အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက် မကွေးမြို့၊ မကွေးတက္ကသိုလ်ဝင်းအတွင်း ကျင်းပပြုလုပ်သော လူငယ်များ ဗလငါးတန် ပြည့်စုံရေး စုံညီပွဲတော် ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်

မကွေး၊ ဖေဖော်ဝါရီ ၃။

လူငယ်များ ဗလငါးတန်ပြည့်စုံရေးစုံညီပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ မကွေးတပ်နယ်မှ ဗိုလ်မှူးချုပ် ထွန်းဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် ဥပဒေချုပ်၊ တက္ကသိုလ်ဌာနအသီးသီးရှိ ပါမောက္ခချုပ်များနှင့် ဒုတိယပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။

ရှေးဦးစွာ လူငယ်များ ဗလငါးတန်ပြည့်စုံရေးစုံညီပွဲတော်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ မကွေးတပ်နယ်မှ ဗိုလ်မှူးချုပ် ထွန်းဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဘက်စုံသုံးခန်းမ၌ကျင်းပရာ အနုပညာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများက ဗလငါးတန်သီချင်းဖြင့် ဂုဏ်ပြုတင်ဆက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ ကိုယ်ရည်ကိုယ်သွေးဖွံဖြိုးတိုးတက်စေရန်၊ လူငယ်များ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေးအတွေးအခေါ် မှန်ကန်စေရန်၊ ပညာရေးကိုအခြေခံပြီး ကျန်းမာကြံ့ခိုင်သော လူငယ်များဖြစ်လာစေရန်၊ ဗဟုသုတပြည့်စုံမှုနှင့် ကျွမ်းကျင်မှုရှိသော ခံယူချက်ကောင်းမွန်သော ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များဖြစ်စေရန် အဓိကထားပြီး ယခုလိုလူငယ်များ ဗလငါးတန်ပြည့်စုံရေးစုံညီပွဲတော်ကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ လူငယ်များအနေဖြင့် အချင်းချင်းတွေ့ဆုံကြပြီး ဗလငါးတန်ပါ ခေါင်းစဉ်များအလိုက် ပွင့်လင်းမြင်သာစွာ ဆွေးနွေးကြပြီး နောက်ဆုံးအဆင့် တန်ဖိုးကြီးမားတဲ့ကဏ္ဍအလိုက် စာတမ်းများဖတ်ကြားတင်ပြကြကာ ယခုလိုလူငယ်များ ဗလငါးတန်ပြည့်စုံရေး စုံညီပွဲတော်ကြီးမှတစ်ဆင့် မကွေးတိုင်းဒေသကြီးရဲ့ အနာဂတ်ကို အလှပဆုံး အတောက်ပဆုံး ထုဆစ်ပုံဖော်ပေးနိုင်မဲ့ စွမ်းရည်ပြည့်ဝသော လူငယ်များပေါ်ထွက်လာစေရန် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်၊၊

ထို့နောက် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျတို့က လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အသီးသီးအမှာစကားပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးတက္ကသိုလ်အတွင်း လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိသည့် ဆွေးနွေးပွဲများ၊ အားကစားလှုပ်ရှားမှုများ၊ ပြခန်းလှုပ်ရှားမှုများနှင့် ဖျော်ဖြေရေးအစီအစဉ်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

#မကွေးတိုင်းဒေသကြီး (ပြန်/ဆက်)