အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

(၈)ကြိမ်မြောက်အာဆီယံ အားကစားဆိုင်ရာဝန်ကြီးများအစည်းအဝေးနှင့် (၁၆)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတက်ရောက်ရန် ပြည်ပ ထွက်ခွာ

Loading

(၈)ကြိမ်မြောက်အာဆီယံ အားကစားဆိုင်ရာဝန်ကြီးများအစည်းအဝေးနှင့် (၁၆)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတက်ရောက်ရန် ပြည်ပ ထွက်ခွာ ရန်ကုန်၊ အောက်တိုဘာလ(၁၂)ရက်။ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၁၂)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၈)ကြိမ်မြောက်အာဆီယံ အားကစားဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့် (၁၆)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး တက်ရောက်ရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး ဦးဆောင်သည့်အဖွဲ့ဝင်(၁)ဦး တို့သည် ယနေ့ ညနေ (၁၆ : ၃၅) နာရီအချိန် တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာန မှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူတို့က လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြောင်းသိရှိရသည်။

အား/ကာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် လှေလှော်/တိုက်ကွမ်ဒိုကစားနည်းများ လေ့ကျင့်နေမှုများ ကြည့်ရှုခြင်းနှင့်အားကစားပညာဘာသာရပ် သင်ကြားရေးအဖွဲ့ Board of Studies(၁/၂၀၂၅) အစည်းအဝေးသို့ တက်ရောက်

Loading

အား/ကာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် လှေလှော်/တိုက်ကွမ်ဒိုကစားနည်းများ လေ့ကျင့်နေမှုများ ကြည့်ရှုခြင်းနှင့်အားကစားပညာဘာသာရပ် သင်ကြားရေးအဖွဲ့ Board of Studies(၁/၂၀၂၅) အစည်းအဝေးသို့ တက်ရောက် ရန်ကုန်၊ အောက်တိုဘာလ ၁၁ ရက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့အင်းယားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ ရောက်ရှိပြီး (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ရန်ကုန်မြို့တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင် လှေလှော်အားကစားသမားများ၏ လေ့ကျင့်နေမှုများနှင့် ရရှိသည့် စံချိန်၊ စံနှုန်းများကို ကြည့်ရှုအား‌ပေးခဲ့ပြီးနောက် အုပ်ချုပ်၊ နည်းပြများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ လာမည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများကို ဆွတ်ခူးရယူနိုင်ပြီး အမိမြန်မာနိုင်ငံတော်၏အလံကို အခြားနိုင်ငံ၏ တိုင်ထိပ်တွင် လွှင့်ထူနိုင်ရမည်ဆိုသည့် ပြည်ထောင်စုဝန်ကြီး၏ မျှော်လင့်ချက်၊ လမ်းညွှန်မှာကြားချက်များအတိုင်း ပိုမိုကြိုးစားလေ့ကျင့်သွားကြရန်လိုကြောင်း၊ ယခုကတည်းကစပြီး မဆုတ်မနှစ်သည့် ဇွဲ၊ စိတ်ဓာတ်တို့ဖြင့် […]

Football For Schools အစီအစဉ်ဆိုင်ရာ သဘောတူနားလည်မှုစာချုပ် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကျင်းပ

Loading

Football For Schools အစီအစဉ်ဆိုင်ရာ သဘောတူနားလည်မှုစာချုပ် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကျင်းပ နေပြည်တော်၊ အောက်တိုဘာ ၈ Football For Schools အစီအစဉ်ဆိုင်ရာ သဘောတူနားလည်မှုစာချုပ် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဇမ္မူသီရိမြို့နယ် Hotel Max ၌ ကျင်းပခဲ့ရာ ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်တာဝန်ရှိသူများ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။ ဦးစွာ Football For Schools Program နှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား/ကျောင်းသူ များအနေဖြင့် ကျောင်းစာတစ်ခုတည်းတွင်သာ နစ်မျှောမနေဘဲ အားကစားလေ့လာလိုက်စား နိုင်စေရန်နှင့် […]

ပီတန်းအားကစားသမားများအား လက်ရည်စစ်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

