၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရေကူး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် အသင်းများအား ကြိုဆိုမိတ်ဆက်ခြင်း အခမ်းအနားကျင်းပ
![]()
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရေကူးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် အသင်းများအား ကြိုဆိုမိတ်ဆက်ခြင်း အခမ်းအနားကျင်းပ ရန်ကုန် ၊ ဇွန် ၂၃ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရေကူး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် အသင်းများအား ကြိုဆိုမိတ်ဆက်ခြင်း အခမ်းအနား ကို ယနေနံနက်(၀၉:၀၀)နာရီအချိန်တွင် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပ ပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ်မှ အတွင်းရေးမှူးနှင့်တာဝန်ရှိသူများ၊ ရေကူးဆပ်ကော်မတီဝင်များ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူ/နည်းပြများ နှင့် အားကစားသမားများ တက်ရောက်ခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အားကစားအဖွဲ့များက […]
အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း Gold Camp နှင့် Youth Camp တို့မှ ဂျူဒို၊ ဝူရှူးနှင့် တိုက်ကွမ်ဒိုအားကစားသမားများ၏ လေ့ကျင့်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး အင်အားဖြည့်အချိုရည်များ ထောက်ပံ့ပေးအပ်
![]()
အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း Gold Camp နှင့် Youth Camp တို့မှ ဂျူဒို၊ ဝူရှူးနှင့် တိုက်ကွမ်ဒိုအားကစားသမားများ၏ လေ့ကျင့်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး အင်အားဖြည့်အချိုရည်များ ထောက်ပံ့ပေးအပ် နေပြည်တော်၊ ဇွန် ၂၃ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးနှင့်အတူ လက်ရွေစင်အားကစားလေ့ကျင့်ရေးစခန်း Gold Camp နှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း Youth Camp တို့မှ တာဝန်ရှိ သူများလိုက်ပါလျက် ယနေ့ညနေပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၌ လေ့ကျင့်လျက်ရှိသည့် Gold Camp နှင့် Youth Camp တို့မှ ဂျူဒို၊ ဝူရှူးနှင့် တိုက်ကွမ်ဒိုအားကစားသမားများ၏ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများအား တွေ့ဆုံ၍ […]
အားကစားရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း အလေးမဒိုင်နှင့် နည်းပြမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၆) ဖွင့်ပွဲတက်ရောက်
![]()
အားကစားရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း အလေးမဒိုင်နှင့် နည်းပြမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၆) ဖွင့်ပွဲတက်ရောက်
အားကစားရေးရာဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် အလေးမဒိုင်နှင့်နည်းပြမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၆)ဖွင့်ပွဲအခမ်းအနားကျင်းပ
![]()
အားကစားရေးရာဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် အလေးမဒိုင်နှင့်နည်းပြမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၆)ဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇွန် ၂၂ အားကစားရေးရာဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အားကစားနှင့်ကာယပညာဦးစီး ဌာနနှင့် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် အလေးမဒိုင်နှင့်နည်းပြမွမ်းမံ သင်တန်းအမှတ်စဉ် (၁/၂၀၂၆)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစား လေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ဒုတိယဝန်ကြီး ဦးညီညီ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးဥဂ္ဂါအေးနှင့် တာဝန်ရှိသူ များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့သည်။ ဦးစွာ အခမ်းအနားအစီအစဉ်အရ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူ များက တစ်ဦးချင်း မိတ်ဆက်ဂါရဝပြုခဲ့ကြပြီးနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစား […]
အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း Gold Camp နှင့် Youth Camp တို့မှ အားကစားသမားများ၏ နေ့လယ်စာ စားသောက်နေမှုများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် အုပ်ချုပ်သူ/နည်းပြများအား တွေ့ဆုံအမှာစကားပြောကြား
![]()
အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း Gold Camp နှင့် Youth Camp တို့မှ အားကစားသမားများ၏ နေ့လယ်စာ စားသောက်နေမှုများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် အုပ်ချုပ်သူ/နည်းပြများအား တွေ့ဆုံအမှာစကားပြောကြား နေပြည်တော်၊ ဇွန် ၂၂ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲမြင့်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ (စားရိပ်သာ)၌ Gold Camp နှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း Youth Camp တို့မှ အားကစားသမားများ၏ နေ့လယ်စာ စားသောက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အုပ်ချုပ်သူ/နည်းပြများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် အားကစားကိုအောင်မြင်အောင် စေတနာထားလေ့ကျင့်ဆောင်ရွက်ပေးသွားရန် လိုကြောင်း၊ အားကစားအောင်မြင်မှုတွင် နည်းပြကဏ္ဍသည်လည်း အရေးကြီးပါကြောင်း၊ နည်းပြများသည် ထူးချွန်ထက်မြက်ပြီး ဆရာစိတ်အပြည့်အဝရှိရန်လိုအပ်ကြောင်း၊ ပြောင်းလဲလာသည့် နည်းစနစ်နှင့် ဥပဒေများကို ကျွမ်းကျွမ်းကျင်ကျင် […]
၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူမည့်စက်ပစ္စည်းများနှင့် ပရိဘောဂပစ္စည်းများ ဖွင့်ဖောက်စစ်ဆေးခြင်း အခမ်းအနားကျင်းပ
![]()
၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူမည့်စက်ပစ္စည်းများနှင့် ပရိဘောဂပစ္စည်းများ ဖွင့်ဖောက်စစ်ဆေးခြင်း အခမ်းအနားကျင်းပ နေပြည်တော်၊ ဇွန် ၂၂ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူမည့် စက်ပစ္စည်းများနှင့် ပရိဘောဂပစ္စည်းများ ဖွင့်ဖောက်စစ်ဆေးခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်၊ ရုံးအမှတ် (၃၁)ရှိ အားကစားရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ တင်ဒါကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက အဖွင့်အမှာစကားပြောကြားရာတွင် တင်ဒါလုပ်ငန်းများကို စိစစ်ရွေးချယ်ရာ၌ နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ Lot 5 ခုတွင် သက်ဆိုင်ရာ ကုမ္ပဏီများမှ တင်သွင်းလာသော ဈေးနှုန်း၊ စာအိတ်နှင့် ပစ္စည်းအမျိုးအစားများကို သတ်မှတ်ချက်နှင့်ကိုက်ညီမှုရှိ/မရှိ ဖွင့်ဖောက် စစ်ဆေး၍ ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ ပစ္စည်းနမူနာများပြသရန် […]
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ၂၀၂၆ ခုနှစ်၊ အိုလံပစ်နေ့ အထိမ်းအမှတ် ဝူရှူး(ထောက်လု) ဖိတ်ခေါ်ပြိုင်ပွဲ ဖွင့်ပွဲသို့ တက်ရောက်၊ အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး) အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
![]()
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ၂၀၂၆ ခုနှစ်၊ အိုလံပစ်နေ့ အထိမ်းအမှတ် ဝူရှူး(ထောက်လု) ဖိတ်ခေါ်ပြိုင်ပွဲ ဖွင့်ပွဲသို့ တက်ရောက်၊ အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး) အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ၂၀၂၆ ခုနှစ်၊ အိုလံပစ်နေ့ အထိမ်းအမှတ် ဝူရှူး(ထောက်လု)ဖိတ်ခေါ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၊ အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး) အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
![]()
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ၂၀၂၆ ခုနှစ်၊ အိုလံပစ်နေ့ အထိမ်းအမှတ် ဝူရှူး(ထောက်လု)ဖိတ်ခေါ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၊ အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး) အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇွန် ၂၀ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ကောင်စစ်ဝန်ချုပ် Ms, Gao Ping ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသစ္စာ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး၊ ဗထူး အားကစားရုံ၌ ရက် ၁၀၀ အတွင်း စီမံချက်တစ်ခုအဖြစ် အားကစားရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ၊ […]
အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် နပန်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
![]()
အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် နပန်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ ရန်ကုန် ၊ ဇွန် ၂၀ ၂၀၂၆ ခုနှစ် ၊ အားကစားရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် နပန်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ ညနေပိုင်းက ရန်ုကုန်မြို့ ၊ တာမွေမြို့နယ် ၊ ကျိုက္ကဆံအားကစားကွင်းရှိ မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ် ၌ကျင်းပခဲ့သည်။ ပြိုင်ပွဲတွင် အမျိုးသား( – 45Kg ) ၊ ( – 48Kg ) ၊ ( – 51Kg ) ၊ ( – 53 Kg ) ၊ ( – 55 […]
အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် စားပွဲတင်တင်းနစ် ပြိုင်ပွဲကျင်းပ
![]()
အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် စားပွဲတင်တင်းနစ် ပြိုင်ပွဲကျင်းပ ရန်ကုန် ၊ ဇွန် ၂၀ ၂၀၂၆ ခုနှစ် ၊ အားကစားရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် စားပွဲတင် တင်းနစ်ပြိုင်ပွဲကို ရန်ကုန်မြို့ ၊ ဒဂုံမြို့နယ် ၊ ဦးဝိစာရလမ်း ၊ အမျိုးသားရေကူးကန်ဝင်းရှိ မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ့ချုပ် ၌ ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဌဦးကျော်ကျော် နှင့် အလုပ်အမှုဆောင်များ ၊ Member များ ၊ ဒိုင်အဖွဲ့ဝင်များ ၊ ကျင်းပရေးဦးစီးကော်မတီများမှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် ပြိုင်ပွဲဝင် အားကစားသမားများတက်ရောက်ကြသည်။ ဦးစွာ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ် ဥက္ကဌဦးကျော်ကျော်ကအဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံနှုတ်ဆက်ခဲ့သည်။ အဆိုပါ ပြိုင်ပွဲတွင် […]