အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အခြေခံပညာကျောင်းသားအားကစားပွဲတော် ဘော်လီဘောပြိုင်ပွဲများ ကြည့်ရှုအားပေး

Loading

နေပြည်တော်၊ ဇန်နဝါရီ (၂၃)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်လျက်ရှိသည့် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော်၌ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ကချင်ပြည်နယ် အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှုအားပေး ခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ခန့်တည်ကြည်ကုမ္ပဏီ နှင့် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ မဏိကမ္ဘာကုမ္ပဏီတို့မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လျှာထိုး ကြမ်းခင်း အသစ်ပြန်လည်ခင်းကျင်းနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲစေရေး သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်မှီစေရန် နှင့် အချိန်မီပြီးစီးရေး စေတနာထားဆောင်ရွက်ပေးရန် ကုမ္ပဏီမှတာဝန်ရှိသူများကို မှာကြားခဲ့ပြီး နောက် အားကစားရုံအတွင်း နံရံပတ်လည်တွင် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစား သမားများ၏ ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုများနှင့် အောင်မြင်မှုဆုတံဆိပ်ရရှိခဲ့သည့် မှတ်တမ်းဓါတ်ပုံ များကို […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော်ဆက်လက်ကျင်းပနေမှုအား လိုက်လံကြည့်ရှုအားပေးသည့်သတင်း

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော်ဆက်လက်ကျင်းပနေမှုအား လိုက်လံကြည့်ရှုအားပေးသည့်သတင်း နေပြည်တော်၊ ဇန်နဝါရီ(၂၁)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်အတူ ယနေ့ နံနက်(၈)နာရီ အချိန်မှစ၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းအတွင်းရှိ ပြေးခုန်ပစ်အားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း၊ လက်ဝှေ့အားကစားရုံရှိ ပိုက်ကျော်ခြင်း အားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဘော်လီဘောအားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော် အားကစားပြိုင်ပွဲများ ကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော် အားကစားပြိုင်ပွဲများ ကြည့်ရှုအားပေး နေပြည်တော်၊ ဇန်နဝါရီ(၂၁)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်အတူ ယနေ့ နံနက်(၈)နာရီ အချိန်မှစ၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းအတွင်းရှိ ပြေးခုန်ပစ်အားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း၊ လက်ဝှေ့အားကစားရုံရှိ ပိုက်ကျော်ခြင်း အားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဘော်လီဘောအားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်  ခြင်းလုံးအားကစားသမားများ လေ့ကျင့်နေမှုများနှင့် ဘော်လီဘောပြိုင်ပွဲအား ကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်  ခြင်းလုံးအားကစားသမားများ လေ့ကျင့်နေမှုများနှင့် ဘော်လီဘောပြိုင်ပွဲအား ကြည့်ရှုအားပေး နေပြည်တော်၊ ဇန်နဝါရီ(၁၈)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်(၉)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ခြင်းလုံးအားကစားရုံတွင် ကမ္ဘောဒီးယားနိုင်ငံမှ ခြင်းလုံးအားကစားသမားများနှင့် မြန်မာ့လက်ရွေးစင်ခြင်းလုံးအားကစားများ၏ ပူးတွဲလေ့ကျင့်နေမှုများအား လိုက်လံ ကြည့်ရှုအားပေးခဲ့ပြီးနောက် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဘော်လီဘော ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၇)ရက်။ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နေ့လည် (၁)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး အ.ထ.က (၁၈) အောင်မြေသာစံ မြို့နယ်တွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ရာ လူငယ်ဘဝတွင် ရယ်မောပျော်ရွှင်စွာနေထိုင်ကြရန်၊ လူငယ်များ အားကစားလိုက်စားခြင်းဖြင့် ဉာဏ်ရည်ထက်မြက်ပြီး ပညာရေးတွင် ထူးချွန်သူများ ဖြစ်လာနိုင်ကြောင်း၊ အားကစားလုပ်လို့ ပညာရေးညံ့တယ်ဆိုတဲ့ အတွေးတွေကို ဖျောက်ဖို့လိုကြောင်း၊ အားကစားလိုက်စားသူတိုင်း ကျန်းမာကြံ့ခိုင်ကြောင်း၊ အခြေခံပညာကို တတ်ဖို့လိုကြောင်း၊ ပညာကို ဆုံးခန်းတိုင်အောင် သင်ယူလေ့လာရန်လိုကြောင်း၊ မူးယစ်ဆေးများကိုမသုံးစွဲကြရန်နှင့် မိတ်ဆွေအပေါင်းအသင်းများများထားရှိရန်လိုကြောင်း၊ ခေါင်းဆောင်မှုအရည်အသွေးတွင် အကျင့်စာရိတ္တ ကောင်းမွန်ဖို့သည် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတက်ရောက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတက်ရောက် နေပြည်တော်၊ ဇန်နဝါရီ(၁၇)။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ(၂)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ခဲ့ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခြေခံပညာကျောင်းသားအားကစားပွဲတော်တွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်အားကစားပြိုင်ပွဲများအား ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အသင်း(၁၅)သင်း၊ အင်အား(၁၆၇၄)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားများတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

Loading

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားများတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ နေပြည်တော်၊ ဇန်နဝါရီ(၁၃)။ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားများတွင် ကျရာအခန်း ကဏ္ဍအသီးသီးမှ စိတ်ရောကိုယ်ပါ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများအား ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် (၁၄.၁၂.၂၀၂၂) ရက်နေ့မှ (၄.၁.၂၀၂၃)ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သည့်ဝန်ထမ်းများအားလုံးကို ဝန်ကြီးဌာနအနေဖြင့် ဂုဏ်ယူအသိအမှတ်ပြုပါကြောင်း၊ အလားတူ (၂၉.၁၁.၂၀၂၂)ရက်နေ့မှစတင်လေ့ကျင့်ခဲ့ပြီး (၄.၁.၂၀၂၃)ရက်နေ့အထိ စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားတွင်ပါဝင်ခဲ့ကြသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကိုယ်စားပြု စစ်ရေးပြတပ်ခွဲ ချီတက်စစ်ကြောင်းနှင့် ထိုင်ကြည့်စစ်ကြောင်းများတွင်ပါဝင်ခဲ့ကြသည့် ဝန်ထမ်းများကိုလည်း ဂုဏ်ယူအသိအမှတ်ပြုပါကြောင်း၊ ဒါ့အပြင် (၇၅) […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အလေးမအားကစားနည်းပြိုင်ပွဲအသွင် ဆန်းစစ်ပြိုင်ပွဲ ကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အလေးမအားကစားနည်းပြိုင်ပွဲအသွင် ဆန်းစစ်ပြိုင်ပွဲ ကြည့်ရှုအားပေး နေပြည်တော်၊ ဇန်နဝါရီ (၁1)။ ၂၀၂၃ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အလေးမအားကစားနည်းမှ ပဏာမလက်ရွေးစင် အားကစားသမားများကို ဝိတ်တန်းအလိုက် ပြိုင်ပွဲအသွင်ဆန်းစစ်ပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ဦးကျော်စိုးမိုးနှင့် မြန်မာနိုင်ငံအလေးမအားကစားအဖွဲ့ချုပ်မှတာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။  အဆိုပါ အလေးမအားကစားနည်းပြိုင်ပွဲအသွင် ဆန်းစစ်ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစားအလိုက် အမျိုးသမီးပြိုင်ပွဲ ပွဲစဉ်များအဖြစ် (၄၅)ကီလိုတန်းတွင် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ Joint Training ပူးတွဲသွားရောက်လေ့ကျင့်နေသည့် မြန်မာအားကစားအဖွဲ့များနှင့် တွေ့ဆုံအမှာစကားပြောကြား

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ Joint Training ပူးတွဲသွားရောက်လေ့ကျင့်နေသည့် မြန်မာအားကစားအဖွဲ့များနှင့် တွေ့ဆုံအမှာစကားပြောကြား နေပြည်တော်၊ ဇန်နဝါရီ(၁၁)။ ၂၀၂၃ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၆)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ အောင်မြင်မှုရရှိစေရန်အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က မြန်မာ-တရုတ် နှစ်နိုင်ငံအားကစားပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ Joint Training ပူးတွဲလေ့ကျင့်မှုပြုလုပ်နေသည့် ပြေးခုန်ပစ်၊ လက်ဝှေ့၊ ဘော်လီဘော၊ ဝူရှူးအားကစားနည်းများမှ လက်ရွေးစင်အားကစားသမားများနှင့်လည်းကောင်း၊ လူငယ်အားကစားလေ့ကျင့်ရေးစခန်းမှ ပြေးခုန်ပစ်၊ ကနူး/ကယက်လှေ၊ အလေးမ ၊ လက်ဝှေ့၊ ဝူရှူးအားကစားနည်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများကို ယနေ့နံနက်(၁၁)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ရှိ မြန်မာ နိုင်ငံအိုလံပစ်ကော်မတီရုံးခန်း၌ Online စနစ်ဖြင့် တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။ ဦးစွာ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားနည်းများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားနည်းများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇန်နဝါရီ (၁၀)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့နံနက်(၉)နာရီမှ စတင်၍ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားနစ်အားကစားနည်းမှ အားကစားသမားများ လေ့ကျင့်ကစားနေမှုများကိုလည်းကောင်း၊ လူငယ်အားကစားလေ့ကျင့်ရေးစခန်းမှ ဘောလုံးအားကစားသမားများ GYM ကစားနေမှုများကိုလည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်ပူးတွဲလေ့ကျင့်မှုများပြုလုပ်နေသည့် ပိုက်ကျော်ခြင်းအားကစားနည်းမှ အားကစားသမားများ၏ လေ့ကျင့်ကစားနေမှုများကိုလည်းကောင်း၊ ဗိုဗီနမ်အားကစားရုံတွင် ဗိုဗီနမ်အားကစားနည်းမှ အားကစားသမားများကို  ဗီယက်နမ်နည်းပြမှ လေ့ကျင့်သင်ကြားပြသပေးနေမှုများကိုလည်းကောင်း၊ ရိုးရာခြင်းလုံး အားကစားရုံတွင် ရိုးရာခြင်းလုံးအားကစားနည်းမှ ခြင်းလုံးအားကစားသမားများ၏ လေ့ကျင့်ကစားနေမှု များကိုလည်းကောင်း၊ Training Hall No.(3)၌ ပိုက်ကျော်ခြင်းအားကစားနည်း၊ ဂွင်းသွင်းခြင်းခတ် အားကစားနည်း (Hoop Takraw)၊ တိုက်ကွမ်ဒို အားကစားနည်းတို့မှ […]