အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနခွဲများရှိ အရာထမ်း/အမှုထမ်းများ ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနခွဲများရှိ အရာထမ်း/အမှုထမ်းများ ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ မတ်လ(၁၃)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ ဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ) အခမ်းအနားကို ယနေ့ မွန်းလွဲ (၁၃:၀၀)အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ တွေ့ဆုံပွဲတွင် ဝန်ထမ်းများအနေဖြင့် မိမိတို့တွေ့ကြုံရသည့်အခက်အခဲများကို ပွင့်ပွင့်လင်းလင်းတင်ပြသွားကြရန်နှင့် နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများ၊ လုပ်ငန်းစဉ်များကို ဝန်ထမ်းများနားလည်သဘော ပေါက်စေရေး ရှင်းလင်းဆွေးနွေးပေးရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း အချင်းချင်းအပြန်အလှန်လေးစားကြပြီး မိသားစုသဖွယ် ရင်းနှီးနွေးထွေးစွာ ဆက်ဆံကြရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရိုးသားမှုကိုအခြေခံကြရန် တိုက်တွန်းလိုပါကြောင်းနှင့် ဝန်ထမ်းတစ်ဦးချင်းစီက လုပ်ငန်းများကို ကျွမ်းကျင်တတ်မြောက်အောင် လေ့လာကြိုးစားသင်ယူကြရန် အရေးကြီးပါကြောင်း […]
ဒုတိယဝန်ကြီး ဦးထိန်လင်း ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone အတွင်းရှိ ဌာနခွဲရုံးများနှင့် မြန်မာ့အားကစားလှုပ်ရှား မှုများပြခန်းအား ကြည့်ရှုစစ်ဆေး
![]()
ဒုတိယဝန်ကြီး ဦးထိန်လင်း ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone အတွင်းရှိ ဌာနခွဲရုံးများနှင့် မြန်မာ့အားကစားလှုပ်ရှား မှုများပြခန်းအား ကြည့်ရှုစစ်ဆေး နေပြည်တော်၊ မတ်(၁၃)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ယနေ့နံနက်(၁၀)နာရီ အချိန်တွင် ဌာနခွဲညွှန်ကြားရေးမှူးများလိုက်ပါ၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone အတွင်းရှိ ဌာနခွဲရုံးများနှင့် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် Social Zone အတွင်းရှိ အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ၊ စီမံကိန်းနှင့်သုတေသနဌာနခွဲနှင့် လူထုအားကစားနှင့်ပညာပေးဌာနခွဲ ရုံးခန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အမှုထမ်းအရာထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ဌာနခွဲ တာဝန်ခံညွှန်ကြားရေးမှူးများအား လိုအပ်သည်များ မှာကြားခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအား လေ့လာကြည့်ရှုစစ်ဆေးခဲ့ရာ ပြခန်းတာဝန်ခံ လူထုအားကစားနှင့်ပညာပေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ရှင်းလင်းတင်ပြပြီးနောက် ဒုတိယဝန်ကြီးကလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်
![]()
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက် နေပြည်တော်၊ မတ်(၁၁)ရက်။ ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များအဖြစ် အမျိုးသားအသက်(၁၂)နှစ်အထက် ဝူရှူး(ထောက်လု)နန်းချွမ်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး၊ အသက်(၂၅)နှစ်အောက် ဝူရှူး(ဆန်းဆို)ပြိုင်ပွဲနှင့် […]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃- ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်သည့်သတင်း
![]()
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃ – ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်သည့်သတင်း
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
![]()
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ မတ်(၁၁)။ မျိုးဆက်သစ် အားကစားသမားများပေါ်ထွက်လာစေရန်နှင့် ဝူရှူးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူး(အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(B)၌ ကျင်းပခဲ့သည်။ ယနေ့ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ဝူရှူး(ထောက်လု)ပြိုင်ပွဲများဖြစ်သည့် Form(B) (အမျိုးသား) (၁၂)နှစ်အထက် နန်းချွမ်ပြိုင်ပွဲ၊ Form(B) (အမျိုးသမီး) (၁၂)အောက် ကျန်းစုပြိုင်ပွဲ၊ ဝူရှူး(ဆန်းဆို)ပြိုင်ပွဲများဖြစ်သည့် အမျိုးသား (၄၈)ကီလို ပြိုင်ပွဲ၊ အမျိုးသား (၆၀)ကီလိုပြိုင်ပွဲနှင့် အမျိုးသမီး (၄၅)ကီလိုပြိုင်ပွဲများအား အသီးသီး ယှဉ်ပြိုင်ခဲ့ကြပြီးနောက် ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပခဲ့သည်။ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲကို ၂၀၂၄ ခုနှစ် […]
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချူပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူ/နည်းပြများအား တွေ့ဆုံအမှာစကားပြောကြား
