အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

ရန်ကုန် ၊ ဩဂုတ် ၁၈

မျိုးဆက်သစ်ရိုးရာလက်ဝှေ့အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့အားကစား အဆင့်အတန်း ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှကြီးမှူး၍ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူရိုးရာလက်ဝှေ့ အားကစားရုံ၌ ဆက်လက် ကျင်းပခဲ့သည်။

ယနေ့ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် အမျိုးသား ၅၁ ကီလိုလူသစ်တန်းပြိုင်ပွဲ ၊ အမျိုးသား ၅၄ ကီလို လူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၅၇ ကီလို လူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၆၀ ကီလိုလူသစ်တန်း ပြိုင်ပွဲ၊ အမျိုးသား ၅၇ ကီလို (ဂအဆင့်)ပြိုင်ပွဲ၊ အမျိုးသား ၆၀ ကီလို (ဂအဆင့်)ပြိုင်ပွဲ၊ အမျိုးသမီး ၅၄ ကီလိုပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့သည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်ရိုးရာလက်ဝှေ့ပြိုင်ပွဲအကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် အမျိုးသား ၅၁ ကီလိုလူသစ်တန်းပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအသင်းမှ မြင့်မြတ်မောင်(အနီ)နှင့် ကချင် ပြည်နယ်အသင်းမှ ဂွမ်ဆန်ဆိုင်းအောင်(အပြာ)တို့ယှဉ်ပြိုင်ခဲ့ရာ မြင့်မြတ်မောင်(အနီ) က လည်းကောင်း၊ မွန်ပြည်နယ်အသင်းမှ ကျော်ကျော်ဌေး(အနီ)နှင့် ကရင်ပြည်နယ်အသင်းမှ ဖိုးသဲ(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ ဖိုးသဲ(အပြာ) ကလည်းကောင်း၊ အမျိုးသား ၅၄ ကီလို လူသစ်တန်းပြိုင်ပွဲတွင် မွန်ပြည်နယ်အသင်းမှ စောချစ်လေး(အနီ)နှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ထက်ရှိုင်လွင်(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ စောချစ်လေး(အနီ) ကလည်းကောင်း၊ ကရင်ပြည်နယ်အသင်း မှ တမ်ဟာရှိန်း(အနီ)နှင့် ရန်ကုန် တိုင်းဒေသကြီးအသင်းမှ လင်းသူရအောင်(အပြာ)တို့ယှဉ်ပြိုင်ခဲ့ရာ တမ်ဟာရှိန်း(အနီ) က လည်းကောင်း၊ အမျိုးသား ၅၇ ကီလို လူသစ်တန်းပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် အသင်းမှ ထူးမြတ်လင်း (အနီ)နှင့် ပဲခူးတိုင်းဒေသကြီးအသင်းမှ ဝေယံမင်းသူ (အပြာ)တို့ယှဉ်ပြိုင်ခဲ့ရာ ဝေယံမင်းသူ (အပြာ) က လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ရန်မျိုးအောင် (အနီ)နှင့်ကရင်ပြည်နယ်အသင်းမှ အောင်ထက်ကို(အပြာ)တို့ယှဉ်ပြိုင်ခဲ့ရာ အောင်ထက်ကို(အပြာ) ကလည်းကောင်း၊ အမျိုးသား ၆၀ ကီလို လူသစ်တန်းပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်းမှ လှိုင်မျိုးထွန်း (အနီ)နှင့်မွန်ပြည်နယ်အသင်းမှ လွင်စံထူး(အပြာ)တို့ယှဉ်ပြိုင်ခဲ့ရာ လွင်စံထူး(အပြာ) ကလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ သန်းလင်းအောင်(အနီ)နှင့် ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းမှ သန်းဇော်ဦး(အပြာ)တို့ယှဉ်ပြိုင်ခဲ့ရာ သန်းလင်းအောင်(အနီ)ကလည်းကောင်း၊ အမျိုးသား ၅၇ ကီလို (ဂအဆင့်)ပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး အသင်းမှ ကျော်စိုးသန်း(အနီ)နှင့် မန္တလေးတိုင်း‌ဒေသကြီး အသင်းမှ ချမ်းမျိုးထက်(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ ကျော်စိုးသန်း(အနီ) ကလည်းကောင်း၊ ချင်း ပြည်နယ်အသင်းမှ ဟာဂေဟုန်း(အနီ)နှင့်ကရင်ပြည်နယ်အသင်းမှစောစိုးဒို့(အပြာ)တို့ယှဉ်ပြိုင်ခဲ့ရာ ဟာဂေဟုန်း(အနီ)ကလည်းကောင်း၊ အမျိုးသား ၆၀ ကီလို (ဂအဆင့်)ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အသင်းမှ ဝေလှိုင်ဖြိုး (အနီ)နှင့် မွန်ပြည်နယ်အသင်းမှ ခခရန်မျိုးဂျက်ခေါင်(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ ဝေလှိုင်ဖြိုး (အနီ)ကလည်းကောင်း၊ ကချင်ပြည်နယ်အသင်းမှ အောင်လင်းဦး(အနီ)နှင့် ကရင်ပြည်နယ် အသင်းမှ စောသန့်ဇင်ဦး(အပြာ) တို့ယှဉ်ပြိုင်ခဲ့ရာ စောသန့်ဇင်ဦး(အပြာ)ကလည်းကောင်း၊ အမျိုးသမီး ၅၄ ကီလိုပြိုင်ပွဲတွင် မွန်ပြည်နယ် အသင်းမှ ခတ္တာပန်း(အနီ)နှင့် ပဲခူးတိုင်းဒေသကြီးအသင်းမှ သွယ်ဇင်ယွန်း(အပြာ)တို့ယှဉ်ပြိုင်ခဲ့ရာ ခတ္တာပန်း(အနီ)ကလည်းကောင်း၊ ကရင်ပြည်နယ် အသင်းမှ နန်းနွဲ့နွဲ့နှောင်း(အနီ)နှင့် ကယားပြည်နယ်အသင်းမှ ကော်ရက်တီ(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ နန်းနွဲ့နွဲ့နှောင်း(အနီ)ကလည်းကောင်း အသီးသီးယှဉ်ပြိုင် အနိုင်ရရှိခဲ့ကြသည်။

