အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ မော်လမြိုင်၊ သြဂုတ်လ(၇)ရက်။ ၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ်စိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို သြဂုတ်လ(၇)ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ ကျင်းပရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ပိုက်ကျော်ခြင်း အမျိုးသား(၃)ယောက်တွဲ မော်လမြိုင်မြို့နယ်နှင့် မုဒုံမြို့နယ်တို့ ယှဉ်ပြိုင်ကစားနေမှုများကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသား/အမျိုးသမီး(၂)ယောက်တွဲနှင့်(၃)ယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုနှင့် တတိယဆုရရှိသူများအား ပြည်နယ် […]

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Loading

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ဘားအံ၊ ဩဂုတ် (၄)။ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားအား ၄.၈၂၀၂၃ ၊ မွန်းလွဲ (၁၅:၀၀)နာရီအချိန်တွင် ဘားအံမြို့၊ (လှာကမြင်)ဇွဲကပင်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးနှင့်ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြပါသည်။ ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကြက်ခြေနီတပ်ဖွဲ့ဂုဏ်ပြုငွေအား ကရင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုးနိုင်မှလည်းကောင်း၊ဆက်လက်၍ အားကစားနည်းအလိုက် ဆုရအားကစားသမားများအား ဆုချီးမြှင့်ကြရာ အမျိုးသမီး မီတာ (၁၀၀) ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော ကစားသမားများအား လည်ဆွဲနှင့်ချီးမြှင့်ငွေများကို ပြေးခုန်ပစ်ဆပ်ကော်မတီဝင် ဒေါ်ကြည်ကြည်ဦးမှလည်ကောင်း၊ အမျိုးသမီး မီတာ (၄၀၀) ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော […]

အားကစားနှင့်လူငယ်ရေးရာ ဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနားကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာ ဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနားကျင်းပ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အားကစားနှင့်လူငယ်ရေးရာ ဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်(၉:၀၀)နာရီအချိန်တွင် ရာဇဂြိုလ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျင်းပခဲ့ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သန်း ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဆွေဦး၊ လူငယ်ရေးရာဦးစီးဌာန ရန်ကုန်တိုင်းတာဝန်ခံ ဦးအေးချိုတူး အရှေ့ပိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲကျော်သူ၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးစည်သူဇော်၊ နည်းပြ ဦးမောင်မောင်ခင်တို့ တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ အရှေ့ပိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဦးရဲကျော်သူမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီ မြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်မှ အမှာစကား‌ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီးလူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးအေးချိုတူး နှင့် […]

မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

Loading

မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ မော်လမြိုင် သြဂုတ်လ(၃)ရက်။ ၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ်အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီးပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို သြဂုတ်(၃)ရက်နေ့ နံနက် (၉းဝဝ) နာရီအချိန် မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများမှ ကွင်းအတွင်းနေရာယူ၍ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ မွန်ပြည်နယ်တစ်ခုလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်လျက် ကဏ္ဍပေါင်းစုံ တွန်းအားပေးပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိရာ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှု၊ ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ၏ အနီးကပ်ကြီးကြပ်မှု အားကစားနည်းအလိုက် ဆပ်ကော်မတီဝင်များ၏ တက်ကြွစွာပူးပေါင်းလုပ်ဆောင်မှု၊ စေတနာရှင်၊ အလှူရှင်များ၏ ထောက်ပံ့ကူညီမှုများနှင့် […]

ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိခဲ့သော ရှမ်းပြည်နယ်ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

Loading

ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိခဲ့သော ရှမ်းပြည်နယ်ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ တောင်ကြီး၊ ဩဂုတ်လ(၂)ရက်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ယှဉ်ပြိုင်ခဲ့သည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိခဲ့သည့် ရှမ်းပြည်နယ်ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ဩဂုတ် ၂ ရက် ညနေ ၃ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ဂုဏ်ပြုချီးမြှင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ် ဖူဆယ်ဘောလုံးအသင်း အောင်မြင်မှု အသီးအပွင့်ခံစားလာရသည်မှာ ရှမ်းပြည်နယ်အတွင်း ဖူဆယ်အားကစားကွင်းများ များပြားလာခြင်း၊ ပြိုင်ပွဲများစွာ ကျင်းပပေးနိုင်ခြင်း၊ အားကစားသမားများနှင့် နည်းပြများမှ အားသွင်ခွန်စိုက် အရည်အချင်းများကို ကြိုးစားဖော်ထုတ်ပြသ ကစားနိုင်ခဲ့သောကြောင့် ရှမ်းပြည်နယ်ဖူဆယ်သမိုင်းတွင် ပထမဆုံး တံခွန်စိုက်ဒိုင်း ရရှိခဲ့ခြင်းဖြစ်ပါကြောင်း၊ ဖူဆယ်အားကစားနည်းသည် အခြားအားကစားနည်းများလို ကိုယ်ခန္ဓာကြီးထွားမှုနှင့် အရပ်အမောင်းမြင့်မားမှုတို့ အဓိကမကျဘဲ သွက်လက်ဖျတ်လက်မှု၊ […]

