၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 ဘောလုံးအမျိုးသမီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းလူတွေ့စစ်ဆေးခြင်း၊ အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပြီး ပွဲစဉ်ဇယားရေးဆွဲခြင်းများဆောင်ရွက်
![]()
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 ဘောလုံးအမျိုးသမီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းလူတွေ့စစ်ဆေးခြင်း၊ အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပြီး ပွဲစဉ်ဇယားရေးဆွဲခြင်းများဆောင်ရွက် နေပြည်တော်၊ စက်တင်ဘာ ၁၄ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 ဘောလုံး(အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ရေးအတွက် ပြိုင်ပွဲဝင်အားကစားသမားများအား လူတွေ့စစ်ဆေးခြင်း၊ အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးနှင့် ပွဲစဉ်ဇယားရေးဆွဲခြင်းများကို ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ရှိ ကိုးသိန်းအားကစားကွင်း၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ အားကစား ဥယျာဉ်ကွင်း၌လည်းကောင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း၌လည်းကောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်အားကစားကွင်း၌လည်းကောင်း၊ ဇုန်(၄)ဇုန်ခွဲ၍ အသီးသီး ကျင်းပ ပြုလုပ်ခဲ့သည်။ ဦးစွာ အစီအစဉ်အရ ပြိုင်ပွဲဝင်အသင်းများအား အသက်၊ မှတ်ပုံတင်စစ်ဆေးခြင်းများ၊ သတ်မှတ်ချက် များနှင့် ကိုက်ညီမှုရှိ/မရှိ လူတွေ့စစ်ဆေးခြင်းများ […]
အားကစားရေးရာဝန်ကြီးဌာန၊ လစဉ်ထုတ် သတင်းလွှာ (July/2026)
![]()
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း မန္တလေးတိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မား စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ၊ အားကစားကွင်း/ အားကစားရုံများ၏ မြေပြင်အနေအထားများအား ကွင်းဆင်းစစ်ဆေး
![]()
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း မန္တလေးတိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မား စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ၊ အားကစားကွင်း/ အားကစားရုံများ၏ မြေပြင်အနေအထားများအား ကွင်းဆင်းစစ်ဆေး
တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေရေးအတွက် ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် စစ်ကိုင်းတိုင်းဒေသကြီး နှစ် ၇၀၀ အားကစားကွင်းအတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ရုံများအား ကွင်းဆင်းစစ်ဆေး
![]()
တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေရေးအတွက် ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် စစ်ကိုင်းတိုင်းဒေသကြီး နှစ် ၇၀၀ အားကစားကွင်းအတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ရုံများအား ကွင်းဆင်းစစ်ဆေး နေပြည်တော်၊ စက်တင်ဘာ ၁၃ မြန်မာ့အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ အဆင့်မီအရည်အသွေးကောင်းမွန်သည့် အားကစားကွင်း/အားကစားရုံများကို တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် တည်ဆောက်ပေးနိုင်စေရေး နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေရေး အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း သည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အားကစားအဆင့်အတန်း တိုးတက်မြင့်မား စေရေးအတွက် အားကစားကွင်းများသို့သွားရောက်၍ နယ်မြေကွင်းဆင်းစစ်ဆေးခြင်းများ […]
အားကစားရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းသား/သမီးများ၊ အား/ကာသိပ္ပံများမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကျင်းပ
![]()
အားကစားရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းသား/သမီးများ၊ အား/ကာသိပ္ပံများမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကျင်းပ နေပြည်တော်၊ စက်တင်ဘာ ၁၁ အားကစားရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းသား/သမီးများ၊ အားကစားနှင့်ကာယပညာသိပ္ပံများမှ သင်တန်းသား/သင်တန်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဝန်ထမ်းသား/ သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အားကစားရုံ(A)၌ ကျင်းပခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားရေးရာ ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ၏ သား/သမီးများနှင့် အားကစားနှင့်ကာယ ပညာသိပ္ပံများမှ သင်တန်းသား/သင်တန်းသူများအနက် ပညာရေးပိုင်းတွင် ထူးချွန်သည့် ဝန်ထမ်းသား/ သမီးများအား ဂုဏ်ပြုချီးမြှင့်ပေးခြင်းနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားဖြစ်ပါ ကြောင်း၊ မိမိတို့အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် […]
၂၀၂၆ ခုနှစ်၊ အမျိုးသားတံခွန်စိုက် ဂျူဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၊အမျိုးသား/အမျိုးသမီး အတိုက်ပြိုင်ပွဲများ၊ Kata ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ၊ ရွှေတံဆိပ်(၈)ခု၊ ငွေတံဆိပ်(၅)ခု၊ စုစုပေါင်း ဆုတံဆိပ်(၁၃)ခုဖြင့် အားကစားရေးရာဝန်ကြီးဌာနအသင်းမှ အမျိုးသားတံခွန်စိုက်ပထမဆုဖလား ဆွတ်ခူးရရှိ
![]()
