ဒုတိယဝန်ကြီး ဦးထိန်လင်း၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်) ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်၍ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် အုပ်ချုပ်မှုဆိုင်ရာ ရုံးအဖွဲ့များနှင့် တွေ့ဆုံ
![]()
ဒုတိယဝန်ကြီး ဦးထိန်လင်း၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်) ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်၍ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် အုပ်ချုပ်မှုဆိုင်ရာ ရုံးအဖွဲ့များနှင့် တွေ့ဆုံ ရန်ကုန် ၊ အောက်တိုဘာလ (၃) ရက် ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက် (၀၈ : ၃၀)နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဇနီး နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ နေပြည်တော်၊ အောက်တိုဘာ ၃ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ပရိဝုဏ်အတွင်း၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးမျိုးကျော်သူ၊ ဦးဉာဏ်ဇော်ဦး၊ ဦးကျော်စိုးမိုးနှင့် အရာထမ်း/ အမှုထမ်းဝန်ထမ်းများ စုပေါင်းပါဝင်ဆင်နွှဲစိုက်ပျိုးခဲ့ကြသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက သတ်မှတ်နေရာများတွင် ကံ့ကော်ပင်များအား ဦးဆောင်စိုက်ပျိုး ခဲ့ကြပြီးနောက် အရာထမ်း/ အမှုထမ်း ဝန်ထမ်းများက သတ်မှတ်နေရာများ၌ ကံ့ကော်ပင်နှင့် ခရေပင် စုစုပေါင်း အပင်(၃၀၀)တို့ကို “ရှင်အောင်စိုက်ပျိုး၊ […]
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)သို့ လိုက်လံကြည့်ရှုစစ်ဆေး
![]()
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)သို့ လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ အောက်တိုဘာ ၂ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနှင့် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးရှိ အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး)သို့ ရောက်ရှိပြီး Synthetics မီတာ(၄၀၀) ပြေးလမ်းပါ ဘောလုံးကွင်းအား ကြည့်ရှုစစ်ဆေး၍ အားကစားကွင်း/အားကစားရုံများ အမြဲသန့်ရှင်းသာယာလှပစေရေးနှင့် မြက်ခင်းများ စိမ်းလန်းစိုပြေပြီး ညီညာလှပစေရေး ပုံမှန်ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ ညွှန်ကြားရေးမှူး ကျောင်းအုပ်ကြီး အပါအဝင် ဝန်ထမ်းများအားလုံး မိမိတို့၏ ကျောင်း၊ အားကစားကွင်း/အားကစားရုံနှင့် ရေကူးကန်များ အမြဲ သန့်ရှင်းသပ်ရပ် သာယာလှပကောင်းမွန်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းများမှ အရည်အချင်းရှိသည့် ပြေးခုန်ပစ်အားကစားသမားများစွာ ပေါ်ထွန်းလာစေရေး […]
ဒုတိယဝန်ကြီး ဦးထိန်လင်း ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ ရန်ကုန်မြို့ရှိ စခန်းဝင်လေ့ကျင့်နေသော အားကစားနည်းများအား လိုက်လံကြည့်ရှုစစ်ဆေး
![]()
ဒုတိယဝန်ကြီး ဦးထိန်လင်း ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ ရန်ကုန်မြို့ရှိ စခန်းဝင်လေ့ကျင့်နေသော အားကစားနည်းများအား လိုက်လံကြည့်ရှုစစ်ဆေး ရန်ကုန် ၊ အောက်တိုဘာလ (၂)ရက် ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၇:၃၀)နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပ မြို့နယ်ရှိ ပဒေသာအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးထိန်လင်း ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မှ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံ ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့် […]
၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ
![]()
၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန် ၊ အောက်တိုဘာလ (၁)ရက် ၂၀၂၅ခုနှစ်၊တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် (၁၂ : ၃၀)နာရီ အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ဇနီး နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မှ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိ သူများ ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ၊ […]
မသန်စွမ်းလူငယ်များအတွက် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကျင်းပ
![]()
