အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နေပြည်တော်ကောင်စီ ဥက္ကဌ ဦးသန်းထွန်းဦး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ တက်ရောက်

နေပြည်တော် စက်တင်ဘာ ၄

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၈ ) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊နေပြည်တော်ကောင်စီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ နေပြည်တော်ကောင်စီလူငယ်ရေးရာ ကော်မတီဝင်များ၊ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး က အမှာစကားပြောကြားရာတွင်ကျောင်းသား/ကျောင်းသူ လူငယ်များကို အသိပညာဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့် ပြည့်စုံကာ တိုင်းပြည်၏ အားထားရသည့် နိုင်ငံ့သားကောင်း လူငယ်လူရွယ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြီးကျင်းပသည့် လူငယ်အသိပညာပေးဟောပြောပွဲဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအပါအဝင် လူငယ်များသည် တိုင်းပြည်၏ အဖိုးမဖြတ်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်ဖြစ်ပြီး နောင်တချိန် အားကိုးအားထားရမည့် အနာဂတ်၏ အသီးအပွင့်များဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လက်ရှိနိုင်ငံအတွင်းမှာရှိသည့်လူငယ်များကို လစ်လှူရှုလို့မရပဲလူငယ်များကို အရည်အချင်း ပြည့်ဝပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိပြီး ကိုယ်ကျင့်တရား ကောင်းမွန်ပြီး ကိုယ်ချင်းစာစိတ်ရှိကာ အသိပညာ၊ အတတ်ပညာ၊ ဉာဏ်ပညာ ဗဟုသုတပြည့်စုံပြီး ဗလငါးတန်နှင့် ပြည့်စုံသည့် ပညာပြည့်ဝနှလုံးလှသော လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးရမှာဖြစ်ကြောင်း၊ ကျောင်းသား၊ကျောင်းသူတွေအနေဖြင့် ပညာပြည့်ဝပြီး အရည်အချင်းရှိသည့် လူငယ်များဖြစ်ရန်အတွက် ကျောင်းပညာကို ထူးချွန် ထက်မြက်အောင် သင်ကြားဖို့လိုသလို နိုင်ငံတကာနှင့် ပတ်သက်သည့် အထွေထွေဗဟုသုတတွေ ၊ အင်္ဂလိပ်စာ အပါအဝင် နိုင်ငံတကာဘာသာစကားတွေ ခေတ်မှီတိုးတက်လာတဲ့ IT နည်းပညာအပါအဝင် အခြားသောနည်းပညာများကို မျက်ခြေမပြတ် ဆည်းပူးလေ့လာတတ်ကျွမ်းအောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် က လူငယ်များသည် တိုင်းပြည်၏ အနာဂတ်တာဝန်များကို ထမ်းဆောင်ရမည့်သူများ ဖြစ်သည့်အတွက် လူငယ်များကို ပြုစုပျိုးထောင်ပေး နေခြင်းဟာ တိုင်းပြည်၏ အနာဂတ်အတွက် အကောင်းဆုံးဖန်တီးပုံဖော်နေခြင်း ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့်လည်း နိုင်ငံတော်၏ စေတနာနှင့် မျှော်မှန်းချက် များကို ဦးနှောက်၊ နှလုံးသားနှင့်အတူ ခံယူပြီး မိမိအကျိုး၊ အများအကျိုးကိုထမ်းပိုး ဆောင်ရွက်ရန် အသင့်ရှိနေပြီဟုလည်း ယုံကြည်ကြောင်း၊ လူငယ်များကို အနေဖြင့် ပညာကိုအခြေခံပြီး လက်တွေ့နယ်ပယ်မှာ မိမိပညာကို အသုံးချဖြစ်အောင်ကြိုးစား‌ကြစေလိုကြောင်း၊ အတွေ့အကြုံများ ရယူပြီး ကိုယ်ရည်ကိုယ်သွေးများ ပိုမိုတည်ဆောက်ရန်၊ တာဝန်သိမှု တာဝန်ခံမှုဖြင့် လူငယ်များ အားလုံး တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ အနာဂတ် နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းထမ်းရွက်ကြမည့် လူငယ်များအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် ငယ်စဉ်လူငယ်ဘဝကတည်းက လူချွန်လူမွန်များ ဖြစ်အောင် ကိုယ်တိုင်ကိုယ်ကျ ပြုစုပျိုးထောင်ရမည့်တာဝန်ရှိကြောင်း ပြောကြားသည်။

ထို့နောက် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)က လူငယ်နှင့်မျိုးချစ်စိတ်ဓာတ် ခေါင်းစဉ်းဖြင့် လူငယ်ရေးရာ အသိပညာပေးဟောပြောခဲ့ပြီး နေပြည်တော်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုးက ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများအား ဟောပြောဆွေးနွေးသည်။

ယင်းနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး က စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)နှင့် နေပြည်တော်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုးတို့အား ဂုဏ်ပြုလက်ဆောင်များပေးအပ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အမှတ်(၈ )အခြေခံပညာအထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများ ထောက်ပံပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး‌‌‌ ဒေါ်ယမင်းသူမှ လက်ခံရရယူခဲ့သည်။