၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအလေးမပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
![]()
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအလေးမပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ နေပြည်တော်၊ စက်တင်ဘာ(၁၆)။ အလေးမအားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ နောက်ဆုံးနေ့ပွဲစဉ်များကို ယနေ့နံနက် (၉)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ ကျင်းပခဲ့သည်။ ယနေ့ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ နောက်ဆုံးနေ့ ပြိုင်ပွဲပွဲစဉ်များအဖြစ် အမျိုးသား (၉၆)ကီလိုပြိုင်ပွဲ၊ အမျိုးသား (၁၀၂) ကီလိုပြိုင်ပွဲ၊ အမျိုးသား (၁၀၉) ကီလိုပြိုင်ပွဲ၊ အမျိုးသမီး(၇၆)ကီလိုပြိုင်ပွဲ၊ အမျိုးသမီး(၈၁)ကီလိုပြိုင်ပွဲနှင့် အမျိုးသမီး(၈၇)ကီလိုနှင့်အထက် ပြိုင်ပွဲများကို အသီးသီးယှဉ်ပြိုင်ကစားခဲ့ကြသည်။ ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကိုဆက်လက်ကျင်းပခဲ့ရာ အမျိုးသမီး(၇၆) ကီလိုပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးကလည်းကောင်း၊ အမျိုးသမီး(၈၁) ကီလိုပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများနှင့် အမျိုးသမီး(၅၉)ကီလိုပြိုင်ပွဲတွင် […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ စတုတ္ထနေ့ပွဲစဉ်များ ဆက်လက်ကျင်းပ
![]()
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ စတုတ္ထနေ့ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ စက်တင်ဘာလ(၁၅)ရက်။ အလေးမအားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အလေးမအားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ စတုတ္ထနေ့ပွဲစဉ်များကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ ဆက်လက်ကျင်းပခဲ့သည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ စတုတ္ထနေ့ ပွဲစဉ်များအဖြစ် အမျိုးသား(၈၁)ကီလိုပြိုင်ပွဲ၊ အမျိုးသမီး(၆၄)ကီလိုပြိုင်ပွဲနှင့် အမျိုးသား (၈၉)ကီလိုပြိုင်ပွဲများအား ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး အမျိုးသား(၈၁)ကီလိုပြိုင်ပွဲတွင် မောင်ခွန်မောင်ခင်(ရှမ်း)က ပထမ၊ မောင်သန်းမျိုးထွန်း(မကွေး)က ဒုတိယ၊ မောင်နေလင်းဦး(ရန်ကုန်)က တတိယဆုများကို လည်းကောင်း၊ အမျိုးသမီး(၆၄)ကီလိုပြိုင်ပွဲတွင် မသူဇာခင်(စစ်ကိုင်း)က ပထမ၊ မအေးစန္ဒာဝင်း(မကွေး)က ဒုတိယနှင့် မရွှေရည်ဖူး(မကွေး)က တတိယဆုများကိုလည်းကောင်း၊ အမျိုးသား(၈၉)ကီလိုပြိုင်ပွဲတွင် မောင်ခိုင်မျိုးဦး(စစ်ကိုင်း)က ပထမ၊ မောင်အောင်ထက်ဟိန်း(မန္တလေး)က ဒုတိယ၊ မောင်လွင်ထူးခန့်(မကွေး)က တတိယဆုများကို […]
မြားပစ်အားကစားသမားများအား လက်ရည်ဆန်းစစ်ခြင်း မြားပစ်ပြိုင်ပွဲကျင်းပ
![]()
မြားပစ်အားကစားသမားများအား လက်ရည်ဆန်းစစ်ခြင်း မြားပစ်ပြိုင်ပွဲကျင်းပ နေပြည်တော်၊ စက်တင်ဘာ(၁၄)။ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် မြားပစ်အားကစားနည်း အောင်မြင်မှုရရှိစေရန်၊ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)မှ လက်ရွေးစင်မြားပစ်အားကစားသမားများနှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)မှ လူငယ်မျိုးဆက်သစ် မြားပစ်အားကစားသမားများအား ပြိုင်ပွဲအတွေ့အကြုံများရရှိစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် မြားပစ်အားကစားသမားများအား လက်ရည်ဆန်းစစ်ခြင်းမြားပစ်ပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့နှင့် (၁၄)ရက်နေ့များတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မြားပစ်လေ့ကျင့်ရေးကွင်း၌ ကျင်းပခဲ့သည်။ ယနေ့ကျင်းပသော အမျိုးသား/အမျိုးသမီး (Recurve) တတိယလုပွဲနှင့် အမျိုးသား/အမျိုးသမီး (Compound) တတိယလုပွဲများကိုလည်းကောင်း၊ အမျိုးသား/အမျိုးသမီး (Compound) ဗိုလ်လုပွဲနှင့် အမျိုးသား/ အမျိုးသမီး (Recurve ) ဗိုလ်လုပွဲ ပွဲစဉ်များကိုလည်းကောင်း ယှဉ်ပြိုင်ခဲ့ကြပါသည်။ ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ အမျိုးသား/အမျိုးသမီး (Compound) တစ်ဦးချင်းပြိုင်ပွဲတွင် […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ ဆက်လက်ကျင်းပ
