အားကစားရေးရာဝန်ကြီးဌာန

Loading

၂ဝ၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဆက်လက်ကျင်းပ

ရန်ကုန် ၊ ဩဂုတ် ၁၄

မျိုးဆက်သစ်ရိုးရာလက်ဝှေ့အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့အားကစား အဆင့်အတန်း ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ကြီးမှူး၍ တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ယနေ့ နေ့လည်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူရိုးရာလက်ဝှေ့အားကစားရုံ၌ ဆက်လက် ကျင်းပခဲ့သည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား ၆၇ ကီလို လူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၅၁ ကီလို (ဂ အဆင့်)ပြိုင်ပွဲ၊ အမျိုးသား ၆၀ ကီလို (ဂ အဆင့်) ပြိုင်ပွဲ၊ အမျိုးသား ၆၃.၅ ကီလို(ဂ အဆင့်)ပြိုင်ပွဲ၊ အမျိုးသမီး ၄၈ ကီလိုပြိုင်ပွဲ၊ အမျိုးသမီး ၅၁ ကီလိုပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့သည်။

အမျိုးသား ၆၇ ကီလို လူသစ်တန်းပြိုင်ပွဲ ပွဲစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းမှ အောင်လင်းဦး(အနီ)နှင့် မွန်ပြည်နယ်အသင်းမှ စောသိန်းဇော်(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ စောသိန်းဇော် (အပြာ)ကလည်းကောင်း၊ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းမှဝေနိုင်ဦး(အနီ)နှင့် တနင်္သာရီတိုင်း ဒေသကြီးအသင်းမှ ထက်ပိုင်စိုး(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ ထက်ပိုင်စိုး(အပြာ) ကလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ရှိန်းထက်ကျော်(အနီ)နှင့် ကရင်ပြည်နယ်အသင်းမှ အောင်ချစ်ကြည် (အပြာ)တို့ယှဉ်ပြိုင်ခဲ့ရာ အောင်ချစ်ကြည်(အပြာ)ကလည်းကောင်း၊ အမျိုးသား ၅၁ ကီလိုတန်း (ဂအဆင့်)ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ စိုးမိုးလွင်(အနီ)နှင့် ရန်ကုန်တိုင်းဒေသကြီး အသင်းမှ လိန်းဟုန်(အပြာ)တို့ယှဉ်ပြိုင်ခဲ့ရာ စိုးမိုးလွင်(အနီ)ကလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး အသင်းမှ ချမ်းမြေ့နိုင်(အနီ)နှင့် ပဲခူးတိုင်းဒေသကြီးအသင်းမှ ကောင်းခန့်ကျော်(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ ကောင်းခန့်ကျော်(အပြာ)ကလည်းကောင်း၊ ကချင်ပြည်နယ်အသင်းမှ ဆွတ်မျိုးထွယ်(အနီ)နှင့် ကရင်ပြည်နယ် အသင်းမှ မင်းသစ္စာ(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ မင်းသစ္စာ(အပြာ)ကလည်းကောင်း၊ အမျိုးသား ၆ဝ ကီလိုတန်း(ဂအဆင့်)ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ဆန်းလင်းအောင်(အနီ)နှင့် မွန်ပြည်နယ်အသင်းမှ ခခရန်မျိုးဂျက်ခေါင်(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ ခခရန်မျိုးဂျက်ခေါင် (အပြာ) ကလည်းကောင်း၊ ကချင်ပြည်နယ်အသင်းမှ အောင်လင်းဦး(အနီ)နှင့် ရှမ်းပြည်နယ်အသင်းမှ စန်းကိုကို(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ အောင်လင်းဦး(အနီ)ကလည်းကောင်း၊ ကရင်ပြည်နယ်အသင်းမှ စောသန့်ဇင်ဦး(အနီ)နှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ရဲမွန်ကျော်(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ စောသန့်ဇင်ဦး(အနီ) ကလည်းကောင်း၊ အမျိုးသား ၆၃.၅ ကီလို(ဂ အဆင့်)ပြိုင်ပွဲတွင် ကရင်ပြည်နယ် အသင်းမှ သီဟ(အနီ)နှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ထွန်းထွန်းထက်(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ သီဟ(အနီ)က လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းမှ စည်သူအောင်(အနီ)နှင့် ဧရာဝတီတိုင်းဒေသကြီး အသင်းမှ စထက်လင်း(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ စထက်လင်း(အပြာ) ကလည်းကောင်း၊ အမျိုးသမီး ၄၈ ကီလိုပြိုင်ပွဲတွင် ချင်းပြည်နယ်အသင်းမှ ပန်းသဇင်မြင့်(အနီ)နှင့် မန္တလေးတိုင်းဒေသကြီးအသင်းမှ မလောမံ(အပြာ)တို့ယှဉ်ပြိုင်ခဲ့ရာမလောမံ(အပြာ)ကလည်းကောင်း၊ရှမ်းပြည်နယ်အသင်းမှ သဲမြတ်မွန် (အနီ)နှင့် ကရင်ပြည်နယ်အသင်းမှ အေးအေးနွယ်(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ အေးအေးနွယ် (အပြာ)ကလည်းကောင်း၊ အမျိုးသမီး ၅၁ ကီလိုပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းမှ သက်ထားဗိုလ်(အနီ)နှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ နော်အယ်ဆဲဖော(အပြာ) တို့ ယှဉ်ပြိုင်ခဲ့ရာ သက်ထားဗိုလ်(အနီ)ကလည်းကောင်း၊ မွန်ပြည်နယ်အသင်းမှနော်ပွင့်ချောစု(အနီ)နှင့် ကယားပြည်နယ် အသင်းမှ ပိုးပိုးဥ(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ နော်ပွင့်ချောစု(အနီ)ကလည်းကောင်းအသီးသီးယှဉ်ပြိုင် အနိုင်ရရှိခဲ့ကြသည်။

ဩဂုတ်လ ၁၅ ရက်နေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား ၆၀ ကီလိုလူသစ်တန်း (ကွာတားဖိုင်နယ်) ပြိုင်ပွဲ ၊ အမျိုးသား ၆၃.၅ ကီလို လူသစ်တန်း(ကွာတားဖိုင်နယ်)ပြိုင်ပွဲ၊ အမျိုးသား ၅၄ ကီလို (ဂ အဆင့်) (ကွာတားဖိုင်နယ်)ပြိုင်ပွဲ၊ အမျိုးသား ၆၇ ကီလို(ဂ အဆင့်) (ကွာတားဖိုင်နယ်)ပြိုင်ပွဲ၊ အမျိုးသမီး ၅၄ ကီလို(ကွာတားဖိုင်နယ်)ပြိုင်ပွဲကို ဆက်လက် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ရာ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်းနှင့် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလက်ဝှေ့ ပြိုင်ပွဲကို ဩဂုတ်လ ၁၃ ရက်နေ့မှ ၂၀ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူရိုးရာလက်ဝှေ့ အားကစားရုံ၌ ပြိုင်ပွဲကာလ ၈ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။