မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခြင်းနှင့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ အလံတင် အခမ်းအနားတက်ရောက်
![]()
မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခြင်းနှင့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ အလံတင် အခမ်းအနားတက်ရောက် ထိုင်း၊ ဇန်နဝါရီ ၁၇။ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့် အဖွဲ့ဝင်များသည် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် ထိုင်းနိုင်ငံ၊ နာခွန်ရစ်ချာဆီးမား(ခိုရတ်)မြို့သို့ရောက်ရှိနေသော မြန်မာနိုင်ငံမသန်စွမ်း အားကစားအဖွဲ့များ၏ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးကာ ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားခဲ့သည်။ ဦးစွာ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းတွင် နာခွန်ရာချာဆီးမား(ခိုရတ်)မြို့၊ Kantary Hotel Korat တွင် တည်းခိုနေထိုင်လျက်ရှိသော မြန်မာမသန်စွမ်း ဘိုစီယာအသင်းမှ အုပ်ချုပ်/နည်းပြ အားကစားသမားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကား ပြောကြားကာ လိုအပ်သည်များ […]
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးနိုင်စေရေးနှင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး
![]()
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးနိုင်စေရေးနှင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇန်နဝါရီ ၁၇ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မန္တလေးတိုင်း ဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြား လေ့ကျင့်ပေးနိုင်စေရေး၊ သိပ္ပံသင်တန်းသားနှင့် မျိုးဆက်သစ် လူငယ်အားကစားသမားများ ပိုမိုမွေးထုတ်ပေးနိုင်စေရေးတို့အတွက် ယနေ့နံနက်ပိုင်း တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် အားကစားကွင်း/ အားကစားရုံသို့ သွားရောက်ပြီး ဘောလုံးကွင်း၊ အထူးတန်းပွဲကြည့်စင်၊ VIP ဧည့်ရိပ်သာတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်လာရေးစေရေး၊ မန္တလေးတိုင်းဒေသကြီး […]
မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး 13th Asean Para Games ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့များ၏ တည်းခိုနေထိုင် စားသောက်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် တွေ့ဆုံအားပေးစကားပြောကြား
![]()
မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး 13th Asean Para Games ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့များ၏ တည်းခိုနေထိုင် စားသောက်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် တွေ့ဆုံအားပေးစကားပြောကြား ထိုင်း၊ ဇန်နဝါရီ ၁၆ ။ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့် အဖွဲ့ဝင်များသည် 13th Asean Para Games ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့များ၏ တည်းခိုနေထိုင် စားသောက်မှုများအား လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် တွေ့ဆုံအားပေးစကားပြောကြားခဲ့သည်။ ဦးစွာ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်း တွင် နာခွန်ရာချာဆီးမား(ခိုရတ်)မြို့၊ Suranaree University of Technology တွင် ဖွင့်လှစ်ထားသည့် Sports Village အတွင်းရှိ ပြေးခုန်ပစ်၊ ရေကူး၊ ထိုင်လျက်ဘော်လီဘောနှင့် သေနတ်ပစ်အားကစားအဖွဲ့များ၏ တည်းခိုနေထိုင်စားသောက်မှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားသမားများနှင့် […]
(၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံမသန်စွမ်း အားကစားသမားအဖွဲ့မှ အားကစားနည်း (၁၁)နည်း ဝင်ရောက်ယှဉ်ပြိုင်မည်
![]()
(၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံမသန်စွမ်း အားကစားသမားအဖွဲ့မှ အားကစားနည်း (၁၁)နည်း ဝင်ရောက်ယှဉ်ပြိုင်မည်
(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ ထိုင်းနိုင်ငံသို့ရောက်ရှိ
![]()
(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ ထိုင်းနိုင်ငံသို့ရောက်ရှိ နာခွန်ရစ်ချာဆီမား၊ ဇန်နဝါရီ ၁၅။ (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် အားကစားနည်း(၁၁)နည်း၌ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး ဦးဆောင်သည့် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ဝင် (၁၄၅)ဦး တို့သည် မြန်မာ့လေကြောင်းလိုင်း(MAI) စင်းလုံးငှား လေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ယနေ့နံနက် မြန်မာစံတော်ချိန် (၆)နာရီအချိန်တွင် ထွက်ခွာခဲ့ရာ ထိုင်းနိုင်ငံ၊ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် နံနက်(၆)နာရီ (၄၅)မိနစ်အချိန်တွင် ရောက်ရှိခဲ့ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးနှင့် စစ်သံမှူးကြီး ဗိုလ်မှူးချုပ် ဝင်းသူလင်းတို့က လာရောက်ကြိုဆိုခဲ့ကြသည်။ ထို့နောက် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးမှ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် စစ်သံမှူးကြီးတို့အား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့များ တည်းခိုနေထိုင်ရေးအတွက် အဖွဲ့ချုပ်ဥက္ကဋ္ဌအပါအဝင် ဖိတ်ကြားခံပုဂ္ဂိုလ်များ၊ အုပ်ချုပ်မှုအဖွဲ့ဝင်များနှင့် (NPC […]
(၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာမသန်စွမ်းအားကစားအဖွဲ့မှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ခွာ
![]()
(၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာမသန်စွမ်းအားကစားအဖွဲ့မှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ခွာ ရန်ကုန်၊ ဇန်နဝါရီ ၁၅ ၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့နှင့် နတ်ခွန်းရတ်ချဆီးမားမြို့များတွင် ကျင်းပမည့် (၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာမသန်စွမ်းအားကစားအဖွဲ့မှ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများ သည် ယနေ့နံနက် (၀၆း၀၀) နာရီအချိန်တွင် လေယာဉ်အမှတ် 8M-364 အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း MAI ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ခွာခဲ့ရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဒုတိယကျောင်းအုပ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့သည်။ […]
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မသန်စွမ်းအားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးသည့်သတင်း
![]()
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မသန်စွမ်းအားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးသည့်သတင်း
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၁၃)ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မသန်စွမ်းအားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ရှိ ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား
![]()
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၁၃)ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မသန်စွမ်းအားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ရှိ ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား ရန်ကုန်၊ ဇန်နဝါရီ ၁၄ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ညနေပိုင်းတွင် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံမသန်စွမ်း အားကစား အဖွဲ့ချုပ်သို့ သွားရောက်၍ (၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် မသန်စွမ်းအားကစားအဖွဲ့ များ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေး ခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် […]
အားကစားနှင့်ကာယပညာဦးစီးဌာနရှိ လစ်လပ်လျက်ရှိသည့် ဝန်ထမ်းအိမ်ရာများတွင် ဝန်ထမ်းများအား နေရာချထားပေးနိုင်ရေးအတွက် အိမ်ရာကော်မတီအစည်းအဝေးကျင်းပ
![]()
အားကစားနှင့်ကာယပညာဦးစီးဌာနရှိ လစ်လပ်လျက်ရှိသည့် ဝန်ထမ်းအိမ်ရာများတွင် ဝန်ထမ်းများအား နေရာချထားပေးနိုင်ရေးအတွက် အိမ်ရာကော်မတီအစည်းအဝေးကျင်းပ ရန်ကုန်၊ ဇန်နဝါရီ ၁၄ အားကစားနှင့်ကာယပညာဦးစီးဌာနလက်အောက်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် လစ်လပ် ဝန်ထမ်းအိမ်ရာများ၌ ဝန်ထမ်းများအား နေရာချထားပေးနိုင်ရေးအတွက် အိမ်ရာကော်မတီ အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန မှန်ဆောင်ရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်သည့် အိမ်ရာအစည်းအဝေးသည် ဝန်ထမ်းအိမ်ရာတွင်နေထိုင်သူများ စည်းကမ်းစနစ်တကျရှိစေရေးအတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းအိမ်ရာများတွင် နေထိုင်သူများသည် စည်းမျဉ်း/ စည်းကမ်းနှင့်အညီ နေထိုင်မှုမရှိခြင်း၊ စည်းကမ်းလိုက်နာမှု အားနည်းခြင်းများကို တွေ့ရှိရပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများနှင့် အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းများတို့မှ ကျောင်းအုပ်ကြီးများအား အိမ်ရာဆပ်ကော်မတီနှင့် ပတ်သက်ပြီး […]
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ အားကစားကွင်း/အားကစားရုံ များအား လိုက်လံ ကြည့်ရှုစစ်ဆေးသည့်သတင်း
![]()
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ အားကစားကွင်း/အားကစားရုံ များအား လိုက်လံ ကြည့်ရှုစစ်ဆေးသည့်သတင်း