အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား(အမျိုးသား/အမျိုးသမီး)ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊မတ် (၂၃)။

မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအားကစားနည်း အဆင့်အတန်းတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား (အမျိုးသား/အမျိုးသမီး)ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန့်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇဗ္မူသီရိမြို့နယ်ရှိ ရွှေကြာပင် မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပသည်။

ယမန့်နေ့ပြိုင်ပွဲ ပွဲစဥ်များအဖြစ် အမျိုးသမီး(သုံးယောက်တွဲ)အသင်းလိုက် ပြိုင်ပွဲနှင့် အမျိုးသား (လေးယောက်တွဲ)အသင်းလိုက် ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဥ်များကို ယှဉ်ပြိုင်ခဲ့ပြီးနောက် ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ အသက်အငယ်ဆုံးနှင့်အတိုးတက်ဆုံးဆုရရှိသည့်အားကစားသမားနှင့် ပြိုင်ပွဲများအသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထဆုရရှိခဲ့သည့်အသင်းမှ အားကစားသမားများ၊ အမျိုးသား/အမျိုးသမီး တံခွန်စိုက်ဆုဖလားများရရှိသည့်အသင်းမှ အားကစားသမားများကို တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုများနှင့် တံခွန်စိုက်ဆုဖလားများကို တာဝန်ရှိသူများက အသီးသီးပေး အပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ ၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံပိုက်‌ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား(အမျိုးသား/အမျိုးသမီး)ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇဗ္မူသီရိမြို့နယ်ရှိ ရွှေကြာပင် မိုးလုံလေလုံ အားကစားရုံ၌ ၂၀၂၄ ခုနှစ်၊ မတ် (၁၆) ရက်‌နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပခဲ့ကြောင်းသိရသည်။