၂၀၂၆ ခုနှစ်၊ အမျိုးသားတံခွန်စိုက် ဂျူဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၊အမျိုးသား/အမျိုးသမီး အတိုက်ပြိုင်ပွဲများ၊ Kata ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ၊ ရွှေတံဆိပ်(၈)ခု၊ ငွေတံဆိပ်(၅)ခု၊ စုစုပေါင်း ဆုတံဆိပ်(၁၃)ခုဖြင့် အားကစားရေးရာဝန်ကြီးဌာနအသင်းမှ အမျိုးသားတံခွန်စိုက်ပထမဆုဖလား ဆွတ်ခူးရရှိ နေပြည်တော်၊ စက်တင်ဘာ ၁၂ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်မှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ အမျိုးသားတံခွန်စိုက် ဂျူဒိုပြိုင်ပွဲဖွင့်ပွဲအခမ်းအနား၊ ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(C)၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဦးခိုင်က အဖွင့်အမှာစကားပြောကြား၍ မြန်မာ့ဂျူဒိုအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မား အောင် ဆက်လက်ကြိုးစားအားထုတ် လေ့ကျင့်သွားကြရန် တိုက်တွန်းမှာကြားခဲ့ပြီး “၂၀၂၆ ခုနှစ်၊ အမျိုးသားတံခွန်စိုက် ဂျူဒိုပြိုင်ပွဲ” အား ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်ပြီး မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်းက ဂျပန်နိုင်ငံ […]
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒို(အမျိုးသား/အမျိုးသမီး) Mix Team အသင်းလိုက် အတိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရွှေတံဆိပ်(၇)ခု၊ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၂)ခု၊ စုစုပေါင်း ဆုတံဆိပ်(၁၁)ခုဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလားကို ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ဆွတ်ခူးရရှိ
![]()
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒို(အမျိုးသား/အမျိုးသမီး) Mix Team အသင်းလိုက် အတိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရွှေတံဆိပ်(၇)ခု၊ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၂)ခု၊ စုစုပေါင်း ဆုတံဆိပ်(၁၁)ခုဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလားကို ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ဆွတ်ခူးရရှိ နေပြည်တော်၊ စက်တင်ဘာ ၁၁ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒို(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ Mix Team အသင်းလိုက် အတိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(C)၌ ကျင်းပခဲ့သည်။ ယနေ့ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲ Mix Team အသင်းလိုက် အတိုက်ပြိုင်ပွဲ အမျိုးသား (+၆၃၊ -၆၀၊ -၇၃)ကီလိုတန်းနှင့် အမျိုးသမီး(-၇၃၊ -၆၃၊ +၇၃)ကီလိုတန်းပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များအဖြစ် […]
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒို(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ ဆက်လက်ကျင်းပ
![]()
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒို(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ ဆက်လက်ကျင်းပ နေပြည်တော်၊ စက်တင်ဘာ ၁၀ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(C)၌ ကျင်းပခဲ့သည်။ ယနေ့ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲ အတိုက်ပွဲစဉ်များအဖြစ် အမျိုးသား (-၄၂၊ -၅၀၊ -၅၅၊ – ၆၀) ကီလိုတန်းပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကိုလည်းကောင်း၊ အမျိုးသမီး (-၄၂၊ -၅၂၊ -၆၃) ကီလိုတန်းပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များနှင့် ဗိုလ်လုပွဲ ပွဲစဉ်များလည်းကောင်း အသီးသီး ယှဉ်ပြိုင်ခဲ့သည်။ အမျိုးသား (-၄၂၊ -၅၀၊ -၅၅၊ – ၆၀) ကီလိုတန်းပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် (-၄၂) […]
Gold Camp နှင့် Youth Camp တို့ရှိ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် သက်ဆိုင်ရာအားကစားနည်းအလိုက် အုပ်ချုပ်/နည်းပြများနှင့် အုပ်ချုပ်မှု၊ နည်းစနစ်ပိုင်းဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
Gold Camp နှင့် Youth Camp တို့ရှိ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် သက်ဆိုင်ရာအားကစားနည်းအလိုက် အုပ်ချုပ်/နည်းပြများနှင့် အုပ်ချုပ်မှု၊ နည်းစနစ်ပိုင်းဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ စက်တင်ဘာ ၁၀ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် Gold Camp နှင့် Youth Camp တို့ရှိ စခန်းဝင်အားကစားအဖွဲ့များမှ အုပ်ချုပ်/နည်းပြများအား အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ နည်းစနစ်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Gold Camp ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ရာ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ သက်ဆိုင်ရာညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ စခန်းဝင်အားကစားအဖွဲ့များမှ အုပ်ချုပ်/ နည်းပြများတက်ရောက်ခဲ့သည်။ ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးက အဖွင့်အမှာ စကားပြောကြားရာတွင် […]
မွန်ပြည်နယ် အသက် (၁၉) နှစ်အောက် အမျိုးသမီးဘောလုံးအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်ခြင်း အခမ်းအနားကျင်းပ
![]()
မွန်ပြည်နယ် အသက် (၁၉) နှစ်အောက် အမျိုးသမီးဘောလုံးအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်ခြင်း အခမ်းအနားကျင်းပ၏ စက်တင်ဘာ ၈။ ၂ဝ၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၉) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ် အသက် (၁၉) နှစ်အောက် အမျိုးသမီးဘောလုံးအသင်းအား အောင်နိုင်ရေးအလံ အပ်နှင်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး ရာမညခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ မွန်ပြည်နယ် အသက် (၁၉)နှစ်အောက် အမျိုးသမီးဘောလုံးအသင်း အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများက တစ်ဦးချင်း မိတ်ဆက်ဂါရဝပြုခဲ့ကြပြီး ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြာရေးမှူး ဦးနေမျိုးလွင်က အမျိုးသမီးဘောလုံးအသင်း […]