အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ်များကျင်းပ

Loading

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ   ဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ်များကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ(၂၀)။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ် ပြိုင်ပွဲများကို ယနေ့ မွန်းလွဲ(၃)နာရီခွဲအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေး ကွင်းအမှတ်(၃)၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ လာရောက် ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါအုပ်စုပွဲစဉ်တွင် မော်လမြိုင်ဇုန်အသင်းနှင့် တောင်ကြီးဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မော်လမြိုင်ဇုန်အသင်းမှ တောင်ကြီးဇုန်အသင်းကို (၃)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ (၂၁.၂.၂၀၂၃)ရက်နေ့ အုပ်စုပွဲစဉ်များအဖြစ် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေး ကွင်းအမှတ်(၃)၌ နံနက် (၇)နာရီခွဲအချိန်တွင် ဒဂုံဇုန်အသင်းနှင့် ရန်ကုန်ဇုန်အသင်း၊ မွန်းလွဲ (၃)နာရီခွဲအချိန် တွင် ပုသိမ်ဇုန်အသင်းနှင့် […]

ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ(၂၀)။ အရည်အသွေးပြည့်ဝပြီး လုပ်ငန်းကျွမ်းကျင်သော ဝန်ထမ်းကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉) နာရီခွဲတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ Multipurpose Hall ၌ ကျင်းပသည်။ အစီအစဉ်အရ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က သင်တန်းအဖွင့်အမှာစကားပြောကြားရာတွင် လူငယ်ရေးရာဦးစီးဌာနအနေဖြင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူဝါဒ (၇)ရပ်၊ ရည်မှန်းချက်(၇)ရပ်နှင့် လုပ်ငန်းစဉ်(၁၀)ရပ်ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ရာတွင် ဝန်ထမ်းများ၏လုပ်ငန်းစွမ်းဆောင်ရည်ပြည့်ဝမှသာ ဌာန၏ ရည်မှန်းချက်များကို ပြည့်မီအောင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုခန့်အပ်လိုက်သည့် ဝန်ထမ်းများ အနေဖြင့် ဝန်ထမ်းစည်းမျဉ်း/စည်းကမ်းများ၊ ဘဏ္ဍာရေးစည်းမျဉ်း/စည်းကမ်းများနှင့် ရုံးလုပ်ငန်းဆိုင်ရာ ဘာသာရပ်များကို ကောင်းမွန်စွာသိရှိနားလည်ထားရန်လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်မှပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန်နှင့် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဌာန် (၆)ချက်ကိုလည်း တိကျစွာ လိုက်နာကျင့်သုံးရန်လိုအပ်ကြောင်း၊ လုပ်ငန်းခွင်အတွင်း […]

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများကျင်းပ

Loading

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ(၁၈)။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံဘောလုံးပြိုင်ပွဲနှင့် ပညာရေး ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၂)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားစားရုံ (B)၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက အဖွင့်အမှာစကားပြောကြား၍ ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပြီးနောက် မိတ္ထီလာပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/ ကျောင်းသူလေးများက Fitness Dance ဖြင့်လည်းကောင်း၊ တောင်ငူပညာရေးဒီဂရီကောလိပ်မှ ကျောင်းသူလေးများက ကဗျာလွတ်အကဖြင့်လည်းကောင်း၊  မုံရွာပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/ကျောင်းသူ လေးများက မြန်မာ့သိုင်းဖြင့်လည်းကောင်း၊ ရန်ကင်းနှင့်လှည်းကူး […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မွန်ပြည်နယ်အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မွန်ပြည်နယ်အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဖေဖော်ဝါရီ (၁၇)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားကွင်း/အားကစားရုံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမင်းမင်းထွန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ (၃၄)ဧက အားကစားဉယျာဉ်အတွင်း အဆင့်မြင့်အားကစားရုံ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မှီပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေး ကြပ်မတ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအားမှာကြားခဲ့ပြီးနောက် အရာထမ်း/အမှုထမ်းနေအိမ်နှင့် အားကစားသမားအိပ်ဆောင် တည်ဆောက်ပြီးစီးမှု အခြေအနေတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ရေရှည်တည်တံ့စေရေးအတွက် ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အားကစားနှင့်ကာယပညာ သိပ္ပံ(မော်လမြိုင်)တွင် သင်တန်းတက်ရောက်လျက်ရှိသည့် Grade-10 နှင့် Grade-11 (စနစ်သစ်နှင့် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ကရင်ပြည်နယ်အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ကရင်ပြည်နယ်အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဖေဖော်ဝါရီ (၁၇)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားကွင်း/အားကစားရုံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမင်းမင်းထွန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ (အောင်သံလွင်) ပြည်နယ်အားကစားကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ အားကစားကွင်းရှိ (VIP)ပွဲကြည့်ဆောင်၊ အားကစားကွင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်းသာယာမှုရှိစေရေးအတွက် အမြဲပြုလုပ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကရင်ပြည်နယ်ရုံးမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျ တိကျမှန်ကန်စွာ လုပ်ဆောင်ကြဖို့လိုကြောင်း၊ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အပြန်အလှန် လေးလေးစားစား ပြောဆိုဆက်ဆံကြရန်နှင့် ဝန်ထမ်းများအချင်းချင်း တစ်ဦးပေါ်တစ်ဦး ချစ်ကြည်ရင်းနှီးစွာဖြင့် ရိုင်းပင်းကူညီ၍ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်သွားကြရန်လိုကြောင်းပြောကြားခဲ့ပြီး ဝန်ထမ်းများ၏အခက်အခဲများ လိုအပ်ချက်များရှိပါက အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွားရန် […]

