အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဝူရှူးပြိုင်ပွဲအား သွားရောက်ကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဝူရှူးပြိုင်ပွဲအား သွားရောက်ကြည့်ရှုအားပေး ဟန်ကျိုး၊ စက်တင်ဘာ(၂၆)။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံနှင့် အုပ်ချုပ်မှုအဖွဲ့တာဝန်ရှိသူများသည် ယနေ့နံနက် ဒေသစံတော်ချိန် (၁၀)နာရီတွင် ဟန်ကျိုးမြို့ရှိ Xiaoshan Guali Sports Center အားကစားရုံ၌ ကျင်းပ လျက်ရှိသည့် ဝူရှူးအားကစားနည်းပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ မအေးသစ္စာမြင့်က နန်းချွမ်(ခေါ်) တောင်ပိုင်းလက်သိုင်းပြိုင်ပွဲနှင့် နန်းသောင်း(ခေါ်) တောင်ပိုင်းဓါးသိုင်းပြိုင်ပွဲတို့တွင် ဝင်ရောက် ယှဉ်ပြိုင်ကစားနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် လင်အန်းမြို့ရှိ Lin’an Sports Culture & Exhibition အားကစားရုံတွင် ကျင်းပလျက်ရှိသော တိုက်ကွမ်ဒို အားကစားနည်း […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဝူရှူး၊ ဘောလုံးအားကစားပြိုင်ပွဲများ သွားရောက်ကြည့်ရှုအားပေး

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဝူရှူး၊ ဘောလုံးအားကစားပြိုင်ပွဲများ သွားရောက်ကြည့်ရှုအားပေး ဟန်ကျိုး၊ စက်တင်ဘာ(၂၄)။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် အုပ်ချုပ်မှုအဖွဲ့တာဝန်ရှိသူများသည် ယနေ့ နံနက် ဒေသစံတော်ချိန်(၁၀)နာရီတွင် ဟန်ကျိုးမြို့ရှိ Xiaoshan Guali Sports Center အားကစားရုံ၌ ကျင်းပလျက်ရှိသည့် ဝူရှူးအားကစားပြိုင်ပွဲတွင် မြန်မာအသင်းမှ မမြတ်နိုးအိမ်က ထိုက်ချိချွမ်နှင့် ထိုက်ချိကျန့် အားကစားနည်းများ ဝင်ရောက်ယှဉ်ပြိုင်ကစားနေမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး အားကစားရွာရှိ နိုင်ငံတကာအားကစားသမားများ နေထိုင်ရန်စီစဉ်ထားသည့် အဆောက်အဦးများအား လိုက်လံကြည့်ရှူ၍ မြန်မာအားကစားသမားများ နေထိုင်သည့်နေရာနှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံးခန်းတွင်ပြင်ဆင်ဖွဲ့စည်းထားသောအခန်းများအား လိုက်လံကြည့်ရှုပြီး အုပ်စုပြိုင်ပွဲများတွင် (၂)ပွဲအနိုင်ရရှိထားသော E-Sports အားကစားသမားများအား အားပေးအမှာစကားများပြောကြားခဲ့သည်။ ထို့နောက် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက် ဟန်ကျိုး၊ စက်တင်ဘာ(၂၄)။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ည ဒေသစံတော်ချိန် (၈)နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟန်ကျိုးမြို့ရှိ အိုလံပစ်အားကစားကွင်း (Hangzhou Olympic Center) ၌ ကျင်းပသည်။ အခမ်းအနားတွင် (၁၉)ကြိမ်မြောက် တရုတ်အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့် အာရှအိုလံပစ်ကော်မတီယာယီဥက္ကဋ္ဌတို့က အဖွင့်မိန့်ခွန်းပြောကြားခဲ့ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်က (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။ ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အမှတ်တရနေရာများ၊ ရိုးရာအကအလှများ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် တင်ဆက်သရုပ်ဖော်ပြသခဲ့သည်။ အာရှအားကစားပြိုင်ပွဲ အလံလွှင့်တင်ပြီး အားကစားသစ္စာအဓိဌာန်နှင့် ဒိုင်လူကြီးသစ္စာအဓိဌာန်တို့ကိုရွတ်ဆိုခဲ့ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ လက်ရွေးစင်အားကစားသမားများက အာရှအားကစားပြိုင်ပွဲ မီးရှူးတိုင်ကို ကွင်းအတွင်းသို့ လက်ဆင့်ကမ်းသယ်ဆောင်ကာ […]

(၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နှင့် မြန်မာအားကစားအဖွဲ့ ထွက်ခွာ

