အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပုဇွန်တောင်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ

ပုဇွန်တောင်၊ သြဂုတ်လ(၉)ရက်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းရှိ ပင်လုံခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇော်ဝင်းလှိုင်က အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စမ်းစိမ့်စိမ့်သင်းမှ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းပြ/နည်းစနစ်မှူး ဒေါ်သီရိဆွေက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြတ်သီရိခိုင်မှ အသိပညာအတတ်ပညာတွေရဖို့ စာဖတ်ကြပါစို့ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇော်ဝင်းလှိုင်နှင့်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းပြ/နည်းစနစ်မှူး ဒေါ်သီရိဆွေက အားကစားပစ္စည်းများကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမင်းဇော်နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်တို့မှ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်(၁၂၇)အုပ်ကိုလည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မြို့နယ်မိခင်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ နှာခေါင်းစည်း Mask များကိုလည်းကောင်း အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးအား ပေးအပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် အခမ်းအနားတက်ရောက်လာကြသော ဆရာမများနှင့် ကျောင်းသူ/ကျောင်းသားလေးများအား မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိ ပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇော်ဝင်းလှိုင်နှင့်တာဝန်ရှိသူများမှ ကျောင်းစာကြည့်တိုက်ထားရှိမှုအခြေအနေအား ဝင်ရောက်ကြည့်ရှုစစ်ဆေးပြီး ကျောင်းကျန်းမာရေးပြခန်းတွင် ကျောင်းသူ/ကျောင်းသားလေးများ ပြခန်းခင်းကျင်းဆောင်ရွက်ထားရှိမှုနှင့်လက်တွေ့သရုပ်ပြဆောင်ရွက်မှုများကို ကြည့်ရှုအားပေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ကျောင်းသား/သူ အင်အား ၁၂၀ ဦး တက်ရောက်ကြောင်း တင်ပြအပ်ပါသည်။