အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်ရေးရာဦးစီးဌာနရှိ အရာထမ်း/အမှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရှင်းလင်းပြောကြားခြင်းအခမ်းအနားကျင်းပ

နေပြည်တော်၊ မတ်လ(၂၀)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်ရေးရာဦးစီးဌာနရှိ အရာထမ်း/အမှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရှင်းလင်းပြောကြားခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ (၂)နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်အတွက် ယခုလိုရှင်းလင်းပြောကြားခြင်း ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းရသည့် အဓိကရည်ရွယ်ချက်များအနေဖြင့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် ဒို့တာဝန်အရေး(၃)ပါးကိုစောင့်ထိန်းရန် နိုင်ငံသားတိုင်းတွင်တာဝန်ရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များကို သိရှိလိုက်နာဆောင်ရွက်သွားရန်လိုကြောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်(၂၇/၂၀၁၀)ဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၎င်း ဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၀)ရက်နေ့မှစတင်၍ အာဏာတည်စေရမည်ဟု တရားဝင်ပြဋ္ဌာန်း ထုတ်ပြန်ခဲ့သည့်အတွက် ဝန်ထမ်းများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်းသည့် နောက်ခံ သမိုင်းများ၊ အခြားနိုင်ငံများတွင် စစ်မှုထမ်းဥပဒေပြဋ္ဌာန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ စစ်မှုထမ်းဥပဒေပါအကြောင်းအရာများတွင် ပါဝင်သည့်အချက်များဖြစ်သည့် စစ်မှုထမ်းရမည့်အသက် အရွယ်များ၊ စစ်မှုထမ်းခြင်းတာဝန်ထမ်းဆောင်ရမည့်ကာလ၊ စစ်မှုထမ်းခြင်းမှ ယာယီရွှေ့ဆိုင်းနိုင်သူများ၊ စစ်မှုထမ်းသူတို့၏ ခံစားခွင့်များ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုနိုင်သည့် ပုဂ္ဂိုလ်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းခြင်းကြောင့်ရရှိလာမည့် အကျိုး ကျေးဇူးများကို ဝန်ထမ်းများအားလုံး ထဲထဲဝင်ဝင် နားလည်သဘောပေါက်စေရန် ရှင်းလင်းပြောကြား ခြင်းဖြစ်ကြောင်း၊ နိုင်ငံသားတိုင်းအားလုံး နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ရှိရန်လိုကြောင်း၊ နိုင်ငံတော် ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မှန်မှန်ကန်ကန်နားလည်သဘောပေါက်ပြီး နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များ အောင်မြင်စွာဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပေးအပ် ထားသည့်လုပ်ငန်းတာဝန်များကို ကျေပွန်အောင် အလေးထားလုပ်ကိုင်ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။