Loading

(၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နှင့် မြန်မာအားကစားအဖွဲ့ ထွက်ခွာ ရန်ကုန်၊ စက်တင်ဘာလ(၂၂)ရက်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်နေ့မှ အောက်တိုဘာလ(၈)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပပြုလုပ်မည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်မည့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ အုပ်ချုပ်မှုအဖွဲ့(၆)ဦး၊ ဝူရှူးအားကစားနည်းမှ ဒုတိယဥက္ကဌနှင့် နည်းပြ(၁)ဦး ၊ အမျိုးသား အားကစားသမား(၁)ဦး၊ အမျိုးသမီးအားကစားသမား (၃)ဦး၊ တိုက်ကွမ်ဒိုအားကစားနည်းမှ အုပ်ချုပ်/နည်းပြ(၁)ဦးနှင့် အမျိုးသား အားကစားသမား(၁)ဦး တို့သည် ယနေ့ နေ့လယ် (၁၁:၂၅)နာရီအချိန်၌ လေယာဉ်အမှတ် CZ -3056 ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ ဝန်ထမ်းများအား တွေ့ဆုံပွဲအခမ်းအနားကျင်းပ

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ ဝန်ထမ်းများအား တွေ့ဆုံပွဲအခမ်းအနားကျင်းပ ရန်ကုန်၊စက်တင်ဘာလ (၂၁)ရက်။ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ ကျောင်းသား/ ကျောင်းသူများသည် တိုင်းပြည်၏ နောင်အနာဂတ်ခေါင်းဆောင်များဖြစ်ကြသည့်အတွက် မိမိ၏ တိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးပြီး အားကစားသာမက ပညာရေးကိုပါ ထူးချွန်အောင် ဆောင်ရွက်၍ အားကစားဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင်ကြိုးစားစေလိုကြောင်း၊ ၂၀၂၅ခုနှစ်၊ ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲ၌ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ စံချိန်စံညွှန်းကောင်းမွန်ပြီး ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများကို ထည့်သွင်းရွေးချယ်ရန်စီစဉ်ထားရှိပါကြောင်းနှင့် အလားအလာရှိသောသူများကိုလည်း အတွေ့အကြုံရရှိစေရန်လေ့လာသူများအဖြစ် ရွေးချယ်သွားရန် လျာထားကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ က အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) စားရိပ်သာဆောင်၌ ယနေ့နေ့လယ် (၁၂)နာရီခွဲတွင် သင်တန်းသား/ သင်တန်းသူများနှင့် အတူတကွနေ့လယ်စာသုံးဆောင်ပြီးနောက် သင်တန်းသား/သင်တန်းသူများအားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျိုက္ကဆံဝင်းအတွင်းရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပသည့် အားကစားနှင့် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များအား တွေ့ဆုံအားပေးစကားပြောကြား

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များအား တွေ့ဆုံအားပေးစကားပြောကြား ရန်ကုန်၊စက်တင်ဘာလ (၂၀)ရက်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့တွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်နေ့မှအောက်တိုဘာလ(၈)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ မြန်မာအားကစားအဖွဲ့အနေဖြင့် အမျိုးသားဘောလုံး၊ အမျိုးသမီးဘောလုံး၊ လှေလှော်၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ဝူရှူး၊ မြားပစ်၊ E-Sports အားကစားအဖွဲ့များ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။ ယနေ့ နေ့လယ်(၂)နာရီခွဲတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ဝင်းအတွင်းရှိ အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင် လေ့ကျင့်လျက်ရှိသော ဝူရှူးအားကစားသမားများအား တွေ့ဆုံ၍ ပြိုင်ပွဲတွင် စံချိန်စံညွှန်း ကောင်းမွန်ပြီး အရည်အသွေး အရည်အချင်းပြည့်ဝစွာဖြင့် ယှဉ်ပြိုင်သွားရန်၊ နိုင်ငံတော်အနေဖြင့် အားကစားကဏ္ဍကို အထူးအလေးထားဆောင်ရွက်လျက်ရှိသည့်အတွက် အားကစားဖြင့် နိုင်ငံ့ […]

မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

Loading

မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ စက်တင်ဘာ(၁၉)။ လူငယ်များ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်စေရေး၊ အတွေးအခေါ်မှန်ကန်စေရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကျင်းပခဲ့သည်။ ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် လူသားအရင်းအမြစ်သည် အဓိကကျပါကြောင်း၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပညာရေးကဏ္ဍကို တိုးတက်အောင် မြှင့်တင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရည်မြင့်မားရေးသည် အဓိကအရေးပါသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လူငယ်များကို အတွေးအခေါ်မှန်ကန်ပြီး နိုင်ငံတော်ကို အကျိုးပြုနိုင်မည့် နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် လူငယ်ရေးရာဦးစီးဌာနကို ဖွဲ့စည်းပေးခဲ့ကြောင်း၊ […]

