ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အားကစားနှင့် ပညာရေး ပေါင်းစပ်သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည့်သတင်း
![]()
ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အားကစားနှင့် ပညာရေး ပေါင်းစပ်သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည့်သတင်း
၂၀၂၆ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲ ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
![]()
၂၀၂၆ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲ ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ မော်လမြိုင် ၊ ဇွန် ၅ ၂၀၂၆ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် စားပွဲတင်တင်းနစ် ပြိုင်ပွဲ ဖွင့်ပွဲ ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ၂၀၂၆ ခုနှစ် ဇွန်လ ၄ရက်နေ့နှင့် ၅ ရက်နေ့များတွင် မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဖွင့်ပွဲ ၊ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်စားပွဲတင်တင်းနစ် ဆပ်ကော်မတီအဖွဲ့ဝင်များ၊ သူနာပြုသင်တန်းကျောင်း၊ သားဖွားသင်တန်းကျောင်း၊ ပညာရေးဒီဂရီကောလိပ်နှင့် အားကစားဝါသနာရှင်များ […]
အားကစားရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
![]()
အားကစားရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ရန်ကုန်၊ ဇွန် ၅ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၀၈: ၀၀ နာရီအချိန်တွင် ရန်ကုန် တိုင်းဒေသကြီး တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်း အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ရှိ ပြည်ထောင်စု ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ဦးစွာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းသား/ကျောင်းသူများက “ရန်ကုန် အားကစားသိပ္ပံ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ပြီးနောက် အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးသည် အမျိုးသားရေးတာဝန်ကြီးတစ်ရပ်ဖြစ်ပြီး အားကစားအောင်မြင်မှုသည်လည်း နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်၊ လူမျိုးတစ်မျိုး၏ ဂုဏ်သိက္ခာပင်ဖြစ်ပါကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)မှ […]
ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း (၂၁)ကြိမ်မြောက် အာရှနှင့်သမုဒ္ဒရာပိုင်းဆိုင်ရာ ဒေသတွင်း အားကစားကဏ္ဍတားမြစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်ရေးအတွက် အစိုးရပိုင်းဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဒေသတွင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိ
![]()
ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း (၂၁)ကြိမ်မြောက် အာရှနှင့်သမုဒ္ဒရာပိုင်းဆိုင်ရာ ဒေသတွင်း အားကစားကဏ္ဍတားမြစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်ရေးအတွက် အစိုးရပိုင်းဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဒေသတွင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိ ရန်ကုန်၊ ဇွန် ၄ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ မြန်မာနိုင်ငံတားမြစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်းရေးအဖွဲ့အစည်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်သန်းသန်းဌေးတို့နှင့်အတူ ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် ကျင်းပပြုလုပ် ခဲ့သည့် (၂၁)ကြိမ်မြောက် အာရှနှင့်သမုဒ္ဒရာပိုင်းဆိုင်ရာဒေသတွင်း အားကစားကဏ္ဍတားမြစ် ဆေးဝါးသုံးစွဲမှု ဆန့်ကျင်ရေးအတွက် အစိုးရပိုင်းဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဒေသတွင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ယနေ့နေ့လည် (၁၃: ၅၅)နာရီအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့မှ လေယာဉ်အမှတ် (MU – […]
အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီ အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး) ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
![]()
အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီ အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး) ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် မန္တလေး၊ ဇွန် ၄ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ အားကစားနှင့် ကာယပညာသိပ္ပံရှိ ဘော်လီဘောအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ အလှူရှင်များ၊ ဧည့်သည်တော်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)မှ အရာထမ်း၊အမှုထမ်းများ၊ ဆရာ၊ဆရာမများနှင့် သင်တန်းသား၊သင်တန်းသူများ တက်ရောက်ခဲ့ပါသည်။ ဦးစွာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်က အဖွင့်အမှာ စကားပြောကြား၍ […]
အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီမန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများနှင့် Football For School အစီအစဉ်အရ ဘောလုံးအပါအဝင် အခြားသော အားကစားနည်းများ၏ အခြေခံအားကစားသင်တန်း ဖွင့်လှစ်သင်ကြားပို့ချလေ့ကျင့်ပေးနေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး
![]()
အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီမန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများနှင့် Football For School အစီအစဉ်အရ ဘောလုံးအပါအဝင် အခြားသော အားကစားနည်းများ၏ အခြေခံအားကစားသင်တန်း ဖွင့်လှစ်သင်ကြားပို့ချလေ့ကျင့်ပေးနေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇွန် ၄ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီသည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးနှင့်တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများနှင့် Football For School အစီအစဉ်အရ ဘောလုံးအပါအဝင် အခြားသောအားကစားနည်းများ၏ အခြေခံအားကစားသင်တန်း ဖွင့်လှစ်သင်ကြားပို့ချလေ့ကျင့်ပေးနေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်အားကစားကွင်း အတွင်းရှိ Synthetic ပြေးလမ်း၊ ဘောလုံးကွင်း၊ ပွဲကြည့်စင်၊ မိုးလုံလေလုံအားကစားရုံ၊ Gym အားကစား ခန်းမနှင့် ဧည့်ရိပ်သာပြင်ဆင်ထားရှိမှုအခြေအနေတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစား ကွင်း/အားကစားရုံ အစဉ်အမြဲသန့်ရှင်းသာယာလှပစေရေး၊ မြက်ခင်းများစိမ်းလန်းစိုပြည်စေရေး၊ ရေဖြန်းစနစ်များကောင်းမွန်စေရေး၊ […]
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
![]()
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ ဇွန် ၂ မြန်မာ့ဘောလုံးအားကစားအဆင့်အတန်း ပြန်လည်ဦးမော့လာစေရန်၊ မြန်မာ့အားကစား အဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန် နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး အားကစားရေးရာဝန်ကြီးဌာနမှကြီးမှူး၍ သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ် အစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီး နှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်ကို ယနေ့မွန်းလွဲ ၃ နာရီမှစတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် လူငယ်အားကစား လေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးကွင်း(၁)(စက်ဘီးကွင်း)၌လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်ကို လူငယ် အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးကွင်းတွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လွှတ်တော် ဥက္ကဋ္ဌများနှင့် […]
Jakarta International Roller Skating Championships 2026,Indonesiaပြိုင်ပွဲတွင်မြန်မာအသင်း ရွှေတံဆိပ်သုံးခု ၊ ကြေးတံဆိပ်တစ်ခုဆွတ်ခူး ၍ ပြန်လည်ရောက်ရှိကြိုဆို
![]()
Jakarta International Roller Skating Championships 2026,Indonesiaပြိုင်ပွဲတွင်မြန်မာအသင်း ရွှေတံဆိပ်သုံးခု ၊ ကြေးတံဆိပ်တစ်ခုဆွတ်ခူး ၍ ပြန်လည်ရောက်ရှိကြိုဆို ရန်ကုန် ၊ ဇွန် ၃ အင်ဒိုနီးရှားနိုင်ငံ၌ မေလ ၂၉ ရက်မှ ၃၁ ရက်အထိ ကျင်းပသော Jakarta International Roller Skating Championships 2026, Indonesia ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု စကိတ်အားကစားအသင်း ရွှေတံဆိပ်သုံးခု ၊ ကြေးတံဆိပ်တစ်ခုဆွတ်ခူးရရှိခဲ့ ကြောင်းသိရသည်။ အဆိုပါပြိုင်ပွဲတွင် မီတာ၅၀၀ တစ်ဦးချင်းပြိုင်ပွဲတွင် စီနီယာတန်း ၊ အသက် ၁၆နှစ်အောက် ၊အသက် ၁၈နှစ် အောက်တို့တွင် ရွှေတံဆိပ်တစ်ခုစီ ၊ မီတာ ၁၀၀၀၀ relay (လက်ဆင့်ကမ်း) အသင်းလိုက်ကစားရသော event […]
အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ
![]()
အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ မေ ၂၉ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Gold Medal Hall ၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့သည်။ ဦးစွာ အားကစားဆေးဘက်ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦးက မိုးရာသီတွင် ဖြစ်ပွားနိုင်သောရောဂါများ၊ ကူးစက်စေနိုင်သောရောဂါများနှင့် မကူးစက်နိုင်သော နာတာရှည် ရောဂါများအကြောင်းအား ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး ဆွေးနွေး ဟောပြောခဲ့ပြီးနောက် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်အပါး(၃၀)ရွတ်ဆိုရန်အတွက် ဌာနခွဲများအနက်မှ ဌာနခွဲ (၃)ခုအား မဲနှိုက်၍ ရွေးချယ်ခဲ့ရာ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ-(၁)၊ ယှဉ်ပြိုင်ရေးနှင့် […]
Nay Pyi Taw Amateur & Junior Open Championship ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
![]()
Nay Pyi Taw Amateur & Junior Open Championship ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ မေ ၃၁ မျိုးဆက်သစ်ဂေါက်သီးအားကစားသမားများ၏ လက်ရည်အဆင့်အတန်း တိုးတက်လာစေရန်၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အဆင့်မီစွာ ပါဝင်ယှဉ်ပြိုင်နိုင်စေရန်နှင့် ထူးချွန်ထက်မြက်သည့် အားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် Nay Pyi Taw Amateur & Junior Open Championship ဂေါက်သီးရိုက်ပြိုင်ပွဲ တတိယနေ့ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မြို့တော်ဂေါက်ကွင်း၌ ကျင်းပခဲ့ရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးကံမြင့်သန်း၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ အားကစားရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးနှင့်တာဝန်ရှိသူများ၊ […]