အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

ရန်ကုန် ၊ ဩဂုတ် ၁၇

မျိုးဆက်သစ်ရိုးရာလက်ဝှေ့အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့အားကစား အဆင့်အတန်း ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှကြီးမှူး၍ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူရိုးရာလက်ဝှေ့ အားကစားရုံ၌ ဆက်လက် ကျင်းပခဲ့သည်။

ယနေ့ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် အမျိုးသား ၆၃.၅ကီလိုလူသစ်တန်း ပြိုင်ပွဲ ၊ အမျိုးသား ၆၇ ကီလို လူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၅၁ ကီလို (ဂ အဆင့်) ပြိုင်ပွဲ၊ အမျိုးသား ၅၄ ကီလို(ဂ အဆင့်) ပြိုင်ပွဲ၊ အမျိုးသား ၆၇ ကီလို (ဂအဆင့်)ပြိုင်ပွဲ၊ အမျိုးသမီး ၅၁ ကီလို ပြိုင်ပွဲ၊ အမျိုးသမီး ၅၇ ကီလိုပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့သည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်ရိုးရာလက်ဝှေ့ပြိုင်ပွဲအကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ်အမျိုးသား ၆၃.၅ ကီလိုလူသစ်တန်းပြိုင်ပွဲတွင်မန္တလေးတိုင်းဒေသကြီးအသင်းမှကောင်းခန့်ဇော်(အနီ)နှင့် ရန်ကုန်တိုင်း ဒေသကြီးအသင်းမှ မင်းခန့်ဇော်(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ ကောင်းခန့်ဇော်(အနီ) က လည်းကောင်း၊ မွန်ပြည်နယ်အသင်းမှ စရဲမြင့်အေး(အနီ)နှင့် ပဲခူးတိုင်းဒေသကြီးအသင်းမှ လွင်ကိုကိုထက် (အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ လွင်ကိုကိုထက်(အပြာ) ကလည်းကောင်း၊ အမျိုးသား ၆၇ ကီလို လူသစ်တန်းပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအသင်းမှ အောင်ကောင်းမြတ်(အနီ)နှင့် မွန်ပြည်နယ်အသင်းမှ စောသိန်းဇော်မြင့် (အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ အောင်ကောင်းမြတ်(အနီ) ကလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်း မှ ထက်ပိုင်စိုး(အနီ)နှင့် ကရင်ပြည်နယ်အသင်းမှ စောအောင်ချစ်ကြည်(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ စောအောင်ချစ်ကြည် (အပြာ) ကလည်းကောင်း၊ အမျိုးသား ၅၁ ကီလို (ဂ အဆင့်) ပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းမှ ဟန်ထူးဇော် (အနီ)နှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ စိုးမိုးလွင် (အပြာ)တို့ယှဉ်ပြိုင်ခဲ့ရာ ဟန်ထူးဇော် (အနီ)က လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ ကောင်းခန့်ကျော်(အနီ)နှင့်ကရင်ပြည်နယ်အသင်းမှမင်းသစ္စာ(အပြာ)တို့ယှဉ်ပြိုင်ခဲ့ရာ မင်းသစ္စာ (အပြာ) ကလည်းကောင်း၊ အမျိုးသား ၅၄ ကီလို(ဂ အဆင့်)ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ အောင်ကျော်‌ကျော်(အနီ)နှင့်မွန်ပြည်နယ်အသင်းမှပြည့်စုံဖြိုး(အပြာ)တို့ယှဉ်ပြိုင်ခဲ့ရာ အောင်ကျော်‌ကျော် (အနီ) ကလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ အံ့ထူးခန့်(အနီ)နှင့် ကရင်ပြည်နယ်အသင်းမှ စောပစော်ဖော(အပြာ)တို့ယှဉ်ပြိုင်ခဲ့ရာ စောပစော်ဖော(အပြာ)ကလည်းကောင်း၊ အမျိုးသား ၆၇ ကီလို (ဂအဆင့်)ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ညိုနိုင်ဝင်း(အနီ)နှင့် မန္တလေးတိုင်း‌ဒေသကြီး အသင်းမှ နန္ဒ(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ ညိုနိုင်ဝင်း(အနီ) ကလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ဟိန်းထက်(အနီ)နှင့် ကရင်ပြည်နယ်အသင်းမှ အောင်သန်းဇော်မြင့်(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ အောင်သန်းဇော်မြင့်(အပြာ) ကလည်းကောင်း၊ အမျိုးသမီး ၅၁ ကီလိုပြိုင်ပွဲတွင် ကရင်ပြည်နယ် အသင်းမှ နန်းခင်နှင်းထက်(အနီ)နှင့် ပဲခူးတိုင်းဒေသကြီးအသင်းမှ ရဝေလှိုင်(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ ရဝေလှိုင်(အပြာ)ကလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ သက်ထားဗိုလ်(အနီ)နှင့် မွန်ပြည်နယ်အသင်းမှ နော်ပွင့်ချောစု(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ သက်ထားဗိုလ်(အနီ) ကလည်းကောင်း၊ အမျိုးသမီး ၅၇ ကီလိုပြိုင်ပွဲတွင် မွန်ပြည်နယ်အသင်းမှ နန်းမြင့်မြင့်အေး(အနီ)နှင့် ကရင်ပြည်နယ် အသင်းမှ နန်းသဉ္စာမိုး(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ နန်းသဉ္စာမိုး(အပြာ)ကလည်းကောင်း၊ ကယားပြည်နယ် အသင်းမှ ပိုင်ပိုင်စံ(အနီ)နှင့် ရှမ်းပြည်နယ်အသင်းမှ ခင်စန္ဒာအောင် (အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ ခင်စန္ဒာအောင် (အပြာ)က လည်းကောင်း အသီးသီးယှဉ်ပြိုင် အနိုင်ရရှိခဲ့ကြသည်။

ဩဂုတ်လ ၁၈ ရက်နေ့ ရိုးရာလက်ဝှေ့ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် အမျိုးသား ၅၁ ကီလိုလူသစ်တန်းပြိုင်ပွဲ ၊ အမျိုးသား ၅၄ ကီလို လူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၅၇ ကီလို လူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၆၀ ကီလိုလူသစ်တန်း ပြိုင်ပွဲ၊ အမျိုးသား ၅၇ ကီလို (ဂအဆင့်)ပြိုင်ပွဲ၊ အမျိုးသား ၆၀ ကီလို (ဂအဆင့်)ပြိုင်ပွဲ၊ အမျိုးသမီး ၅၄ ကီလိုပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင် သွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။