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအလေးမပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအလေးမပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ နေပြည်တော်၊ စက်တင်ဘာ(၁၆)။ အလေးမအားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ နောက်ဆုံးနေ့ပွဲစဉ်များကို ယနေ့နံနက် (၉)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ ကျင်းပခဲ့သည်။ ယနေ့ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ နောက်ဆုံးနေ့ ပြိုင်ပွဲပွဲစဉ်များအဖြစ် အမျိုးသား (၉၆)ကီလိုပြိုင်ပွဲ၊ အမျိုးသား (၁၀၂) ကီလိုပြိုင်ပွဲ၊ အမျိုးသား (၁၀၉) ကီလိုပြိုင်ပွဲ၊ အမျိုးသမီး(၇၆)ကီလိုပြိုင်ပွဲ၊ အမျိုးသမီး(၈၁)ကီလိုပြိုင်ပွဲနှင့် အမျိုးသမီး(၈၇)ကီလိုနှင့်အထက် ပြိုင်ပွဲများကို အသီးသီးယှဉ်ပြိုင်ကစားခဲ့ကြသည်။ ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကိုဆက်လက်ကျင်းပခဲ့ရာ အမျိုးသမီး(၇၆) ကီလိုပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးကလည်းကောင်း၊ အမျိုးသမီး(၈၁) ကီလိုပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများနှင့် အမျိုးသမီး(၅၉)ကီလိုပြိုင်ပွဲတွင် […]

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ စတုတ္ထနေ့ပွဲစဉ်များ ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ စတုတ္ထနေ့ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ စက်တင်ဘာလ(၁၅)ရက်။ အလေးမအားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အလေးမအားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ စတုတ္ထနေ့ပွဲစဉ်များကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ ဆက်လက်ကျင်းပခဲ့သည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ စတုတ္ထနေ့ ပွဲစဉ်များအဖြစ် အမျိုးသား(၈၁)ကီလိုပြိုင်ပွဲ၊ အမျိုးသမီး(၆၄)ကီလိုပြိုင်ပွဲနှင့် အမျိုးသား (၈၉)ကီလိုပြိုင်ပွဲများအား ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး အမျိုးသား(၈၁)ကီလိုပြိုင်ပွဲတွင် မောင်ခွန်မောင်ခင်(ရှမ်း)က ပထမ၊ မောင်သန်းမျိုးထွန်း(မကွေး)က ဒုတိယ၊ မောင်နေလင်းဦး(ရန်ကုန်)က တတိယဆုများကို လည်းကောင်း၊ အမျိုးသမီး(၆၄)ကီလိုပြိုင်ပွဲတွင် မသူဇာခင်(စစ်ကိုင်း)က ပထမ၊ မအေးစန္ဒာဝင်း(မကွေး)က ဒုတိယနှင့် မရွှေရည်ဖူး(မကွေး)က တတိယဆုများကိုလည်းကောင်း၊ အမျိုးသား(၈၉)ကီလိုပြိုင်ပွဲတွင် မောင်ခိုင်မျိုးဦး(စစ်ကိုင်း)က ပထမ၊ မောင်အောင်ထက်ဟိန်း(မန္တလေး)က ဒုတိယ၊ မောင်လွင်ထူးခန့်(မကွေး)က တတိယဆုများကို […]

မြားပစ်အားကစားသမားများအား လက်ရည်ဆန်းစစ်ခြင်း မြားပစ်ပြိုင်ပွဲကျင်းပ

Loading

မြားပစ်အားကစားသမားများအား လက်ရည်ဆန်းစစ်ခြင်း မြားပစ်ပြိုင်ပွဲကျင်းပ နေပြည်တော်၊ စက်တင်ဘာ(၁၄)။ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် မြားပစ်အားကစားနည်း အောင်မြင်မှုရရှိစေရန်၊ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)မှ လက်ရွေးစင်မြားပစ်အားကစားသမားများနှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)မှ လူငယ်မျိုးဆက်သစ် မြားပစ်အားကစားသမားများအား ပြိုင်ပွဲအတွေ့အကြုံများရရှိစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် မြားပစ်အားကစားသမားများအား လက်ရည်ဆန်းစစ်ခြင်းမြားပစ်ပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့နှင့် (၁၄)ရက်နေ့များတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မြားပစ်လေ့ကျင့်ရေးကွင်း၌ ကျင်းပခဲ့သည်။ ယနေ့ကျင်းပသော အမျိုးသား/အမျိုးသမီး (Recurve) တတိယလုပွဲနှင့် အမျိုးသား/အမျိုးသမီး (Compound) တတိယလုပွဲများကိုလည်းကောင်း၊ အမျိုးသား/အမျိုးသမီး (Compound) ဗိုလ်လုပွဲနှင့် အမျိုးသား/ အမျိုးသမီး (Recurve ) ဗိုလ်လုပွဲ ပွဲစဉ်များကိုလည်းကောင်း ယှဉ်ပြိုင်ခဲ့ကြပါသည်။ ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ အမျိုးသား/အမျိုးသမီး (Compound) တစ်ဦးချင်းပြိုင်ပွဲတွင် […]