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည့်သတင်း

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်အားကစားကွင်း အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည့်သတင်း နေပြည်တော်၊ အောက်တိုဘာလ(၁၇)ရက်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် ခရီးစဉ်၌ လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်အားကစားကွင်း အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။ ဦးစွာ အားကစားကွင်း ရှင်းလင်းဆောင်၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဦးစိုးလွင်တို့က ဇွဲကပင် အားကစားကွင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများနှင့် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ နေပြည်တော်၊ အောက်တိုဘာ(၁၃)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများ သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Chen Hai ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင် (၅)ဦးတို့အား ယနေ့ နံနက် (၁၁:၀၀)နာရီတွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိ အစည်းအဝေးခန်းမ၌  လက်ခံတွေ့ဆုံခဲ့ပါသည်။ ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E Mr. Chen Hai က မြန်မာ နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ အနေဖြင့် ကောင်းမွန်သောရလဒ်များ ရရှိခဲ့သည်ကို တွေ့မြင်ရပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်လည်း အောင်မြင်မှုများ ရရှိခဲ့သည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ တရုတ်အစိုးရအနေဖြင့် […]

၂၀၂၃ခုနှစ်၊(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၃ခုနှစ်၊(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ အောက်တိုဘာလ (၇)။ ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀:၀၀)နာရီ အချိန်တွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထား သည့် လူမှုရေးဦးတည်ချက် (၃)ရပ်အနက် “ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည် မြင့်မားရေး” ဟူသော ဦးတည်ချက်နှင့်အညီ နေပြည်တော်ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများကို နှစ်စဉ် အားကစားပြက္ခဒိန်ရေးဆွဲပြီး ကျင်းပပြုလုပ် ပေးလျက်ရှိကြောင်း၊ လာမည့် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့၊ (၇၅)နှစ်မြောက် စိန်ရတု […]

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ အစည်းအဝေးကျင်းပပြုလုပ်မှုအခြေအနေ

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်မှုအခြေအနေ ရန်ကုန်၊ အောက်တိုဘာ(၄)ရက်။ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ အစည်းအဝေးကိုယနေ့ နံနက် (၁၀:၀၀)နာရီက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဌ(ကိုယ်စား) ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဦးတင်သိန်း၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာစိုးဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဝင်များတက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဌ (ကိုယ်စား) ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဦးတင်သိန်းကအဖွင့်အမှာစကားပြောကြားပြီးနောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာစိုးဝင်းကလူငယ်ရေးရာဦးစီးဌာနအနေဖြင့် လူငယ်တို့ ကြုံတွေ့နေရသော ပြဿနာအခက်အခဲများကိုဖြေရှင်းကျော်လွှား၍ မြန်မာနိုင်ငံလူငယ်များ၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ ဖွံ့ဖြိုးမှုအနာဂတ်အလားအလာကောင်းများကိုရှေ့ဆောင်လမ်းပြပေး၍ လူငယ်ရေးရာမူဝါဒရေးဆွဲထားရှိပြီး၊ လူငယ်ရေးရာမူဝါဒကိုလက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မည့် မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းစဉ်များမှာကျယ်ပြန့်ပါ ကြောင်း၊ လူငယ်ထုအားမြန်မာပြည်တွင်းသာမကအာဆီယံအသိုင်းအဝန်းအထိကျယ်ပြန့်စွာပါဝင် စေရေးဆောင်ရွက်နေသည့် လူငယ်ကဏ္ဍ (၁၆) ရပ်ရှိရာအခြေခံကျကျ အကောင်အထည်ဖော် ဆောင်ရွက်ရန် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းရှိ လေကြောင်းဝါသနာရှင်များအသင်းမှ လေ့ကျင့်နေသည့် လူငယ်များအား တွေ့ဆုံ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းရှိ လေကြောင်းဝါသနာရှင်များအသင်းမှ လေ့ကျင့်နေသည့် လူငယ်များအားတွေ့ဆုံ ရန်ကုန်၊ အောက်တိုဘာလ(၃)ရက်။ လေကြောင်းပညာရပ်မျာအား ဝါသနာပါရာလုပ်ငန်းတစ်ရပ်အဖြစ် လေ့လာလိုက်စားလိုသူများအား တစ်စုတစ်စည်းထဲ ဖွဲ့စည်း၍ တိုးတက်ဖွံ့ဖြိုးလျက်ရှိသည့် လေကြောင်းပညာရပ်များကို ပိုမိုစူးစမ်းလေ့လာနိုင်စေရန်၊ နိုင်ငံတော်၏ လေကြောင်းလောကအတွက် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ထွန်းကားလာစေရန်နှင့် နိုင်ငံတော်မှအားထားရမည့် လေကြောင်းအတတ်ပညာရှင်များပြုစုပျိုးထောင်ရာတွင် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီပြီး နိုင်ငံတော်၏ လေကြောင်းစွမ်းအား ခိုင်မာတောင့်တင်းစေရန် ရည်ရွယ်ဖွင့်လှစ်ထားရှိသည့် ရန်ကုန်မြို့ ကျိုက္ကဆံကွင်း(အား/ကာသိပ္ပံ၊ ရန်ကုန်)ရှိ မြန်မာနိုင်ငံလေကြောင်းဝါသနာရှင်များအသင်းမှ လေ့ကျင့်နေသည့် လူငယ်များအား ယနေ့နံနက်(၉)နာရီက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း သွားရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ မြန်မာနိုင်ငံလေကြောင်းဝါသနာရှင်များအသင်း ဥက္ကဌ ဦးအောင်ကျော်ငြိမ်းက ရုံးအစည်းအဝေးခန်းမ၌ အသင်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များ၊ လေကြောင်းပညာရပ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် လူငယ်များဘက်စုံဖွံ့ဖြိုး […]

မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း ဒေသကြီး လူငယ်ရေးရာကော်မတီ အစည်းအဝေးကျင်းပ

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ အစည်းအဝေးကျင်းပ ရန်ကုန်၊စက်တင်ဘာလ(၃၀)ရက်။ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ အစည်းအဝေးကို ယနေ့နံနက်(၉)နာရီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၃)၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း ၊ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ စိုးဝင်း ၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ပိုမိုထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းပေးခဲ့ပြီး လူငယ်ရေးရာဦးစီးဌာနကိုလည်း တိုးချဲ့ဖွဲ့စည်းခဲ့ပြီး […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေကြည်မြို့နယ်၊ ကျုံပျော်မြို့နယ်နှင့် ဓနုဖြူမြို့နယ်များရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေကြည်မြို့နယ်၊ ကျုံပျော်မြို့နယ်နှင့် ဓနုဖြူမြို့နယ်များရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ စက်တင်ဘာ(၂၉) ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦး‌တင်မောင်ဝင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်(၈)နာရီခွဲအချိန်တွင် ရေကြည်မြို့နယ် ဘောလုံးအားကစားကွင်းနှင့် မိုးလုံလေလုံအားကစားခန်းမ အကြီးစားပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဘောလုံးအားကစားကွင်း စိမ်းလန်းစိုပြေစေရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ရေမဝပ်စေရေးအတွက် မြက်များ မကြာခဏရိတ်သိမ်းပေးရန်နှင့် အားကစားခန်းမအတွင်း မှောင်မနေစေရန်၊ ခိုငှက်များ မဝင်ရောက်နိုင်အောင် စနစ်တကျကာရံသွားရန်၊ ကြမ်းခင်းများ ရေရှည်ခိုင်ခံ့မှုရှိစေရန်အတွက် လေဝင်ပေါက်များ စနစ်တကျထားရှိရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများအားလုံး ကျန်းမာရေးနှင့်လုံခြုံရေး အထူးဂရုစိုက်ကြရန်လိုကြောင်း၊ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် မိသားစုစိတ်ဓါတ်ထားရှိ၍ အပြန်အလှန်လေးစားမှုရှိပြီး စည်းလုံးညီညွတ်စွာ ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပညာဝမ်းစာပြည့်ဝအောင် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ တည်ဆောက်မည့်မြေနေရာနှင့် အားကစားကွင်း/အားကစားရုံများအား ကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ တည်ဆောက်မည့်မြေနေရာနှင့် အားကစားကွင်း/အားကစားရုံများအား ကြည့်ရှုစစ်ဆေး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်အောင် နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက် (၈)နာရီမှစတင်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် သစ်ပုတ်ကုန်းကျေးရွာအုပ်စုအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံတည်ဆောက်မည့် ဧက(၅၀) မြေနေရာနှင့် ကန်သုံးဆင့် အဆင့်မြင့်ရေကူးကန် တည်ဆောက်မည့် မြေနေရာတို့အားလည်းကောင်း၊ ပုသိမ်မြို့ ကိုးသိန်းအားကစားပြိုင်ကွင်းရှိ ဘောလုံးအားကစားကွင်း အရှေ့ဘက် (၁၂၀ပေx၂၀ပေ) (၂)ထပ် ပွဲကြည့်စင်တည်ဆောက်နေမှုနှင့် အိပ်ဆောင်တည်ဆောက်မည့် မြေနေရာတို့အားလည်းကောင်း၊ ဘောလုံးကွင်းနှင့် Synthetic ပြေးလမ်းတွင် ရေမတင်စေရေးတာဝန်ရှိသူများမှ စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွား ရန်နှင့် မိုးလုံလေလုံ(ပြည်သူ့အားကစားရုံ)တို့အားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားရုံ ရေရှည်တည်တံ့စေရေးနှင့် ခိုငှက်များမဝင်နိုင်စေရန် ဝင်ပေါက်များအားစနစ်တကျ ကာရံသွားရန်၊ ကြမ်းခင်းများ ရေရှည်တည်တံ့ခိုင်မြဲစေရေး […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအားကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအားကြည့်ရှုစစ်ဆေး နေပြည်တော်၊ စက်တင်ဘာ(၂၈)။     အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးမောင်မောင်သန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်သို့ ရောက်ရှိခဲ့ရာ ပန်းတနော် မြို့နယ်အားကစားကွင်း/အားကစားရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဘောလုံးအားကစားကွင်း စိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်းသာယာလှပစေရေး၊ အားကစားလောကတိုးတက်စေရေးအတွက် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးနိုင်ရေး၊ ပြည်သူများစိတ်လက်ပေါ့ပါးစွာ လာရောက်လေ့ကျင့်ကစားနိုင်စေရေးနှင့် အားကစားပြိုင်ပွဲများအား အဆင့်အတန်းမြင့်မြင့် လာရောက်ကြည့်ရှုအားပေးနိုင်စေရေး၊ မျိုးဆက်သစ်အားကစားသမားကောင်းများပေါ်ထွက်လာစေရေးအတွက် လိုအပ်သည့် အားကစား အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အားကစားကွင်းနှင့် မိုးလုံလေလုံအားကစားရုံများ ရေရှည်တည်တံ့စေရေးနှင့် နောင်တည်ဆောက်မည့် အားကစားကွင်း/အားကစားရုံများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အဆင့်မီစွာ တည်ဆောက်နိုင်ရေးတို့အတွက် တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်သို့ ရောက်ရှိပြီး မြို့နယ်အားကစားခန်းမအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်၊ ပြည်ထောင်စုဘတ်ဂျက်တွင် အားကစားခန်းမအား […]