အားကစားရေးရာဝန်ကြီးဌာန

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ ဩဂုတ် ၁၃ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာ‌စေရန်ရည်ရွယ်၍ “၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူရိုးရာလက်ဝှေ့အားကစားရုံ၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးသစ်လင်းအုန်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးညီညီ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ တင်အောင်လွင်၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဒိုင်လူကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အုပ်ချုပ်/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ […]

၂ဝ၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲ စတင်ကျင်းပ

Loading

၂ဝ၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲ စတင်ကျင်းပ ရန်ကုန် ၊ ဩဂုတ် ၁၃ မျိုးဆက်သစ်ရိုးရာလက်ဝှေ့အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့အားကစား အဆင့်အတန်း ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ကြီးမှူး၍ တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူရိုးရာလက်ဝှေ့အားကစားရုံ၌ ကျင်းပ ခဲ့သည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား ၅၁ ကီလို လူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၅၄ ကီလို လူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၅၇ ကီလို လူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၆၀ ကီလို လူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၅၄ ကီလို […]

SHAN FUTSAL LEAGUE 2026 ကျင်းပပြုလုပ်နိုင်ရေးနှင့် ဖူဆယ်အားကစားရုံ ဖွင့်လှစ်နိုင်ရေးအတွက် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး မြေပြင်ကွင်းဆင်းကြည့်ရှု့စစ်ဆေး

Loading

SHAN FUTSAL LEAGUE 2026 ကျင်းပပြုလုပ်နိုင်ရေးနှင့် ဖူဆယ်အားကစားရုံ ဖွင့်လှစ်နိုင်ရေးအတွက် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး မြေပြင်ကွင်းဆင်းကြည့်ရှု့စစ်ဆေး တောင်ကြီး၊ ဩဂုတ် ၁၃ အားကစားရေးရာဝန်ကြီးဌာန၏ မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားစေရေးအတွက် ရည်မှန်းချက် / မျှော်မှန်းချက်များအတိုင်း လမ်းညွှန်ချက်များကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ပြည်နယ်ဖူဆယ်အားကစားအဆင့်အတန်းပိုမိုတိုးတက်လာစေရေးအတွက် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း သည် ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးစိုးလင်း လိုက်ပါလျက် ၁၂ – ၈ – ၂၀၂၆ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် SHAN FUTSAL LEAGUE 2026 (ပထမအကြိမ်) ကျင်းပပြုလုပ်နိုင်ရေးနှင့် ၂၀၂၅ – ၂၀၂၆ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည့် တောင်ကြီးမြို့နယ် ရွှေညောင်မြို့ ဖူဆယ်အားကစားရုံ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်နိုင်ရေးတို့အတွက် သွားရောက်စစ်ဆေးခဲ့ကြောင်းသိရှိရကာဆက်လက်ပြီး ညွှန်ကြားရေးမှူးနှင့်အဖွဲ့သည်အားကစားလောကပိုမိုတိုးတက်လာစေရေးတို့ကို အလေးထားကာ လုပ်ဆောင်နေချိန်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာ အားကစားရုံအဝင်လမ်းသန့်ရှင်းရေးအား […]

အောင်ပွဲရ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

Loading

အောင်ပွဲရ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ ရန်ကုန် ၊ ဩဂုတ် ၁၃ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၉)ကြိမ်မြောက် ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု(၁)ဆုနှင့် ငွေတံဆိပ်ဆု(၃)ဆု ဆွတ်ခူးပေးနိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအားကစားသမားများအား ဂုဏ်ပြုသည့်အခမ်းအနားကို ယမန်နေ့ ညနေ (၆)နာရီအချိန်တွင် Park Royal Yangon ရှိ Grand Ballroom ၌ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအခမ်းအနားသို့ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဌ ဦးရဲဝင့်ထွဋ်တင်နှင့် ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မိတ်ဖက်ကုမ္ပဏီများ၊ အနုပညာရှင်များ၊ သတင်းမီဒီယာများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်အားပေးခဲ့ကြပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဌ ဦးရဲဝင့်ထွဋ်တင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် ပြိုင်ပွဲအတွက်ကူညီထောက်ပံ့ပေးခဲ့သော အဖွဲ့အစည်းများမှလည်း ဂုဏ်ပြုအားပေးစကားများပြောကြား၍ အောင်ပွဲရ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအားကစားသမားများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး စုစုပေါင်းဂုဏ်ပြုဆုငွေ သိန်း(၅၂၀)ခန့် ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။

(၃၉)ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ISTAF World SEPAKTAKRAW CHAMPIONSHIP ပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်းက ရွှေတံဆိပ် ၁ခု၊ ငွေတံဆိပ် ၃ခု ဆွတ်ခူးရရှိ

Loading

(၃၉)ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ISTAF World SEPAKTAKRAW CHAMPIONSHIP ပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်းက ရွှေတံဆိပ် ၁ခု၊ ငွေတံဆိပ် ၃ခု ဆွတ်ခူးရရှိ

၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းတို့ ဗိုလ်လုပွဲသို့ တက်ရောက်

Loading

၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းတို့ ဗိုလ်လုပွဲသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန် ၊ ဩဂုတ် ၁၂ အားကစားရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်တို့က ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်‌ ရိုးရာလက်ဝှေ့ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀:၀၀)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၄)ထပ်အိပ်ဆောင် စားရိပ်သာခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာတင်အောင်လွင်၊ မြန်မာနိုင်ငံမွေအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးသိန်းသန်းနိုင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်းအုပ်ချုပ်သူများနှင့် နည်းပြများ တက်ရောက်ကြသည်။ ဦးစွာအစည်းအဝေးသို့တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်းအုပ်ချုပ်သူများက အသီးသီးမိတ်ဆက်ပြီးနောက် မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာတင်အောင်လွင်က […]

(၃၉)ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ISTAF WORLD SEPAKTAKRAW CHAMPIONSHIPပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု(၁)ခု၊ ငွေတံဆိပ်ဆု(၃)ခု ဆွတ်ခူးရရှိခဲ့သည့် မြန်မာပိုက်ကျော်ခြင်းအသင်းပြန်လည်ရောက်ရှိ

Loading

(၃၉)ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ISTAF WORLD SEPAKTAKRAW CHAMPIONSHIPပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု(၁)ခု၊ ငွေတံဆိပ်ဆု(၃)ခု ဆွတ်ခူးရရှိခဲ့သည့် မြန်မာပိုက်ကျော်ခြင်းအသင်းပြန်လည်ရောက်ရှိ ရန်ကုန် ၊ ဩဂုတ် ၁၂ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့မှ ၁၁ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၉)ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ISTAF WORLD SEPAKTAKRAW CHAMPIONSHIP ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆု(၁)ခု၊ ငွေတံဆိပ်ဆု(၃)ခု၊ စုစုပေါင်း ဆုတံဆိပ် (၄) ခု ဆွတ်ခူးရရှိခဲ့သည်။ အဆိုပါ ပြိုင်ပွဲကြီးတွင် အရှေ့တောင်အာရှနှင့် အာရှနိုင်ငံများမှ ပိုက်ကျော်ခြင်း အားကစားသမားများ အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်း အဖွဲ့ခေါင်းဆောင် ဦးသန်းလွင် […]