Loading

ပီတန်းအားကစားသမားများအား လက်ရည်စစ်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ နေပြည်တော်၊ အောက်တိုဘာ ၁ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပီတန်းအားကစားနည်းမှ ပဏာမလက်ရွေးစင် အားကစားသမားများနှင့် လူငယ်အားကစားသမားများအား လက်ရည်စစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ပီတန်းလေ့ကျင့်ရေးကွင်း၌ ကျင်းပခဲ့သည်။ ယနေ့ပီတန်းပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး Shooting ပြိုင်ပွဲ တစ်ဦးချင်း (Single) ပြိုင်ပွဲ၊ Mixed Triple နှင့် Mixed Douple လက်ရည်စစ်ပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ Shooting ပြိုင်ပွဲတွင် သတ်မှတ်ရမှတ်ရရှိခဲ့သည့် ခင်ချယ်ရီသက်ကို အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးကလည်းကောင်း၊ Mixed Team ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် Mixed […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ စက်တင်ဘာ ၃၀ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကို ယနေ့ည‌နေပိုင်းတွင် နေပြည်တော်၊ အားကစား လေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Gold Medal Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများ ၏ အခက်အခဲများနှင့် တင်ပြချက်များကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်အတွက် ယခုတွေ့ဆုံပွဲ အခမ်းအနားအား ကျင်းပပေးခြင်းဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် ရောဂါဖြစ်ပွားပါက ကုသခြင်းထက် ကာကွယ်ခြင်းက ပို၍ထိရောက်စေမည်ဖြစ်သည့်အတွက် ကျန်းမာရေးအသိပညာများ ရရှိစေရန်နှင့် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်တစ်ခုဖြစ်ပြီး ဝန်ထမ်းများအား တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရန်အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေ၊နည်းဥပဒေ၊ ဝန်ထမ်းစည်းမျဉ်း/ စည်းကမ်းများ နှင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များကို ပိုမိုသိရှိနားလည်ပြီး […]

အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်၍အောင်မြင်မှုများ ရရှိစေရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံ

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်၍အောင်မြင်မှုများ ရရှိစေရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံ ရန်ကုန်၊စက်တင်ဘာလ (၂၃)ရက် အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြား‌ရေးမှူးချုပ် ဦးကျော်ဦး ၊ ယှဉ်ပြိုင်ရေး နှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ တာမွေမြို့နယ် ကျိုက္ကဆံမြားပစ်ကွင်းရှိ ပဏာမလက်ရွေးစင် မြားပစ်အားကစားသမားများ လေ့ကျင့်နေမှုများ အားလည်းကောင်း၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ ပဏာမလက်ရွေးစင် ဘိလိယက်နှင့်စနူကာအားကစားသမားများ လေ့ကျင့်နေမှုများအားလည်းကောင်း ၊ လူငယ်အားကစား လေ့ကျင့်ရေးစခန်းရှိ တိုက်ကွမ်ဒိုအားကစားရုံ၌ ပဏာမလက်ရွေးစင်တိုက်ကွမ်ဒိုအားကစားသမားများ လေ့ကျင့်နေမှုအားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အုပ်ချုပ်သူ/နည်းပြများအား လိုအပ်ချက်များကို မှာကြားခဲ့ပါသည်။ ဆက်လက်၍ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်၍ အောင်မြင်မှုများရရှိစေရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေး ကို ယနေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ရန်ကုန်မြို့၊ […]

အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ရန်ကုန်မြို့ရှိ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့ချုပ်များအားကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ရန်ကုန်မြို့ရှိ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့ချုပ်များအားကြည့်ရှုစစ်ဆေး ရန်ကုန်၊ စက်တင်ဘာလ ၂၂ ရက် အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြား‌ရေးမှူးချုပ် ဦးကျော်ဦး ၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အင်းယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ရောက်ရှိရာ ပဏာမလက်ရွေးစင်‌ လှေလှော်အားကစားသမားများ စံချိန်ယူ လေ့ကျင့်နေမှုများ ၊ လက်ရွေးစင်အားကစားသမားများအား တစ်နေ့ ၆ကြိမ် နေ့စဉ်အလိုက် ကျွေးမွေးသည့် ကိစ္စရပ်များ ၊ စားရိပ်သာသန့်ရှင်းသပ်ရပ်စွာထားရှိမှု အခြေအနေ ၊ ချက်ပြုတ်ပြင်ဆင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး နည်းပြ/အုပ်ချုပ်သူများကို လိုအပ်ချက်များမှာကြားခဲ့သည် ။ ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် အောင်ဆန်းကွင်းသို့ရောက်ရှိရာ စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ပဏာမမြန်မာ့လက်ရွေးစင်‌‌ ဘော်လီ‌ဘောအမျိုးသား/အမျိုးသမီးများအား လေ့ကျင့်နေမှုများကြည့်ရှူအားပေး၍ စားရိပ်သာ၌ ချက်ပြုတ်သည့် menu နှင့် […]

စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားသမားများအား ဆန်ကာတင်ကာရာအိုကေသီချင်းဆိုပြိုင်ပွဲ ကျင်းပ

Loading

စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားသမားများအား ဆန်ကာတင်ကာရာအိုကေသီချင်းဆိုပြိုင်ပွဲ ကျင်းပ နေပြည်တော်၊ စက်တင်ဘာ ၂၁ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိရာ အားကစားအဖွဲ့များ စိတ်အ‌ပြောင်းအလဲဖြစ်‌စေရန်နှင့် စိတ်ကြည်လင်အပန်း‌ပြေစေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများအား ကာရာအိုကေသီချင်းဆိုပြိုင်ပွဲအတွက် အပြီးသတ် လူရွေးချယ်ခြင်းနှင့် ဆုပေးပွဲအခမ်းအနားကို ကျင်းပသွားမည်ဖြစ်၍ ဆန်ကာတင်ရွေးချယ်ထားသူများအား ထပ်မံအကဲဖြတ်ရွေးချယ်ခြင်း ကာရာအိုကေသီချင်းဆိုပြိုင်ပွဲကို ယနေ့နံနက်ပိုင်းနှင့် ည‌နေပိုင်းတို့တွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဘက်စုံသုံးခန်းမ (Multipurpose Hall)နှင့် ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းရှိ ပြည်ထောင်စုခန်းမတို့၌ ကျင်းပခဲ့ရာ ဆန်ကာတင်ရွေးချယ်ခံရသည့် အားကစားနည်းအလိုက် အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများက ပျော်ပျော်ပါးပါးဖြင့် အသီးသီး သီဆိုယှဉ်ပြိုင်ခဲ့ကြသည်။ နေပြည်တော်နှင့် […]

အမျိုးသမီးငယ်ရွယ်လုပ်ငန်းကော်မတီ၊ အမျိုးသမီးငယ်ရွယ်များနှင့် လူငယ်များအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

Loading

အမျိုးသမီးငယ်ရွယ်လုပ်ငန်းကော်မတီ၊ အမျိုးသမီးငယ်ရွယ်များနှင့် လူငယ်များအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ နေပြည်တော်၊ စက်တင်ဘာ ၁၈ အမျိုးသမီးငယ်ရွယ်များလုပ်ငန်းကော်မတီ၊ အမျိုးသမီးငယ်ရွယ်များနှင့် လူငယ်များအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Gold Medal Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ အမျိုးသမီးငယ်ရွယ်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးက အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) (၂၀၂၃-၂၀၃၂)ပါ လုပ်ငန်းကော်မတီ(၁၂)ရပ်အနက် အမျိုးသမီးငယ်ရွယ်လုပ်ငန်းကော်မတီ ကို လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ဝန်ကြီးဌာန အသီးသီးမှ ညွှန်ကြားရေးမှူးအဆင့်ရှိ တာဝန်ရှိသူကော်မတီဝင် (၂၂)ဦးဖြင့် ဖွဲ့စည်းထားရှိပြီး ဖြစ်ပါကြောင်း၊ အမျိုးသမီးငယ်ရွယ်များ၏ လုံခြုံရေး၊ ဘဝမြှင့်တင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ ကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ ကျင်းပ နေပြည်တော်၊ စက်တင်ဘာ ၄ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း/အမှုထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp) Cluster-4 ရှိ စားရိပ်သာ၌ ကျင်းပခဲ့ရာ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် ဦးကျော်စိုးမိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းသော်အေး၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ ဝန်ထမ်းများက အသီသီးတင်ပြခဲ့ကြပြီးနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် စည်းမျဉ်း/စည်းကမ်းများကို လေးစားလိုက်နာကြရန်လိုကြောင်း၊ အခမ်းအနားနှင့်အစည်းအဝေးများ မစတင်မီ ကြိုတင်လာရောက်နေရာယူထားကြရန်လိုကြောင်း၊ ရုံးလုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် တာဝန်ရှိသူများက အဆင့်ဆင့် စိစစ်ကြပ်မတ်၍ မိမိဝန်ထမ်းများ စည်းမျဉ်း/စည်းကမ်းများကို နားလည်ပြီး လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့သည်။ […]