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်မြို့၌ စခန်းသွင်းထားသော အားကစားအဖွဲ့ချုပ်အလိုက် အားကစားသမားများလေ့ကျင့်နေမှုများနှင့် တည်ဆောက်ရေးလုပ်ငန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်မြို့၌ စခန်းသွင်းထားသော အားကစားအဖွဲ့ချုပ်အလိုက် အားကစားသမားများလေ့ကျင့်နေမှုများနှင့် တည်ဆောက်ရေးလုပ်ငန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး ရန်ကုန်၊ဖေဖော်ဝါရီလ(၁၅)ရက်။ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျှက် ယနေ့ နံနက်(၇)နာရီခွဲ အချိန်က ရန်ကုန်မြို့ အင်လျားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ရောက်ရှိပြီး (၆)ခန်းတွဲ (၄)ထပ် လှေလှော်အားကစားသမားအိပ်ဆောင်များအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားပြီးနောက် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်နေသော လှေလှော်လက်ရွေးစင် အားကစားသမားများ၏ လေ့ကျင့်နေမှုအားကြည့်ရှုပြီး အဖွဲ့ချုပ်ဥက္ကဌနှင့် တာဝန်ရှိသူများ၏ တင်ပြဆွေးနွေးမှုများအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ မြန်မာနိုင်ငံခရစ်ကက် အဖွဲ့ချုပ်သို့ရောက်ရှိပြီး စခန်းသွင်းလေ့ကျင့်နေသည့် အားကစားသမားများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ မြန်မာနိုင်ငံ မသန်စွမ်း […]

ဒုတိယဝန်ကြီး၊ ဦးမျိုးလှိုင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံ တည်ဆောက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

ဒုတိယဝန်ကြီး၊ ဦးမျိုးလှိုင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံ တည်ဆောက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဖေဖော်ဝါရီ (၁၅)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားကွင်း/ရုံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမင်းမင်းထွန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တောင်ငူအားကစားခန်းမ တည်ဆောက်ပြီးစီးမှု အခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီးနောက် အားကစားခန်းမအတွက် လျှပ်စစ်မီးအမြန်ရရှိရေးဆောင်ရွက်သွားရန်၊ အားကစားခန်းမ အတွင်း/အပြင် သန့်ရှင်းသာယာလှပစေရေး၊ အားကစားခန်းမနှင့်သင့်လျော်သည့် အားကစားနည်းများကို ဒေသခံပြည်သူများ လာရောက်လေ့ကျင့်ကစားနိုင်ရေးအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက် သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့သို့ ဆက်လက်ထွက်ခွာခဲ့ပြီး ပဲခူးမြို့ရှိ တိုင်းရုံး၊ ခရိုင်ရုံးနှင့် မြို့နယ်ရုံးများမှ ဝန်ထမ်းများအားတွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်း […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့များ၏ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့များ၏ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဖေဖော်ဝါရီ (၁၄)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ ညနေ(၃)နာရီအချိန်တွင် ၂၀၂၃ ခုနှစ် မေလ (၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အားကစားအဖွဲ့များ၏ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Training Hall No.(1) ၌ လေ့ကျင့်လျက်ရှိသည့် ဂျူဒိုအားကစားသမားများအား ဂျပန်နည်းပြ YAMATO HIRANUMA နှင့် မြန်မာနည်းပြ ဆရာ/ဆရာမများမှ စနစ်တကျသင်ကြားလေ့ကျင့်ပေးနေမှုများအားလည်းကောင်း၊ […]

ဒုတိယဝန်ကြီး၊ ဦးမျိုးလှိုင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြု ပြခန်းသို့ သွားရောက်ကြည့်ရှုလေ့လာ

Loading

ဒုတိယဝန်ကြီး၊ ဦးမျိုးလှိုင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြု ပြခန်းသို့ သွားရောက်ကြည့်ရှုလေ့လာ ရန်ကုန်၊ ဖေဖော်ဝါရီ (၁၄)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့၊ ပြည့်သူရင်ပြင်၌ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀)ရက်နေ့မှ (၁၄)ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်အနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြု ခင်းကျင်းပြသထားသည့် ပြခန်းသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရှိ တည်ဆောက်ရေးလုပ်ငန်းများ သွားရောက်ကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရှိ တည်ဆောက်ရေးလုပ်ငန်းများ သွားရောက်ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဖေဖော်ဝါရီ (၈)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်(၁၀)နာရီတွင် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်၌ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် ပြည်သစ်စံကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် ပေ(၄၈၀)xပေ(၆၀) RC(၂)ထပ် ဘောလုံးကွင်း အထူးတန်းပွဲကြည့်စင်နှင့် Greeco ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် ပေ(၁၈၀)xပေ(၁၅၀) မိုးလုံလေလုံအားကစားရုံတို့အား သတ်မှတ်ကာလအတွင်းပြီးစီးရမည့် ရာခိုင်နှုန်းအလိုက် တည်ဆောက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းများအားလုံး ရေရှည်တည်တံ့ခိုင်မြဲစေရေး၊ သတ်မှတ်စံချိန်စံညွှန်း အရည်အသွေး ပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မှီပြီးစီးရေးတို့အတွက် ဂရုတစိုက်ကြပ်မတ် ဆောင်ရွက်သွားရန်နှင့် ဘောလုံးအားကစားကွင်း စိမ်းလန်းစိုပြေမှုရှိစေရေး၊ သန့်ရှင်းသာယာလှပမှု ရှိစေရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။