![]()
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ ဆက်လက်ကျင်းပ နေပြည်တော်၊ စက်တင်ဘာလ(၁၃)ရက်။ အလေးမအားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ ဆက်လက်ကျင်းပခဲ့သည်။ ယနေ့ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ ဒုတိယနေ့ ပြိုင်ပွဲပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး ဝိတ်တန်းအလိုက်ပြိုင်ပွဲများအား ယှဉ်ပြိုင်ကစားခဲ့ကြရာ အမျိုးသမီး (၄၉)ကီလိုပြိုင်ပွဲတွင် မနော်အယ်ကညောဂျော့(ဧရာဝတီ)က ပထမ၊ မထက်ထက်ထွေး (စစ်ကိုင်း)က ဒုတိယ၊ မမာမာထွေး (မန္တလေး)က တတိယနှင့် အမျိုးသား(၆၁)ကီလိုပြိုင်ပွဲတွင် မောင်မြတ်ကျော်သူ (ဧရာဝတီ)က ပထမ၊ မောင်ဝေလွင်ဖြိုး (မန္တလေး)က ဒုတိယနှင့် မောင်အောင်နိုင်လင်း(ရန်ကုန်)က တတိယ၊ အမျိုးသမီး(၅၅ )ကီလိုပြိုင်ပွဲတွင် မသက်မွန်မြင့် (မကွေး)က ပထမ၊ မအေးစန္ဒာ […]
လက်ရွေးစင် မြားပစ်အားကစား သမားများနှင့် လူငယ်မျိုးဆက်သစ် မြားပစ် အားကစားသမားများအား ပြိုင်ပွဲပုံစံဆန်းစစ်မှုပြုလုပ်
![]()
လက်ရွေးစင် မြားပစ်အားကစား သမားများနှင့် လူငယ်မျိုးဆက်သစ် မြားပစ် အားကစားသမားများအား ပြိုင်ပွဲပုံစံဆန်းစစ်မှုပြုလုပ် နေပြည်တော်၊ စက်တင်ဘာလ(၁၃)။ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)မှ လက်ရွေးစင် မြားပစ်အားကစား သမားများနှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)မှ လူငယ်မျိုးဆက်သစ် မြားပစ် အားကစားသမားများအား ပြိုင်ပွဲပုံစံဆန်းစစ်မှုပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မြားပစ်လေ့ကျင့်ရေးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် နံနက်ပိုင်းတွင် မြား(၃၆)ချောင်း (၂)ကြိမ်၊ မြား(၇၂)ချောင်း (Ranking Round) ပစ်ခတ်ခဲ့ကြပြီးနောက် ညနေပိုင်းတွင် ရှုံးထွက်ပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး (Recurve & Compound) မီတာ(၇၀/၅၀)ကွာတားဖိုင်နယ်ပွဲစဉ်များနှင့် အကြိုဗိုလ်လုပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ပစ်ခတ်ခဲ့ကြသည်။ (၁၄.၉.၂၀၂၃)ရက်နေ့၊ နံနက်(၈)နာရီတွင် အမျိုးသား/အမျိုးသမီး (Recurve & Compound) မီတာ (၇၀/၅၀) တတိယလုပွဲနှင့် […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ ကျင်းပ
![]()
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ ကျင်းပ နေပြည်တော်၊ စက်တင်ဘာလ(၁၂)ရက်။ အလေးမအားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ စတင်ကျင်းပခဲ့သည်။ ယနေ့ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ ပထမနေ့ ပြိုင်ပွဲပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး ဝိတ်တန်းအလိုက်ပြိုင်ပွဲများအား ယှဉ်ပြိုင်ကစားခဲ့ကြရာ အမျိုးသမီး(၄၅)ကီလိုတန်းပြိုင်ပွဲတွင် မယဉ်ယဉ်ထွေး(ပဲခူး)က ပထမ၊ မချိုဇင်မြင့်(မကွေး)က ဒုတိယ၊ မခိုင်သဇင်အောင်(ဧရာဝတီ)က တတိယနှင့် အမျိုးသား(၅၅)ကီလိုပြိုင်ပွဲတွင် မောင်ထက်အာကာဖြိုး (မကွေး)က ပထမ၊ မောင်ပြည့်စုံဦး(ဧရာဝတီ)က ဒုတိယနှင့် မောင်မျိုးမင်းထက်(ဧရာဝတီ)က တတိယ အသီးသီးရရှိခဲ့ကြပြီး မောင်ထက်အာကာဖြိုး(မကွေး)သည် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲသတ်မှတ်စံချိန် (၉၅)ကီလိုကို (၉၆)ကီလိုဖြင့် အမြန်မစံချိန်သစ် တင်နိုင်ခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး […]
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ ပဲခူးတက္ကသိုလ်၊ စုဝေးခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်
![]()
