၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင် နေပြည်တော် ဒီဇင်ဘာ ၇ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ရုံများ၌ ဆက်လက် ယှဉ်ပြိုင်ကစား ကြသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၃)နှစ်အောက် အမျိုးသားဘတ်စကက် ဘောပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ရွှေကြာပင်အားကစားရုံ၌ ကျင်းပရာ ရှမ်းပြည် နယ်အသင်းက ကချင်ပြည်နယ်အသင်းကို ရမှတ်(၁၀၆-၇၂) မှတ်၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ရမှတ်(၇၀-၆၇)မှတ်ဖြင့် အနိုင်ရရှိ ခဲ့ကြသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၀)နှစ်အောက်ဘော်လီဘော ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ကျင်းပရာ အမျိုးသားဘော်လီဘော ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်း က ရခိုင်ပြည်နယ်အသင်းကို ၃ပွဲပြတ်၊ ရှမ်းပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို ၃ပွဲပြတ်၊ […]
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် ဖူဆယ်(အမျိုးသား/အမျိုးသမီး) အားကစားပြိုင်ပွဲ အားကစားအသင်းမန်နေဂျာများ အစည်းအဝေးဆက်လက်ကျင်းပ
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် ဖူဆယ်(အမျိုးသား/အမျိုးသမီး)အားကစားပြိုင်ပွဲ အားကစားအသင်းမန်နေဂျာများ အစည်းအဝေးဆက်လက်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ ၇ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင်ပါဝင်သည့် ဝန်ကြီးဌာနအဆင့် (အမျိုးသား) ဖူဆယ်အားကစားနည်း အသင်းမန်နေဂျာများ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(C)၌ ကျင်းပခဲ့သည်။ ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြသည့် အသင်းများမှ အားကစားသမား များသည် ကြိုတင်ဖြန့်ဝေအသိပေးထားသော စည်းမျဉ်း/စည်းကမ်းများနှင့်ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြီးနောက် ပြိုင်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ဝန်ကြီးဌာနပေါင်းစုံအဆင့် ဖူဆယ်ပြိုင်ပွဲတွင် အသင်း(၂၅)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဝန်ကြီးဌာနအဆင့်ပြိုင်ပွဲများကို ဒီဇင်ဘာလ (၈) ရက်နေ့မှ (၁၉)ရက်နေ့အထိ နံနက် ၈ နာရီအချိန်မှ စတင်၍ ဝဏ္ဏသိဒ္ဓိဖူဆယ်ရုံ၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်သည့်သတင်း
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်သည့်သတင်း
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင် နေပြည်တော် ဒီဇင်ဘာ ၇ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ် ထားသော အားကစားကွင်း/ရုံများ၌ ဆက်လက် ယှဉ်ပြိုင်ကစား ကြသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၃)နှစ်အောက် အမျိုးသားဘတ်စကက် ဘောပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ရွှေကြာပင်အားကစားရုံ၌ ကျင်းပရာ ရှမ်းပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ရမှတ်(၁၀၁-၆၀) မှတ်၊ ကချင်ပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို ရမှတ်(၆၅-၄၄) မှတ်၊ ရန်ကုန် တိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကိုရမှတ် (၈၂-၅၇)မှတ်၊ မန္တလေး တိုင်းဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကို ရမှတ် (၈၁-၄၂) မှတ်ဖြင့် အနိုင်ရရှိ ခဲ့ကြသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၀)နှစ်အောက်ဘော်လီဘော ပြိုင်ပွဲ များကို […]
မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်း မြန်မာ့အားကစား လှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ
မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်း မြန်မာ့အားကစား လှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ နေပြည်တော်၊ ဒီဇင်ဘာ ၇ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲနှင့်ပိတ်ပွဲတွင် မီးရှူးတိုင်သယ်ယူရေးအပါအဝင် အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပါဝင်ကူညီဆောင်ရွက်ကြမည့် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းဥက္ကဋ္ဌအပါအဝင် စုစုပေါင်း အဖွဲ့ဝင်(၉)ဦးတို့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ Social Zone အတွင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသည့် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်း၊ မြန်မာ့အားကစား မော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများ၏ ပုံတူရုပ်ထုများပြခန်းနှင့် အားကစားပြတိုက် (စိတ်ဓာတ်မြှင့်တင်ရေး ခန်းမ) တို့ကို လာရောက်ကြည့်ရှုလေ့လာရင်း ပြခန်းအတွင်းပြင်ဆင်ဆောင်ရွက်သင့်သည်များကို အကြံပြုဆွေးနွေးခဲ့ပြီးနောက် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ သတင်းထောက်ချုပ် ဒေါ်ခင်ရတနာက အားကစားပွဲတော်ကာလအတွင်း ထုတ်ဝေမည့်သတင်းလွှာတွင်ထည့်သွင်း ဖော်ပြရန်အတွက် မေးမြန်းသည့်အချက် အလက်များကို