အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အာရှကာယဗလနှင့်ကာယကြံခိုင်မှုအားကစားပြိုင်ပွဲတွင်ရွှေ နှစ်ခု ၊ငွေ နှစ်ခု ဆွတ်ခူးရရှိခဲ့ သောမြန်မာအားကစားအဖွဲ့ပြန်လည်ရောက်ရှိ

ရန်ကုန် ၊ သြဂုတ်လ ၁၂ရက်။

အင်ဒိုနီးရှားနိုင်ငံ၊ဘာတန်ကျွန်းတွင် သြဂုတ် ၆ ရက်မှ ၁၂ ရက်အထိ ကျင်းပခဲ့သည့် (၅၆)ကြိမ်မြောက် အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သော မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးကျော်သန်း(အုပ်ချုပ်သူ) ဦးဆောင်၍ (ဒိုင်)တစ်ဦး (နည်းပြ)တစ်ဦးနှင့် ကစားသမား ခုနှစ်ဦးပါဝင်သောနိုင်ငံ့ဂုဏ်ဆောင်အောင်ပွဲရမြန်မာအားကစားအဖွဲ့သည် ယနေ့ညနေ ၃ နာရီ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိရာ မြန်မာအားကစားအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီနာယကတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဒုတိယဥက္ကဌ (ဒုတိယမြို့တော်ဝန်)ဦးညီညီ ၊ အတွင်းရေးမှူးဦးညွန့်ဖေနှင့် ကော်မတီဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ၊ ညွှန်ကြားရေးမှူးဦးထွန်းထွန်းဦး ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦး ကျော်မင်းသန်းနှင့် တာဝန်ရှိသူများ ၊ ကျောင်းသား/ကျောင်းသူများ မိဘဆွေမျိုးမိတ်သင်္ဂဟများက အိုးစည်ဒိုးပတ်အကများဖြင့်သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်နိုင်ငံ့ဂုဏ်ဆောင်အောင်ပွဲရ မြန်မာအားကစားအဖွဲ့အား တစ်ဦးချင်းရင်းရင်းနှီးနှီးလိုက်လံဂုဏ်ပြုနှုတ်ဆက်ခဲ့သည်။

အဆိုပါ မြန်မာအားကစားအဖွဲ့တွင် ကာယဗလ ၇၅ ကီလိုတန်းပြိုင်ပွဲ၌ ရဲထွန်းနောင်ကပထမ ရွှေတံဆိပ်ဆုကိုလည်းကောင်း Women’s Model Physique up to 160 cm ပြိုင်ပွဲ၌ နီနီအောင်ကပထမရွှေတံဆိပ်ဆုကိုလည်းကောင်း ၊Women’s Athletic Physique up to 165 cm ပြိုင်ပွဲ၌ သဲဝါက ဒုတိယငွေတံဆိပ်ဆုကိုလည်းကောင်း ၊Men’s Athletic Physique up to 182 cm ပြိုင်ပွဲ၌ ထက်လင်းကိုကိုက ဒုတိယ ငွေတံဆိပ်ဆု ကို လည်းကောင်း၊ Men’s Athletic Physique up to 175 cm ပြိုင်ပွဲတွင် ကိုကိုကျော်ဖြိုးက စတုတ္ထဆုကို လည်းကောင်း၊ ကာယဗလ ၈၅ ကီလိုတန်းပြိုင်ပွဲ၌ ဟိန်းထက်ကျော် နှင့် Men’s Sports Physique up to 170 cm ပြိုင်ပွဲ၌ သန်းထိုက်ဦးတို့ကပဉ္စမဆုအသီးသီးရရှိခဲ့ကြသည်။

အဆိုပါပြိုင်ပွဲသို့နိုင်ငံပေါင်း ၂၂နိုင်ငံ မှအားကစားသမားပေါင်း ၂၀၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရှိရသည်။