အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ

ရန်ကုန် ၊ ဩဂုတ် ၁၅

မျိုးဆက်သစ်ရိုးရာလက်ဝှေ့အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့အားကစား အဆင့်အတန်း ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှကြီးမှူး၍ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူရိုးရာလက်ဝှေ့ အားကစားရုံ၌ ဆက်လက်ကျင်းပခဲ့သည်။

ယနေ့ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား ၆၀ ကီလိုလူသစ်တန်း ပြိုင်ပွဲ ၊ အမျိုးသား ၆၃.၅ ကီလို လူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၅၄ ကီလို (ဂ အဆင့်) ပြိုင်ပွဲ၊ အမျိုးသား ၆၇ ကီလို(ဂ အဆင့်)ပြိုင်ပွဲ၊ အမျိုးသမီး ၅၄ ကီလိုပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့သည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား ၆၀ ကီလိုလူသစ်တန်းပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ရာဇာထွန်း(အနီ)နှင့် ကရင်ပြည်နယ်အသင်းမှ လှိုင်မျိုးထွန်း(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ လှိုင်မျိုးထွန်း(အပြာ)က လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ဝေါယောဇက် (အနီ)နှင့် မွန်ပြည်နယ်အသင်းမှ လွင်ထူးစံ(အပြာ) တို့ ယှဉ်ပြိုင်ခဲ့ရာ လွင်ထူးစံ(အပြာ) ကလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ခန့်ဇင်ကျော် (အနီ)နှင့် ပဲခူးတိုင်းဒေသကြီးအသင်းမှ သန်းလင်းအောင် (အပြာ)တို့ယှဉ်ပြိုင်ခဲ့ရာ သန်းလင်းအောင် (အပြာ)ကလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းမှ သူထူးအောင်(အနီ)နှင့် ပြည်ထောင်စု နယ်မြေနေပြည်တော်အသင်းမှ သန်းဇော်ဦး (အပြာ)တို့ယှဉ်ပြိုင်ခဲ့ရာ သန်းဇော်ဦး (အပြာ)က လည်းကောင်း၊ အမျိုးသား ၆၃.၅ ကီလို လူသစ်တန်းပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းမှ ကောင်းခန့်ဇော်(အနီ)နှင့် ကရင်ပြည်နယ်အသင်းမှ အောင်ခန့်ဖြိုး(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ ကောင်းခန့်ဇော်(အနီ)က လည်းကောင်း၊ ကယားပြည်နယ်အသင်းမှ ဘတ်နက်ဒက်ဂျန်း(အနီ)နှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ မင်းခန့်ဇော်(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ မင်းခန့်ဇော်(အပြာ)က လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းမှ မင်းခန့်သူ(အနီ)နှင့် မွန်ပြည်နယ်အသင်းမှ စရဲမြင့်အေး (အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ စရဲမြင့်အေး(အပြာ)ကလည်းကောင်း၊ ကချင်ပြည်နယ် အသင်းမှ အောင်အောင်ဟိန်း (အနီ)နှင့် ပဲခူးတိုင်းဒေသကြီးအသင်းမှ လွင်ကိုကိုထက်(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ လွင်ကိုကိုထက် (အပြာ)ကလည်းကောင်း၊ အမျိုးသား ၅၄ကီလို(ဂအဆင့်) ပြိုင်ပွဲတွင် ချင်းပြည်နယ်အသင်းမှ ဟာခေါဂေ (အနီ)နှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ အောင်ကျော်ကျော် (အပြာ) တို့ယှဉ်ပြိုင်ခဲ့ရာ အောင်ကျော်ကျော်(အပြာ)ကလည်းကောင်း၊ ကချင်ပြည်နယ်အသင်းမှ ပြည့်ညီညီအောင် (အနီ)နှင့် မွန်ပြည်နယ်အသင်းမှ စောပြည့်စုံဖြိုး(အပြာ)တို့ယှဉ်ပြိုင်ခဲ့ရာ စောပြည့်စုံဖြိုး(အပြာ)က လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ အံ့ထူးခန့်(အနီ)နှင့် ရှမ်းပြည်နယ်အသင်းမှ မင်းသူရှိန် (အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ အံ့ထူးခန့်(အနီ) ကလည်းကောင်း၊ ကရင်ပြည်နယ် အသင်းမှ စောပစော်ဖော (အနီ)နှင့် ကယားပြည်နယ်အသင်းမှ ထွန်းထွန်းနိုင်(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ စောပစော်ဖော(အနီ) က လည်းကောင်း၊ အမျိုးသား ၆၇ ကီလို(ဂ အဆင့်)တွင် မွန်ပြည်နယ် အသင်းမှ အောင်ကျော်မျိုး(အနီ)နှင့် မန္တလေးတိုင်းဒေသကြီးအသင်းမှ နန္ဒ(အပြာ)တို့ယှဉ်ပြိုင်ခဲ့ရာ နန္ဒ(အပြာ)က လည်းကောင်း၊ ကချင် ပြည်နယ်အသင်းမှ လမိုင်ဗျင်းအောင်(အနီ)နှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ဟိန်းထက် (အပြာ)တို့ယှဉ်ပြိုင်ခဲ့ရာ ဟိန်းထက်(အပြာ) ကလည်းကောင်း၊ ကရင်ပြည်နယ်အသင်းမှ အောင်သန်းဇော်မြင့်(အနီ)နှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ အောင်ဟိန်းစွမ်း(အပြာ)တို့ ယှဉ်ပြိုင် ခဲ့ရာ အောင်သန်းဇော်မြင့်(အနီ)ကလည်းကောင်း၊ အမျိုးသမီး ၅၄ ကီလိုပြိုင်ပွဲတွင် ကရင် ပြည်နယ်အသင်းမှ နန်းနွဲ့နွဲ့နှောင်(အနီ)နှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ သဉ္စာမင်း (အပြာ) တို့ယှဉ်ပြိုင်ခဲ့ရာ နန်းနွဲ့နွဲ့နှောင်(အနီ)ကလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ ထက်ထက်ဝေ (အနီ)နှင့် ကယားပြည်နယ်အသင်းမှ ကော်ရက်တီ(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ ကော်ရက်တီ (အပြာ)က လည်းကောင်းအသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။

ဩဂုတ်လ ၁၆ ရက်နေ့ ရိုးရာလက်ဝှေ့ပြိုင်ပွဲကွာတားဖိုင်နယ် ပွဲစဉ်များအဖြစ် အမျိုးသား ၅၁ ကီလိုလူသစ်တန်း ပြိုင်ပွဲ ၊ အမျိုးသား ၅၄ ကီလို လူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၅၇ ကီလို လူသစ်တန်း ပြိုင်ပွဲ၊ အမျိုးသား ၅၇ ကီလို(ဂ အဆင့်) ပြိုင်ပွဲများကို ဆက်လက် ယှဉ်ပြိုင်သွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။