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲတွင်အောင်ပွဲရ ရှမ်းပြည်နယ် ဖူဆယ်(အမျိုးသား/အမျိုးသမီး) အသင်းအားကြိုဆို

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဖူဆယ်ပြိုင်ပွဲတွင် အောင်ပွဲရ ရှမ်းပြည်နယ် ဖူဆယ်(အမျိုးသား/အမျိုးသမီး) အသင်းအားကြိုဆို တောင်ကြီး၊ ဇူလိုင်လ(၁)ရက်။ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲတွင် အမျိုးသားပြိုင်ပွဲဝင် အသင်း(၁၅)သင်း၊ အမျိုးသမီးပြိုင်ပွဲဝင်အသင်း(၁၁)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီးနောက် ရှမ်းပြည်နယ်မှ အမျိုးသမီး ပထမ၊ အမျိုးသား ဒုတိယဆုဆုရရှိသဖြင့် သြဂုတ်လ(၁)ရက်နေ့၊ နေ့လည် (၁၄:၀၀) အချိန်တွင် ပြည်နယ်ရုံးရှေ့၌ ကြိုဆိုဂုဏ်ပြုခဲ့ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲကို ဇူလိုင်(၂၄)ရက်နေ့မှ စတင်၍ ဇူလိုင်(၃၁)ရက်နေ့ထိ အမျိုးသား ပြိုင်ပွဲဝင် အသင်း(၁၅)သင်း၊ အမျိုးသမီး ပြိုင်ပွဲဝင်အသင်း (၁၁)သင်းဖြင့် ကျင်းပခဲ့ရာ ရှမ်းပြည်နယ် အမျိုးသမီးဖူဆယ်အသင်းက ဗိုလ်လုပွဲတွင် ပဲခူးတိုင်းဒေသကြီးဖူဆယ်အမျိုးသမီးအသင်းကို (၆) ဂိုး၊ (၂) ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိ ဗိုလ်စွဲခဲ့ပြီး၊ ရှမ်းပြည်နယ် […]

၂၀၂၃ ခုနှစ်၊ မိုးရာသီ အပျော်တမ်း မျိုးဆက်သစ် ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ မိုးရာသီ အပျော်တမ်း မျိုးဆက်သစ် ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ တောင်ကြီး၊ ဇူလိုင် (၂၃)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ရှမ်းပြည်နယ် ဘတ်စကက်ဘောဆပ်ကော်မတီနှင့် မိဘဆရာအသင်းတို့ပူးပေါင်းကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ မိုးရာသီ အပျော်တမ်း မျိုးဆက်သစ်လူငယ်များ အသက်(၁၂)နှစ်အောက်နှင့် အသက်(၁၈)နှစ်အောက် 3 x 3 ဘတ်စကက်ဘောပြိုင်ပွဲအား (၂၂.၇.၂၀၂၃)ရက်နေ့မှ (၂၃.၇.၂၀၂၃) ရက်နေ့ထိ ပြည်နယ်မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းအဲမာ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဘတ်စကက်ဘောအားကစားဝါသနာရှင်များတက်ရောက်ခဲ့ကြပါသည်။ ဆက်လက်ပြီးပြိုင်ပွဲကျင်းပပေးရခြင်းရည်ရွယ်ချက်မှာ ရှမ်းပြည်နယ်ဘတ်စကက်ဘောအားကစားနည်းဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးဆက်သစ်အားကစားသမားများထွက်ပေါ်လာစေရန်၊ လူငယ်လူရွယ်များ လမ်းမှားသို့မရောက်ရှိစေရေးနှင့် အားကစားပြုလုပ်ခြင်းဖြင့်နိုင်ငံ့ဂုဏ်ဆောင်နိုင်စေရေး၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးတို့ကိုရှေးရှု၍ ရည်ရွယ်ကျင်းပပေးရခြင်းဖြစ်ပါကြောင်းတို့ကို ပြိုင်ပွဲကျင်းပရေး တာဝန်ခံမှပြောကြားသွားပါသည်။ ဆက်လက်ပြီးဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ ညနေ […]

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ကာယဗလမောင်၊ ကာယကြံ့ခိုင်မှုနှင့် ကာယအလှမယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