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ ပဲခူးတက္ကသိုလ်၊ စုဝေးခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ် ပဲခူး၊ စက်တင်ဘာလ(၁၁)ရက်။ ပဲခူးတက္ကသိုလ်၊ စုဝေးခန်းမ၌ စက်တင်ဘာလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော လူငယ်စကားဝိုင်း ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံ၏ အနာဂတ်ကို ဆက်လက်တာဝန်ယူသွားမည့် လူငယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးစေရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး လူငယ်များကလည်း အသိပညာဗဟုသုတပြည့်စုံစေရန်၊ အမှား/အမှန် ကောင်းကျိုးဆိုးပြစ်များကို ဝေဖန်ပိုင်းခြားနိုင်ရန်နှင့် နောင်တစ်ချိန် နိုင်ငံ့တာဝန်များကို ထမ်းဆောင်သည့်အခါ ရဲရင့်ယုံကြည်စွာဖြင့် အများအကျိုးသယ်ပိုးထမ်းဆောင်နိုင်သော တိုင်းပြည်ကအားထားရသော သားကောင်းသမီးမွန်များဖြစ်စေရန် ကြိုးစားကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။ ၎င်းနောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က “တိုင်းပြည်အနာဂတ်အတွက် လူငယ်များ၏ အရေးပါမှုအခန်းကဏ္ဍ”နှင့်ပတ်သက်၍ ဆွေးနွေးဟောပြောခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးမည့် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာ့လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင် အားကစားအဖွဲ့များအား တွေ့ဆုံအမှာစကားပြောကြား
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာ့လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင် အားကစားအဖွဲ့များအား တွေ့ဆုံအမှာစကားပြောကြား နေပြည်တော်၊ စက်တင်ဘာ(၈)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင်အားကစားအဖွဲ့များအား တွေ့ဆုံအမှာစကားပြောကြားသည့် အခမ်းအနားအား ယနေ့ နံနက် (၉)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အားကစားအဖွဲ့များအား တွေ့ဆုံအမှာစကားပြောကြားရာတွင် 32nd SEA Games ပြိုင်ပွဲအပြီး 33rd SEA Games ပြိုင်ပွဲကျင်းပရန် လိုနေသေးသည့် အချိန်ကာလတွင် အားကစားနည်းအလိုက် အသင်းအုပ်ချုပ်သူများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်မှု အနည်းငယ် လျော့နည်းလာသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အားကစားနည်း အောင်မြင်မှုရရှိစေရေးအတွက် အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ အချင်းချင်းပူးပေါင်း ဆောင်ရွက်သွားရန်လိုကြောင်း၊ အားကစားဖြင့် […]
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
![]()
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ ရန်ကုန်၊ စက်တင်ဘာ ၈။ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို (၈.၉.၂၀၂၃)ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ရှိ ISH အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အမှာစကားပြောကြားပြီးနောက် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းမှ ဘော်လီဘောလက်ရွေးစင်ဟောင်း ဦးစိုးသိန်းက အားကစားနှင့်လူငယ်ဘဝမြှင့်တင် ခေါင်းစဥ်ဖြင့် ဟောပြောခဲ့ရာ ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းရီက ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြရာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းရီနှင့် ဒေါက်တာချောချောစိန်တို့က လက်ခံရယူခဲ့ကြပြီးဒုတိယ ပါမောက္ခချုပ် ဒေါက်တာမင်းမင်းရီမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာ့သိုင်းအားကစားအဖွဲ့၊ တိုက်ကွမ်ဒိုအားကစားအဖွဲ့နှင့် […]
ရန်ကုန်တက္ကသိုလ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
![]()
ရန်ကုန်တက္ကသိုလ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ ရန်ကုန်၊ စက်တင်ဘာ ၇။ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ်ရှိ အပန်းဖြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အမှာစကားပြောကြားပြီးနောက် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းမှ ဘောလုံးလက်ရွေးစင်ဟောင်း ဦးတင်အောင်(ဂိုး)က အားကစားနှင့်လူငယ်ဘဝမြှင့်တင် ခေါင်းစဥ်ဖြင့် ဟောပြောခဲ့ကြသည်။ ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြရာ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်တို့က လက်ခံရယူခဲ့ကြပြီး ပါမောက္ခချုပ်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာ့သိုင်းအားကစားအဖွဲ့၊ ကရာတေးဒိုအားကစားအဖွဲ့နှင့်အေရိုးဗစ်အားကစားအဖွဲ့တို့မှ အားကစားသရုပ်ပြသခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌနှင့် ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်တို့မှ သရုပ်ပြအားကစားအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။