အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့်ဉာဏ်စမ်းပဟေဠိမေးမြန်းခြင်း အခမ်းအနားကျင်းပ

တပ်ကုန်း၊ နိုဝင်ဘာလ(၁၇)ရက်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ၊ မြဝတီရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီမှ ကျင်းပပြုလုပ်သည့် လူငယ်ရေးရာအသိပညာပေး ဟော ပြောခြင်းနှင့်ဉာဏ်စမ်းပဟေဠိမေးမြန်းခြင်း အခမ်းအနားကို နိုဝင်ဘာ ၁၇ရက် နံနက် ၁၀နာရီက အဆိုပါကျောင်း၊ ပြည်သာနိုင်ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုး၊ နေပြည်တော်လူငယ်ရေးရာတာဝန်ခံဒုတိယညွှန်ကြားရေးမှူး ဦးကြည်စိုးလင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဗိုလ်မှူးဝင်းထွဋ်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရဦး၊ ခေတ္တမြို့နယ်ပညာရေးမှူး၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးတင်မောင်ထွန်းနှင့်ဆရာ၊ ဆရာမများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ စာရေးဆရာမ ဒေါ်ခင်လေး(ပြည်ထောင်စုနယ်မြေ)နှင့်ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၃၀၀)ဦး တက်ရောက်ခဲ့သည်။

ထိုဟောပြောပွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် စာရေးဆရာမ ခင်လေး(ပြည်ထောင်စုနယ် မြေ)က လူငယ်နှင့်စိတ်ဓာတ်ခွန်အား ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး၊ ဉာဏ်စမ်းပဟေဠိမေးခွန်းများ မေးမြန်း၍ ဉာဏ်စမ်းပဟေဠိမေးခွန်းများဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုးနှင့်တာဝန်ရှိသူများက ဆုလက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများအား ကျောင်းအုပ်ဆရာကြီးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသစာအုပ်များနှကလေ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ ကလေးများအတွက် အသိပညာပေးနံရံကပ် စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြောင်း သိရသည်။