Loading

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလားကာယဗလမောင်၊ ကာယကြံ့ခိုင်မှုနှင့် ကာယအလှမယ်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ တောင်ကြီး၊ ဇူလိုင်လ(၁၈)ရက်။ ၂၀၂၃ခုနှစ်ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်ဝန်ကြီးချုပ်ဖလား ကာယဗလမောင်၊ ကာယကြံ့ခိုင်မှုနှင့်ကာယအလှမယ်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကိုဇူလိုင်(၁၈)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။ ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက “ ကာယပြည့်ဖြိုးပြည့်အကျိုး” ဟူသောဆောင်ပုဒ်အတိုင်း ကိုယ်ကာယဖွံ့ဖြိုးသန်မာမှ တိုင်းပြည်အကျိုးအတွက် ထမ်းဆောင်ကူညီနိုင်မည်ဖြစ်သောကြောင့် ရှမ်းပြည်နယ်အတွင်းမှ လူငယ်များ ကျန်းမာကြံ့ခိုင်လာစေရန် ကိုယ်ကာယအချိုးအစား ညီညွှတ်ပြေပြစ်လာစေရန်၊ အမျိုးသားများသာမက အမျိုးသမီးများကာယ၊ ညာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ အထွေထွေကျန်းမာရေးကောင်းမွန်လာစေရန်နှင့် ကာယဗလမောင်နှင့်ကာယအလှမယ်များပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး ပြည်နယ်အဆင့်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပြီးပြည်နယ်အဆင့်ပြိုင်ပွဲမှထူးချွန်သည့်အားကစားသမားများရွေးချယ်ပြီးရန်ကုန်မြို့တွင်ကျင်းပပြုလုပ်မည့်ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲသို့ သွားရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ ကာယအလှမယ်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသော အားကစားသမားများအား ငွေသားဆု ချီးမြှင့်ခြင်း၊ ကာယအလှမယ်ပြိုင်ပွဲတွင် ဆဋ္ဌမမှ ဒသမဆုရရှိသူများ၊ စတုတ္ထနှင့် ပဉ္စမဆုရရှိသူများ၊ တတိယနှင့် ဒုတိယဆု ရရှိသူများကို ဆုတံဆိပ်နှင့်‌ ငွေသားဆုများ ချီးမြှင့်ပေးကြပြီး ပထမဆုရရှိသူများကို […]

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနား တက်ရောက်အမှာစကားပြောကြား

Loading

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနား တက်ရောက်အမှာစကားပြောကြား နေပြည်တော်၊ ဇူလိုင် (၁၈)။ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတကြွယ်ဝစေရန် ရည်ရွယ်၍ နေပြည်တော်လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ် အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ နေပြည်တော်လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီရိနွယ်၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့လူငယ်တွေဟာ နောင်တစ်ချိန်တွင် တိုင်းပြည်တာဝန်ကို ပုခုံးပြောင်းတာဝန်ယူထမ်းဆောင်ကြမဲ့ သူတွေပဲဖြစ်ပါကြောင်း၊ လက်ရှိနိုင်ငံတော်တိုးတက်ဖွံ့ဖြိုးဖို့ ယခုထက် အဆင့်မြင့်ပြီး နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ဖို့ဆိုရင် ယနေ့အခမ်းအနားကို တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူ လူငယ်များ […]

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများလှူဒါန်းပွဲ” အခမ်းအနားကျင်းပ

Loading

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများလှူဒါန်းပွဲ” အခမ်းအနားကျင်းပ ရန်ကုန်၊ ဇူလိုင်(၁၃)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော “လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများလှူဒါန်းပွဲ” အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ဗဟန်းမြို့နယ် အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်း၌ ယနေ့ နံနက်(၁၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ လူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူးက လူငယ်ရေးရာအသိပညာပေဟောပြော၍လည်းကောင်း ၊ မြန်မာ့အားကစား လက်ရွေးစင်ဟောင်း ဒေါ်မာမာမင်းမှ လူငယ်များ အားကစားကိုငယ်စဉ်ကတည်းက နေ့စဉ်ဆောင်ရွက်တက်လာစေရန် ဟောပြောပို့ချ၍ လည်းကောင်း ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနောက်ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာမိုးမှ “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားမှူး ဒေါ်အောင်မာဝင်းက “လူငယ်နှင့် ခေါင်းဆောင်မှု” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောပို့ချခဲ့ပါသည်။ ဆက်လက်၍ ဝူရှူး ၊ ရိုးရာခြင်းလုံးနှင့် Fitness Dance သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ရန်ကုန်တိုင်းဒေသကြီး […]