ဖြေကြားခဲ့ပါကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် မသန်စွမ်းအားကစားပြိုင်ပွဲများယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် မသန်စွမ်းအားကစားပြိုင်ပွဲများယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့် နေပြည်တော်၊ ဒီဇင်ဘာလ(၅)ရက်။ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် မသန်စွမ်းအားကစားပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိရေကူးကန်နှင့် လယ်ဝေး TC-2 အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေး ကြပြီး ဆုများပေးအပ်ချီးမြှင့်ကြသည်။ ဦးစွာ မသန်စွမ်းရေကူး(အမျိုးသား/အမျိုးသမီး) မီတာ(၅၀)အလွတ်ကူးပြိုင်ပွဲနှင့် ရင်ပေါင် တန်းကူးပြိုင်ပွဲတို့၏ ဗိုလ်လုပွဲ ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိရေကူးကန်၌ ယှဉ်ပြိုင်ကစားကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံရေကူး အဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးကြသည်။ ပေးအပ်ချီးမြှင့် ပြိုင်ပွဲယှဉ်ပြိုင်မှုများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ […]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် မသန်စွမ်းအားကစားပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးပြီး ဆုချီးမြှင့်သည့်သတင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် မသန်စွမ်းအားကစားပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးပြီး ဆုချီးမြှင့်သည့်သတင်း
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဂေါက်သီးရိုက်အားကစားပြိုင်ပွဲ အားကစားအသင်းမန်နေဂျာများ အစည်းအဝေးဆက်လက်ကျင်းပ
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဂေါက်သီးရိုက်အားကစားပြိုင်ပွဲ အားကစားအသင်းမန်နေဂျာများ အစည်းအဝေးဆက်လက်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ ၅ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင်ပါဝင်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်နှင့် ဝန်ကြီးဌာနအဆင့် ဂေါက်သီးရိုက်အားကစားနည်း အသင်းမန်နေဂျာများ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပခဲ့သည်။ ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြသည့် အသင်းများမှ အားကစားသမားများသည် ကြိုတင်ဖြန့်ဝေအသိပေးထားသော စည်းမျဉ်း/စည်းကမ်းများနှင့်ကိုက်ညီမှု ရှိ/ မရှိ စိစစ်ပြီးနောက်ပြိုင်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အသင်း(၁၄)သင်းနှင့်ဝန်ကြီးဌာနအဆင့် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အသင်း(၂၇)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲများကို ဒီဇင်ဘာလ(၇) ရက်နေ့မှ (၈) ရက်နေ့အထိ နံနက် ၇နာရီအချိန်မှစတင်၍လည်းကောင်း၊ ဝန်ကြီးဌာနအဆင့်ပြိုင်ပွဲများကို ဒီဇင်ဘာလ (၁၀) ရက်နေ့မှ (၁၁)ရက်နေ့အထိ နံနက် ၇နာရီအချိန်မှစတင်၍ မြို့တော်ဂေါက်ကွင်း(နေပြည်တော်)၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစားပြိုင်ပွဲများနှင့် မသန်စွမ်းအားကစားပြိုင်ပွဲ အသင်းမန်နေဂျာများအစည်းအဝေးကျင်းပ
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစားပြိုင်ပွဲများနှင့် မသန်စွမ်းအားကစားပြိုင်ပွဲ အသင်းမန်နေဂျာများအစည်းအဝေးကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ ၄ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင်ပါဝင်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ကြက်တောင်၊ လက်ဝှေ့၊ ခရစ်ကက် (အမျိုးသား/အမျိုးသမီး)အားကစားနည်းများနှင့် မသန်စွမ်းအားကစား နည်းများဖြစ်သည့် ပြေးခုန်ပစ်၊ ရေကူး၊ ထိုင်လျက်ဘော်လီဘော၊ စစ်တုရင်(မျက်မမြင်) အားကစား ပြိုင်ပွဲများ၏ အသင်းမန်နေဂျာများအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အမှတ်(၃)၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း(ရွာတော်)နှင့် လယ်ဝေး TC-2 တို့တွင်ကျင်းပခဲ့သည်။ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် အသင်းများမှ အားကစားသမားများသည် ကြိုတင်ဖြန့်ဝေအသိပေးထားသည့် စည်းမျဉ်း/စည်းကမ်းများနှင့် ကိုက်ညီမှု ရှိ/ မရှိ စိစစ်ပြီးနောက် ပြိုင်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များကိုညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ကြက်တောင်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲတွင် ကျား(၁၄) သင်း၊ မ(၁၀)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီးအုပ်စုပတ်လည်ပွဲစဉ်များကို ဒီဇင်ဘာလ (၅)ရက်နေ့မှ (၆)ရက်နေ့အထိ နံနက် […]
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲအုပ်စုပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်သည့်သတင်း
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲအုပ်စုပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်သည့်သတင်း