ဩဂုတ်လ ၁၉ ရက်နေ့တွင် ပြိုင်ပွဲ(၁)ရက် နားမည်ဖြစ်ပြီး သြဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းမှစတင်၍ သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ တိုင်းဒေသကြီးနှင့်ပြည်နယ်ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များအဖြစ် အမျိုးသား ၅၁ ကီလို လူသစ်တန်း၊အမျိုးသား ၅၄ ကီလို လူသစ်တန်း၊ အမျိုးသား ၅၇ ကီလိုလူသစ်တန်း၊ အမျိုးသား ၆၀ ကီလို လူသစ်တန်း၊ အမျိုးသား ၆၃.၅ ကီလိုလူသစ်တန်း၊ အမျိုးသား ၆၇ ကီလို လူသစ်တန်း၊ အမျိုးသား ၅၁ ကီလို(ဂ အဆင့်)၊ အမျိုးသား ၅၄ ကီလို (ဂ အဆင့်)၊ အမျိုးသား ၅၇ ကီလို(ဂ အဆင့်)၊ အမျိုးသား ၆၀ ကီလို(ဂ အဆင့်)၊ အမျိုးသား ၆၃.၅ ကီလို (ဂ အဆင့်)၊ အမျိုးသား ၆၇ ကီလို (ဂအဆင့်)၊ အမျိုးသမီး ၄၈ ကီလို ၊ အမျိုးသမီး ၅၁ ကီလို ၊ အမျိုးသမီး ၅၄ ကီလို ၊ အမျိုးသမီး ၅၇ ကီလို ပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပသွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုနိုင်ကြောင်းသိရသည်။