![]()
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချူပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူ/နည်းပြများအား တွေ့ဆုံအမှာစကားပြောကြား နေပြည်တော်၊ မတ်(၁၁)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချူပ်ဥက္ကဋ္ဌ ဦးသစ္စာ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူ/နည်းပြများအား တွေ့ဆုံအမှာစကားပြောကြားသည့်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)ရှိ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက တွေ့ဆုံအမှာစကားပြောကြားရာတွင် ဝူရှူး အားကစားနည်း ပြန်လည်ဦးမော့လာစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများစွာ ပေါ်ထွက်လာစေရေးအတွက် ယခုလို ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲအား ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ မျိုးဆက်သစ်အားကစားသမားနည်းပါးလာခြင်းကြောင့် ဝူရှူးအားကစားအဆင့်အတန်းသည် ယခင်ကထက် တဖြည်းဖြည်း ကျဆင်းလာသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ယခုပြိုင်ပွဲတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသက်(၈)နှစ်အရွယ် လူငယ်မျိုးဆက်သစ်အားကစားသမားများ ပါဝင်ယှဉ်ပြိုင်လာသည်ကို မြင်တွေ့ ရသည့်အတွက် အားရဝမ်းသာမိပါကြောင်း၊ ၎င်းအားကစားသမားများအား ငယ်ရွယ်စဉ်ကတည်းကပင် အခြေခံကိုနားလည်၍ စနစ်တကျလေ့ကျင့်သင်ကြားပေးခြင်းဖြင့် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း၊ အားကစားရုံများနှင့် အားကစားလေ့ကျင့်ရေးစခန်းများသို့ ဆက်လက် ကြည့်ရှုစစ်ဆေးသည့်သတင်း
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း၊ အားကစားရုံများနှင့် အားကစားလေ့ကျင့်ရေးစခန်းများသို့ ဆက်လက် ကြည့်ရှုစစ်ဆေးသည့်သတင်း
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်းနှင့် အားကစားလေ့ကျင့်ရေး စခန်းများအား ကြည့်ရှုစစ်ဆေးသည့်သတင်း
![]()
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်းနှင့် အားကစားလေ့ကျင့်ရေး စခန်းများအား ကြည့်ရှုစစ်ဆေးသည့်သတင်း
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများနှင့် အားကစားလေ့ကျင့်ရေးစခန်းများသို့ ဆက်လက်ကြည့်ရှုစစ်ဆေး
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများနှင့် အားကစားလေ့ကျင့်ရေးစခန်းများသို့ ဆက်လက်ကြည့်ရှုစစ်ဆေး ရန်ကုန်၊ မတ်လ (၉)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် (၉)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ရေကူးကန်သို့ ရောက်ရှိ၍ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် ဝန်ထမ်းအချင်းချင်း တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီကြ၍ စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ကြရန်နှင့် လုံခြုံရေးအသိ၊ သတိရှိပြီး ကျန်းမာရေးအထူးဂရုစိုက်ကြရန်မှာကြားပြီး ဝန်ထမ်းများ၏လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ်သို့ ရောက်ရှိလာပြီး အဖွဲ့ချုပ်ဥက္ကဌ နှင့်တာဝန်ရှိသူများက ကြိုဆိုကြပြီး စခန်းဝင်အားကစားသမားများ၏ လေ့ကျင့် နေမှုကို ကြည့်ရှု အားပေး၍ ဥက္ကဌမှ ခင်းကျင်းထားသော ပြိုင်ပွဲဝင်အမျိုးအစားအလိုက် အထောက် အကူပြုပစ္စည်းများ အသုံးပြုပုံ […]
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူး (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများ ဆက်လက်ကျင်းပ
![]()
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူး (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများ ဆက်လက်ကျင်းပ နေပြည်တော်၊ မတ်(၁၀)။ မျိုးဆက်သစ် အားကစားသမာများပေါ်ထွက်လာစေရန်နှင့် ဝူရှူးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူး(အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် (၉) နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(B)၌ ကျင်းပခဲ့သည်။ (၈.၃.၂၀၂၄)ရက်နေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝူရှူး(ထောက်လု)ပြိုင်ပွဲများဖြစ်သည့် (အမျိုးသား/အမျိုးသမီး) Form(B) (၁၂)နှစ်အထက် ကျန့်စုပြိုင်ပွဲ၊ သောင်းစုပြိုင်ပွဲ၊ နန်းသောင်းပြိုင်ပွဲနှင့် (အမျိုးသား) ထိုက်ကျိကျန့်ပြိုင်ပွဲ ပွဲစဉ်များအားလည်းကောင်း၊ (အမျိုးသား/အမျိုးသမီး) Form(C) (၁၂)နှစ်အောက် သောင်းစုပြိုင်ပွဲ၊ နန်းသောင်းပြိုင်ပွဲ၊ ထိုက်ကျိကျန့်ပြိုင်ပွဲ၊ (အမျိုးသား) ကျန့်စုပြိုင်ပွဲနှင့် (အမျိုးသမီး) Form (C) (၁၂)နှစ်အထက် ထိုက်ကျိကျန့်ပြိုင်ပွဲ ပွဲစဉ်များအားလည်းကောင်း၊ ဝူရှူး(ဆန်းဆို)ပြိုင်ပွဲ ပွဲစဉ်များ ဖြစ်သည့် […]