အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ် ၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

တောင်ကြီးမြို့၊ ဩဂုတ်လ(၁၂)ရက်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုများနှင့်အတူ ၁၂.၈.၂၀၂၄ ရက်နေ့ ယနေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ဂုဏ်ပြုသောအားဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူငယ်ရေးရာဦးစီးဌာနတို့မှကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်(၀၉:၀၀)နာရီအချိန်တွင် ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် နှင့် ဇနီး ၊ ရှမ်းပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားသူကြီးချုပ် ဦးသန်းဦးလွင်နှင့်ဇနီး ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းနှင့်ဇနီး ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးနေဝင်းအောင်နှင့်ဇနီး ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ဒုတိယကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိမော်၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေးနှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ပြည်နယ်အားကစားနည်းအလိုက်ဆပ်ကော်မတီအဖွဲ့ဝင်များ ၊ ဖိတ်ကြားထားသူများ ၊ ကျောင်းသား / ကျောင်းသူများ နှင့် ပြိုင်ပွဲဝင်ဆုရအသင်းများက တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ပထမဦးစွာ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် အပြည်ပြည်ဆိုင်ရာ ယနေ့ကျင်းပပြုလုပ်တဲ့ “ ၂၀၂၄ ခုနှစ် ၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနား” သို့ တက်ရောက်ချီးမြှင့်ပေးပါသော ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီဝင်များ ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ ၊ လူငယ်ကဏ္ဍအသီးသီးမှ ထူးချွန်လူငယ်များ ၊ ဆုရအားကစားသမားများအားလုံး စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပါစေလို့ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ၊ ယနေ့ကမ္ဘာပေါ်မှာ လူဦးရေ(၈)ဘီလီယံခန့်ရှိရာ ကမ္ဘာ့လူဦးရေ စုစုပေါင်းရဲ့ (၁၈)ရာခိုင်နှုန်းဟာ လူငယ်များဖြစ်ကြပါကြောင်း ၊ အာဆီယံဒေသအတွင်းမှာ လူဦးရေ (၆၅၄) သန်းအနက် (၃၄)ရာခိုင်နှုန်းက အသက်(၁၅)နှစ်ကနေ (၃၅)နှစ်ကြားသည် လူငယ်များဖြစ်ကြပါကြောင်း ၊ ၂၀၁၄ ခုနှစ် ၊ မြန်မာနိုင်ငံလူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ အသက်(၁၅)နှစ်ကနေ (၃၅)နှစ်ကြားသည် လူငယ်များဟာ မြန်မာနိုင်ငံလူဦးရေ စုစုပေါင်းရဲ့ (၃၄)ရာခိုင်နှုန်းတွေ့ရှိရပါကြောင်း ၊ ဒါကြောင့်အလုပ်လုပ်နိုင်တဲ့လူငယ်ဦးရေ အချိုးအစားများပြားခြင်းကြောင့် “ လူဦးရေဆိုင်ရာဆုလာဘ်” ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး အကျိုးရှိစွာအသုံးချနိုင်မည်ဆိုပါက နိုင်ငံ၏ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မှာဖြစ်ပါကြောင်း ၊ ဒီလူငယ်တွေဟာ နိုင်ငံတော်အတွက်တန်ဖိုးမဖြတ်နိုင်တဲ့ကြီးမားတဲ့ လူ့စွမ်းအားအရင်းအမြစ်ဖြစ်ပြီး ၊ နောင်လာမယ့်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်လည်း ယင်းကဲ့သို့သော အနာဂတ်လူငယ်များကသာ ဦးဆောင်သွားရမှာဖြစ်ပါကြောင်း ၊ အနာဂတ်ကာလအတွက် အသင့်ဖြစ်နေတဲ့မျိုးဆက်သစ်လူငယ်တွေရဲ့အခန်းကဏ္ဍကို အသိအမှတ်ပြုပြီး လူငယ်များရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ အခက်အခဲတွေကို နိုင်ငံတကာအသိုက်အဝန်းက သိရှိနားလည်စေရန်ရည်ရွယ်ပြီး ၊ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ဆုံးဖြတ်ချက်အရ သြဂုတ်လ(၁၂)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အဖြစ်သတ်မှတ်ခဲ့တာဘဲဖြစ်ပါကြောင်း ၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို နိုင်ငံတကာတွင်နှစ်စဥ် ကျင်းပပြုလုပ်လျက်ရှိသလို မြန်မာနိုင်ငံမှာလည်းအပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ( International Youth Day ) အခမ်းအနားကို ၂၀၀၀ပြည့်နှစ်ကတည်းကစတင်ကျင်းပခဲ့တာ ယနေ့ဆိုလျှင် (၂၄)နှစ်တိုင်ခဲ့ပြီဖြစ်ပါကြောင်း ၊ ၂၀၂၄ ခုနှစ် ၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးက ထုတ်ပြန်ကြေညာတဲ့ဆောင်ပုဒ်ဖြစ်တဲ့ ” From Clicks to Progress: Youth Digital Pathways for Sustainable Development” ” စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးလူငယ်များရဲ့ဒစ်ဂျစ်တယ် ကျွမ်းကျင်မှုဖြင့်ဖော်ဆောင်ပေး ” ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ ဖန်တီးပုံဖော်ကာအရှိန်မြှင့်တင် ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်မှာ လူငယ်တွေဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး ၁.၈.၂၀၂၁ ရက်စွဲပါ အမိန့်အမှတ် (၁၅၁/၂၀၂၁)အရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအဖြစ် သီးခြားပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း နှင့် ကမ္ဘာ့နိုင်ငံများမှာ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်မှုနည်းလမ်းများအဖြစ် လူငယ်ဖလှယ်ရေးအစီအစဉ်များ(Youth Exchange Program) ၊ လူငယ်ခေါင်းဆောင်မှုအစီအစဉ်များ (Youth Leadership Program) ၊ လူငယ်စေတနာ့ဝန်ထမ်းအခွင့်အလမ်း(Youth Volunteer Opportunities) ၊ ၂၁ ရာစုကျွမ်းကျင်မှုအတတ်ပညာများအပါအဝင် ကျွမ်းကျင်မှုသင်တန်းများ (Skills Training)နှင့် လူမှုရေးဆိုင်ရာစွမ်းဆောင်မှုအစီအစဉ်များ (Social Entrepreneurship Program)များကို ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း အစရှိသည်များကို ပြောကြားသွားကာ ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက နိုင်ငံတကာအားကစားပြိုင်ပွဲများနှင့် အထိမ်းအမှတ်ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အတူ ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း ၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်နေ့တွင် တိုင်းရင်းသားအကနှင့်ဂုဏ်ပြုတေးဖြင့် ကပြသီဆိုဖျော်ဖြေပေးခဲ့ကြသောအဖွဲ့များကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ပေးအပ်ခဲ့ကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများကို ရိုက်ကူးခဲ့ကြကာ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီတွင် ကဏ္ဍအလိုက်ပါဝင်ကြသော ဌာနများရဲ့လှုပ်ရှားမှုဓာတ်ပုံပြခန်းအား လိုက်လံကြည့်ရှုခဲ့ပြီး နံနက် (၁၁:၄၅)နာရီအချိန်တွင် ပြန်လည်ထွက်ခွာသွားခဲ့ကြကြောင်းသိရှိခဲ့ရပါသည်။

ဆက်လက်ပြီး အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ်အဖြစ် ကျောင်းသား / ကျောင်းသူများနှင့် လေ့လာရေးအဖွဲ့များအား ဉာဏ်စမ်းပဟေဠိမေးခွန်းများမေးကာ အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး လေ့လာရေးအဖွဲ့များနှင့်အတူ ရျိမ်းပြည်နယ်ယဉ်ကျေးမှုပြတိုက်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်တို့အား ပြင်ပဗဟုသုတများတိုးပွားစေရန်လိုက်လံကြည့်ရှုလေ့လာခဲ့ကြကြောင်း ထပ်မံသိရှိခဲ့ရပါသည်။