မသန်စွမ်းလူငယ်များအတွက် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ စက်တင်ဘာ ၂၉ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းလူငယ်များအတွက် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က သင်တန်းဖွင့် အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် မသန်စွမ်းလူငယ်များအတွက် ပြန်လည် ထူထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးတို့ကို ထိရောက်စွာ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မသန်စွမ်းသူများအခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီများကို အဆင့်ဆင့်ဖွဲ့စည်းထားရှိခဲ့ပြီး သက်ဆိုင်ရာကဏ္ဍများ အလိုက် မသန်စွမ်း သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာများဖော်ဆောင်ပေးခြင်း၊ မသန်စွမ်းသူများအနေ ဖြင့် ဂုဏ်သိက္ခာရှိစွာ၊ အမှီအခိုကင်းစွာ ဘဝရပ်တည်နိုင်ရေးအတွက် မသန်စွမ်းမှုအမျိုးအစားအလိုက် သက်ဆိုင်ရာဒေသနှင့် […]
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဏာမလက်ရွေးစင် လက်ဝှေ့အားကစားသမားများအတွက် လက်ရည်စမ်း(Sparring)ပြိုင်ပွဲ ကျင်းပ
![]()
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဏာမလက်ရွေးစင် လက်ဝှေ့အားကစားသမားများအတွက် လက်ရည်စမ်း(Sparring)ပြိုင်ပွဲ ကျင်းပ နေပြည်တော်၊ စက်တင်ဘာ ၂၉ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံရှိ Bangkok ၊ Chonburi ၊ Songkhla မြို့များ၌ ကျင်းပ ပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင်လက်ဝှေ့အားကစားသမားများ နှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ လက်ဝှေ့အားကစားသမားများ၏ လက်ရည်စမ်း(Sparring) ယှဉ်ပြိုင်သည့် ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ လက်ဝှေ့လေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးနှင့် တာဝန်ရှိသူများ […]
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး
![]()
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ စက်တင်ဘာ ၂၉ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်း တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ နှစ် ၇၀၀ ပြည့် အားကစားကွင်းနှင့် ပိုးတန်း အားကစားကွင်းရှိ အားကစားကွင်း/အားကစားရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ နှစ် ၇၀၀ ပြည့် အားကစားကွင်းသို့ရောက်ရှိ၍ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်းအတွင်း စိမ်းလန်းစိုပြေစေရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် ပုံမှန်မြက်ဖြတ်ခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန် ကျောပိုးမြက်ဖြတ်စက်နှင့် လက်တွန်းမြက်ဖြတ်စက်များ ရရှိရေးအတွက် တင်ပြဆောင်ရွက်သွားရန်၊ ဘောလုံးကွင်းအတွင်းရှိ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန “ ရုံးလုပ်ငန်း(မွမ်းမံ)အမှတ်စဉ်(၁/၂၀၂၅)” သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန “ ရုံးလုပ်ငန်း(မွမ်းမံ)အမှတ်စဉ်(၁/၂၀၂၅)” သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ စက်တင်ဘာ ၂၆ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ် သည့် “ ရုံးလုပ်ငန်း(မွမ်းမံ) အမှတ်စဉ်(၁/၂၀၂၅)” သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ဘက်စုံသုံးခန်းမ(Multipurpose Hall)၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းသဘောတရားများ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ/နည်းဥပဒေများ၊ ရုံးလုပ်ငန်း လက်စွဲ၊ ဝန်ထမ်းစည်းမျဉ်း/စည်းကမ်းများ၊ ဘဏ္ဍာရေး စည်းမျဉ်း/စည်းကမ်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ပိုမိုသိရှိနားလည်စေရန်အတွက် ယခုသင်တန်းအား ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းတွင် သင်ကြားပို့ချပေးခဲ့သည့် ဘာသာရပ်များ အလိုက် သင်ခန်းစာများကို ဂရုတစိုက် […]
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပိုက်ကျော်ခြင်းအားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးခြင်းနှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ (A/B/C)ရုံများ၏ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး
![]()
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပိုက်ကျော်ခြင်းအားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးခြင်းနှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ (A/B/C)ရုံများ၏ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ စက်တင်ဘာ ၂၅ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် (၃၃)ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်၌ စခန်းဝင် လေ့ကျင့်လျက်ရှိသည့် ပိုက်ကျော်ခြင်း အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေး ခြင်းနှင့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ (A/B/C)ရုံများ၏ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု […]